Thursday, November 13, 2008

ကိုယ့်အ၀တ်ကိုယ် ချုပ်ဝတ်ပါတော့မည်။

သားလေးမွေးပြီးကတည်းက ဘယ်လိုက ဘယ်လိုဝလာတယ်မသိ ၀ိတ်က ပေါင်၂၀လောက်တက်လာပါတယ်။ ဒီကိုယ်ခန်ဓာကြီးမှာ အရင်တုန်းက အ၀တ်အစားတွေ ဘယ်လိုမှ ၀တ်လို့မရတော့ပါ..။ ဆိုတော့ အကျီ င်္ အသစ်တွေ အပ်ရပါတယ်။ ဆိုင်ရောက်တုန်းတော့ ကတ်တလောက်လေးတွေ ကြည့်ရင်း (ဈေးဝယ်ထွက်ဖို့လဲ ပျင်းတာနဲ့) သူ့ဆီက အစတွေနဲ့ ပဲ ပြန်အပ်ခဲ့တာ ၈ စုံစြဖ်သွားတယ်။ အရင်ချုပ်ဖူးနေကျဆိုင်ဆိုတော့ ဈေးတွေလဲ မေးမနေတော့ဘူးပေါ့။ နောက် စလုံးကသူငယ်ချင်းတစ်ယောက် လာရင်း အကျီ င်္အပ်ဦးမယ်ဆိုတော့ အဲသည်ဆိုင်ကိုရောက်တယ်။ သူနဲ့ကိုယ်ကလဲ အကျင့်ကခပ်ဆင်ဆင်ဆိုတော့ ဈေးတွေမမေးခဲ့ဘူးပေါ့။ သူက ပြန်မယ့်ရက်ကပ်နေတော့ သူ့ဟာလေးတွေ အရင်လုပ်ပေးလိုက်ပါဆိုပြီး သွားခါနီး ဒရိုင်ဘာကို သွားရွေးခိုင်းလိုက်သတဲ့။ ချုပ်ခတွေချည်းပဲ ၉သောင်းကျော်ရှင်းခဲ့ရတယ်ဆိုပြီး ကိုယ့်ဆီ ဖုန်းလှမ်းဆက်တယ်။ အမလေး အကျိုးတော့နည်းပြီ..။ ငါက ၈စုံတောင် အပ်ထားတာဟဲ့.. မြန်မြန်ဘရိတ်အုပ်ခိုင်းမှ ဖြစ်မယ် လို့..
စကတ်တစ်ထည် ချုပ်ခ ၁၀၀၀၀ ယူပါတယ်။ ဘလောက်စ် တစ်ထည်ချုပ်ခ ၈ထောင်ပါ။ ဂါဝန်တစ်ထည် ချုပ်ခ ၂သောင်းခွဲယူပါတယ်။..

စက်ချုပ်အခြေခံသင်ထားပေမယ့် အပျင်းပြေလောက်ပဲ ချုပ်နေပြီး ကောင်းကောင်းမလိုက်စားခဲ့လို့.. ခုလို သူများကို ပိုက်ဆံပေးနေရတာ... အဟင့်..။
နောက်ဆို ကိုယ့်ဟာကိုယ်ပဲ ချုပ်ဝတ်တော့မယ်။

Monday, November 10, 2008

ကုသိုလ်ကံ

ညကယောက်ျားနဲ့ ဒင်နာလိုက်သွားပါတယ်။ အဲသည်မှာ လက်ပ်တော့ ၄ လုံးမဲဖောက်တယ်။
ကိုယ်တစ်လုံးမှ မပေါက်ပါဘူး . .. (ဟီး)
ဒါပေမယ့် ပေါက်မဲနံပါတ် ၄ လုံးထဲက ၃ လုံးက ကိုယ်မဲနဲ့ ပွတ်ကာသီကာတွေ ချည်းပဲ။
ကိုယ့်မဲက ၁၉၉
ပေါက်သွားတာက ၁၉၆ (ဘယ်လောက်နဲစပ်သလဲနော်..)
နောက်တစ်မဲက ၀၉၉၊ နောက်တစ်မဲကတော့ သူ့ထက်နီးစပ်တာမရှိတော့ဘူး ၂၀၀ တဲ့တော်..။

အဲလိုပါပဲလေ.. ဘ၀မှာ အလကားရဖို့ကံက ပါကိုမလာဘူး။
လူတိုင်းကံထူးနိုင်တဲ့ ဗလာမပါ ကံစမ်းမဲဆိုရင်တောင် အညံ့ဆုံးဆုဟာ ကိုယ်ရမယ့်ဆုဆိုတာ သေချာသလောက်ပဲ။

လက်ဆောင်လဲကြတာမျိုးဆိုရင်တော့ .. မပြောချင်ပါဘူး။ ဒါပေမယ့် ပြောရဥိးမယ်။

၂၀၀၄ ဒီဇင်ဘာတုန်းကပေါ့။ အဲသည်တုန်းက ကိုယ် က WHO မှာလုပ်နေတယ်။
နယူးယီးယားပါတီပေါ့။ ၀န်ထမ်းအားလုံး လက်ဆောင်တွေ ထည့်ကြတယ်။ ပြီး ပြန်မဲဖောက်ကြတယ်။ တစ်ချို့ဆို ကိုယ်က တော်ရုံတန်ရုံလေး ထည့်ပေမယ့်.. လက်ဆောင်ကောင်းကောင်းတွေ ပြန်ပေါက်ကြတယ်။
ကိုယ်လား... ဟွန်း.. မပြောချင်ပါဘူး။ ယုံမလားတော့မသိဘူး။ ကိုယ့်မဲကိုယ် ပြန်ပေါက်တယ်လေ..။
စံပါယ်ဖြူက ၀ယ်တဲ့ ၇၀၀၀ တန် စားပွဲတင် သစ်ပင်ပုလေး။

အဲလို..
အဲလို...

သူငယ်ချင်းများ နှင့် စကားစမြည် ၃

သည်တစ်ခါကတော့ အဝေးရောက်သူငယ်ချင်း မိန်းကလေးတစ်ယောက်နဲ့ ဂျူးရဲ့ စာတွေ ပြောင်းလဲလာတာနဲ့ မိန်းမဘ၀အကြောင်း ပြောဖြစ်တယ်။ သူက၃၀ ကျော် စင်ဂဲလ်၊ ကိုယ်က ၃၀ကျော် (ဒက်ဗယ်လ် တော့မဟုတ်ဘူး..။ ခွိ) အိမ်ထောင်သည်၊ နောက်ပြီးကလေးအမေ။ သူ့ကို ကိုယ်က နောက်လေ့ရှိပါတယ်။ ငါက နင့်ထက် ၂ ၀ါ ကြီးတယ်နော်။ အိမ်ထောင်သည် ဖြစ်ရတာက တစ်ဝါ၊ ကလေးအမေဖြစ်တာက ၁ ၀ါ၊ လေးလေးစားစား ဆက်ဆံလို့..။ မကြာမီအိမ်ထောင် ပြုတော့မယ့် သူငယ်ချင်းစုံတွဲကိုကြည့်ရင်း သူ့အတွေးကို သူကပြောပါတယ်။

သူငယ်ချင်း ။ ငါဖြင့် သူတို့ကိုကြည့်ပြီး အိမ်ထောင်ဆိုတာကြီး ပြုဖို့ မလွယ်မှန်း၊ လူတစ်ယောက်ကို သည်းခံနိုင်ဖို့ ဆိုတာ တော်ရုံချစ်ရုံနဲ့ မရမှန်း သိတယ်။ အချစ်အပြင် ဦးနှောက်ကောပါပဲ.. တဲ့။
၃၀ကျော်ပြီး အချစ်ရေး . အိမ်ထောင်ရေးတွေကို သိပ်စိတ်ဝင်စားပုံမရတော့တဲ့သူငယ်ချင်းပါ။ သူငယ်ချင်း အသိုင်းအ၀ိုင်းမှာတောင် အတော်ညှိရနှိုင်းရခက်ပြီး တချို့ကိစ်စတွေမှာ နားလည်မှုရဖို့ အခက်ခဲဆုံးတစ်ယောက်ပါပဲ။ သူ့အတွက် တော့ အလျှော့အတင်းတွေနဲ့ အနုပညာမြောက်စွာ တည်ဆောက်ရတဲ့.. အိမ်ထောင်ရေးဆိုတာထဲကို ၀င်ဖို့ ဘယ်လိုမှ စိတ်ရှည်သည်းခံနိုင်မယ့် သူမျိုးမဟုတ်ပါဘူး။ အဲ.. ပရဟိတ ကိစ်စတွေမှာတော့ သူက တက်ကြွနေတတ်သူပဲ။ မိဘမဲ့ကလေးတွေကိစ်စပေါ့။ ကိုယ်တို့ သူငယ်ချင်းတွေ စုပြီး အဲသလို ဂေဟာတွေကို ကူညီပံ့ပိုးတဲ့ ပရဟိတလေးတွေ လုပ်ဖြစ်ခဲ့ကြတဲ့ အချိန်တွေတုန်းကဆို ကိုယ်ရေးကိုယ်တာကိစ်စနဲ့များ တိုက်နေခဲ့ရင် အဲသည်ပရဟိတအလုပ်ကိုသာ အမြဲ ဦးစားပေးလေ့ရှိတဲ့သူပါ။ လတ်တလော ထွက်ထားတဲ့ဂျူး ၀တ်ထုထဲက အိတ်ခ်ျအိုင်ဗွီကလေးတွေ စောင့်ရှောက်တဲ့ဂေဟာလေးကလည်း ကိုယ်တို့အဖွဲ့နဲ့ မကင်းခဲ့သလို အဲသည်ထဲက တိုးတိုးလေးကို သွားထားတဲ့ ၀ိသာခါကျောင်းကလဲ.. ကိုယ်တို့အဖွဲ့ရောက်ခဲ့တဲ့ကျောင်းပါပဲ။ သတိတရ သူ့ကိုမေးဖြစ်တယ်။
ကိုယ် ။ ဂျူးဝတ်ထုဖတ်ပြီးပြီလား။ အဲဒါနဲ့ပတ်သတ်လို့ ဝေဖန်ထားတဲ့ဟာတွေရော ဖတ်ဖြစ်လား (ဘလော့ဂ်အချို့ကိုရည်ညွှန်း)
သူငယ်ချင်း၊ အေး.. ဖတ်ဖြစ်တယ်။
ကိုယ်။ ငါတို့လို အသက်အရွယ်မှ နင်အိမ်ထောင် မပြုဖြစ်တော့ရင် ဂျူးလိုဖြစ်သွားနိုင်တယ်။ ဂျူးလည်း ချစ်တာ၊မေတာတွေ၊ ယောက်ျားမိန်းမကိစ်စတွေ၊ ရင်ဘတ်နဲ့ခံစားတာတွေ ဘာတွေ မရတော့ဘူးထင်တယ်ဟ။ သူမရေးနိုင်တော့ဘူး.။ (မရေးချင်လို့..မရေးတာဖြစ်ဦးတော့.. အဲသလို ရေးချင်စိတ်မရှိတော့တာကိုပဲ မရေးနိုင်တော့ဘူး လို့ကိုယ်ကယူဆပါတယ်။) သူအာရုံရတဲ့ဟာကိုပဲ လုပ်တော့တယ်။
ငါဆိုလဲပြောမယ့်သာ ပြောရတာ အရင်ကလို နင့်နင့်နဲနဲတွေ သိပ်မရှိတော့ဘူး။ မရှိရဘူး မပြောဘူးပေါ့ဟာ.. အရွယ်ကစကားပြောလာတာလည်းပါတယ်။ အတွေ့အကြုံကစကားပြောလာတာလည်းပါတာပေါ့။
သူငယ်ချင်း။ အသက်ကြီးလာတော့ဟယ်.. it’s not big deal ဆိုတာတွေ များလာပြီး ဘာက big deal မှန်းလည်း သေချာမသိတော့ပါဘူး။
ကိုယ်။ အဲဒါပေါ့ .. ဘာက big deal မှန်းမသိတော့တဲ့အခါကျတော့ စာဝတ်နေရေးအတွက်ကလည်း မပူရတော့ ဘေးက ကိစ်စတွေကို ပိုစိတ်ဝင်စားလာတာပေါ့။ သူကတော့ တာဝန်ယူချင်စိတ်ပေါ့။ ကိုယ့်အတွက် ဘာကမှ သိပ် big deal မဟုတ်တော့တဲ့အခါကျတော့ ဘေးကဟာတွေကို တာဝန်ယူချင်လာတာမျိုးပေါ့။
သူငယ်ချင်း ။ အေးပေါ့လေ.. လူဆိုတာ စိတ်ဝင်စားစရာလေး တစ်ခုရှိနေမှ ဟ။ ငါတို့လိုဟာတွေပေါ့။ အထူးသဖြင့်..။ အဲဒါတွေက အသက်ကြီးလာတဲ့အပြင် အိမ်ထောင် သားသမီးဆိုတာတွေလည်း မရှိတော့ .. ကိုယ့်ပတ်ဝန်းကျင်ပဲဖြစ်သွားတယ် ထင်ပါရဲ့….။
ကိုယ်။ မရှိတာကတော့ ကိုယ့်ရွေးချယ်မှုပဲပေါ့။
သူငယ်ချင်း။ ငါကတော့ ကြောက်တာပါ။ ငါနဲ့ ဖြစ်နိုင်ဖို့ကမလွယ်ဘူး။

သည်လိုပဲ ဟိုရောက်သည်ရောက်ပြောဖြစ်တာလေးပေါ့။

Sunday, November 9, 2008

ဟင်းခွက် ၄၀၀ ကိစ်စ

သိပံမောင်ဝ ၀တ်ထုတိုပေါင်းချုပ်ထဲက ကောက်နုတ်ထားတာပါ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြုံးဖို့ကောင်းတဲ့ အတွေးလေေးတွပါ။


တစ်ခုသောညတွင် အခန်းသား ၅ ယောက် စာကြည့်စားပွဲတွင် ၀ိုင်းကာ စာကြည့်ရ်ျနေကြလေသည်။ တိတ်လျက်နေ၏။ ၁၀ မိနစ်ခန့်ကြာသောအခါ ၄င်းအငြင်းဆရာကိုလှသော်က လှမ်းတဲ့ရ်ျ အိုင်ဆေး..ကိုလူအေး၊ ခင်ဗျား မြန်မာရာဇ၀င် တော်တော်ခေါက်မိပလား ဟုမေးလိုက်၏။

မောင်လူအေး။ ။ ဘာလုပ်မလို့လဲ (ခပ်ဆဆဖြေ)

ကျန်သုံးယောက်ကားစာဖတ်မြဲပင်။

ကိုလှသော်။ ။ မေးစရာလေးတစ်ခုရှိလိုကပေါ့ (ရယ်လျက်)

မောင်လူအေး။ ဘာမေးချင်လဲ

ကိုလှသော်။ ရာဇ၀င်ထဲမရှင်းတာကလေးမေးမလို့ပါဗျာ။ ခင်ဗျားက မြန်မာရာဇ၀င်ယူတာကိုး။

မောင်လူအေး။ ဘာအကြောင်းမေးမလို့လဲ

ကိုလှသော်။ ပွဲတော်တစ်ခါတည်ရင် ဟင်းခွက် လေးရာပါတဲ့ မင်းအကြောင်းမေးမလို့။ နရသီဟပတေ့ဆိုလား။ နရသူဆိုလား၊ တရုတ်ပြေးဆိုလားဗျာ ။ မေ့တောင်နေပြီ။

မောင်လူအေး။ ဟင်းခွက်လေးရာပါတာ ဘာဖြစ်သလဲ။ စားတာပေါ့ (ဆက်လက်မပြောချင်သောလေနှင့်)

ကိုလှသော်။ ယုံစရာရှိရဲ့လားဗျာ။ ကျွန်တော်ဖြင့်မယုံပေါင်။

မောင်လူအေး။ ခင်ဗျား မယုံတာ ကျွန်တော်ဘာတတ်နိုင်မလဲ။ ကျောက်စာများမှာတောင် အထင်အရှား အဆိုသားကပဲ။

ကိုလှသော်။ အင်း-ကျောက်စာကဆိုရင် ဟုတ်ချင်ဟုတ်မှာ။ နို့ . နေပါဦး။ ဒီဟင်းထည့်တဲ့ ပန်းကန်တွေဟာ ဘယ်ကလောက်ကြီးမလဲဗျာ။

မောင်လူအေး။ ခင်ဗျားမို့ ရှာရှာဖွေဖွေ မေးပလေဗျာ။ ကျွန်တော်တို့ ဟင်းထည့်စားတဲ့ ပန်းကန်တွေလောက်ရှိတော့မပေါ့။ ရာဇ၀င်မှာ မဆိုဘူး။ အဲဒါဘာဖြစ်သလဲ။

ကိုလှသော်။ ဒါဖြင့် ဟင်းခွက်လေးရာထားလိုက်ရင် ကျွန်တော်တို့ အခန်းထက်တောင် ကျယ်အုံးမှာပေါ့။


မောင်လူအေး။ ကျယ်မှာပေါ့။ နန်းတော်မှာ နေရာအကျယ်သားကပဲ။ ခင်ဗျားက ပုဂံလက်ထက်က ရှင်ဘုရင်တွေရဲ့ နန်းတော်တွေဟာ ကျွန်တော်တို့ အခန်းလောက် မကျယ်ဘူးဆိုချင်သလား။


ကိုလှသော်။ မဆိုချင်ပါဘူးဗျာ။ နန်းတော်တွေ ကြီးကျယ်တာကိုတော့ အသိသားပေါ့။ တစ်ဖက်စွန်းမှာထားတဲ့ ဟင်းခွက်ကို ထိုင်ရာကနေပြီး လှမ်းနှိုက်နိုင်မယ် မဟုတ်ဘူးပေါ့နော်။

မောင်လူအေး။ ခင်ဗျားတစ်ယောက်လဲ ကတ်သီးကပ်သတ်၊ ရှင်ဘုရင်ကြီးတစ်ပါးလုံးပဲဗျာ။ သူ့အနားမှာ ခစားနေကြတဲ့ စားတော်ကဲတို့ ဘာတို့ကို လိုချင်တဲ့ဟင်း အယူခိုင်းတော့မပေါ့။

ကိုလှသော်။ အင်း-ဟုတ်ပေသားပဲ။ ဒီလိုဖြင့် ထမင်းစားရတာ ဘာစည်းစိမ်ရှိမှာတုန်း။ တစ်ခုစားချင်တောင်း။ တစ်ခုလိုချင်တောင်းနဲ့။ ထမင်းစားရတယ်လဲ မရှိတော့ဘူး။ နို့-နေပါအုံး။ ဘာဟင်းတွေဘာတယ်ဆိုတာ သူအကုန် သိပါ့မလား

မောင်လူအေး။ သိမှာပေါ့။ မသိရင်ကော-သူ့စားတော်ကဲတွေကို ဟင်းစားရင်း အဖတ်ခိုင်းမှာပေါ့ဗျာ။ ခင်ဗျားတစ်ယောက်လဲ မဆိုင်တာတွေချည်း မေးနေတော့တယ်။

ကိုလှသော်။ ဖတ်ခိုင်းတယ်ပဲထားလိုက်ပါအုံးဗျာ။ ဟင်းခွက်လေးရာဆိုတာ နည်းတာမဟုတ်ဘူးဗျ။ ဘယ်ုလိဖြစ်ဖြစ် (၁၅)မိနစ်လောက်တော့ ဖတ်ရမယ်။

မောင်လူအေး။ ၁၅မိနစ်ဟာ ဘာကြာလို့လဲ။ ခင်ဗျားတစ်ယောက်လဲ ရှာရှာဖွေဖွေ

ကိုလှသော်။ မကြာဘူးပဲထားလိုက်ပါဦး။ ဟင်းစာရင်းကို ဖတ်လို့ တစ်ရာလောက်ရတော့ လက်ဦးကဖတ်လာတဲ့ဟင်းကော ဘာရယ်လို့ မှတ်မိပါဦးမလား။

မောင်လူအေး။ ခင်ဗျားတစ်ယောက်လဲ သိပ်ကပ်နေတော့တာပဲ။ ခင်ဗျားနဲ့ စကားပြောရတာ အင်မတန် စာကျက်ပျက်တယ်ဗျာ။

ကိုလှသော်။ စိတ်မတိုပါနဲ့ဆရာရယ်။ သိချင်လို့မေးတာပါ။ ဒီအမေးကို မဖြေချင်လနြေပါတော့။ နို့-ဒီရှင်ဘုရင်အတွက် ချက်တဲ့ဟင်းတွေဟာ ပဲတွေကို အမျိုးမျိုးလုပ်ထားထင်ပါရဲ့ဗျာ။

မောင်လူအေး။ ခင်ဗျားတစ်ယောက်လဲ ဂွကျရာမကော…။ ထင်တာတွေလျှောက်ပြောနေတော့တာပဲ။

ကိုလှသော်။ ကျွန်တော်က အမှန်ပြောတာ။ အညာမှာ ပဲ အပြင်ဘာရှိလို့တုန်းဗျ။ အညာသာစံပဲ လို့တောင်ခေါ်ကြသေးတာပဲ။

မောင်လူအေး။ မဆိုင်ပါဘူး။ အညာသားတွေကြားရင် ခင်ဗျားကို သတ်လိမ့်မယ်။ ခင်ဗျားရာဇ၀င်ကိုလဲ မသင်ဖူးဘဲနဲ့ ထင်ရာတွေကို မကြဲနေစမ်းပါနဲ့။

ကိုလှသော်။ ကျွန်တော်က ရာဇ၀င်ကို မသင်ဖူးပေမယ့် သိသမျှကလေးကို ကျကျနန သိချင်သဗျ။

မောင်လူအေး။ ဟိုတုန်းက ပုဂံပြည်ကြီး ကြက်ပျံမကျစည်ကားတယ်ဆိုတာ မကြားဖူးဘူးလား။

ကိုလှသော်။ ကြားဖူးသားပေါ့။

မောင်လူအေး။ ကြားဖူးရင် ပုဂံပြည်ကြီးဟာ တရုတ်ပြည်၊ ယိုးဒယား၊ ရှမ်းပြည် များနဲ့ ဆက်သွယ်နေတယ်ဆိုတာကော ယုံရဲ့လား။

ကိုလှသော်။ ယုံသားပေါ့။

မောင်လူအေး။ ဒါဖြင့် ကောင်းပြီ။ ပုဂံပြည်ကြီးဟာ တရုတ်ပြည်နဲ့ ဆက်သွယ်နေလို့ ခေါက်ဆွဲတို့၊ ကော်ပြန့်ကြော်တို့၊ ဂဏန်းပေါင်းတို့၊ ၀က်အူချောင်းတို့လဲ ရှိသဗျ။ ပုဂံဈေးမှာ တရုတ်ဆိုင်တွေ မှ မနည်းပါဘူး။ ပုဂံ-တရုတ်တန်း ရယ်လို့တောင် ရှိသေးတယ်။ ကုလားးပြည်နဲ့ ဆက်သွယ်နေလို့ ချပါတီတို့။ ပူရီတို့။ မီထိုင်တို့ ဆိုတာတွေရှိသဗျ။ ရှမ်းပြည်နဲ့ ဆက်သွယ်နေလို့ ပဲပုတ်တို့၊ ဘာတို့လဲ ရှိသဗျ။ ပုဂံရှမ်းပွဲရပ်တောင် ရှိသေးတယ်။ အဲဒီနေရာဟာ အခု ဧရာဝတီမြစ်ထဲပါသွားပြီ။ မွန်များနဲ့ ဆက်သွယ်နေလို့ ငါးပိတို့၊ ငါးခြောက်တို့။ ငံပြာရည်တို့။ ပုစွန်ဆီတို့။ လိပ်ဥ၊ ဖွတ်ဥတို့ ရှိသဗျ။ အခုမြင်းကပါအရပ်မှာပေါ့ဗျာ။ အနောက်နီုင်ငံများနဲ့ ဆက်သွယ်နေလို့လဲ မုန့်သေတာ တို့ ငါးသေတာတို့ ၀က်ပေါင်ခြောက်တို့ ရှိသဗျ။ ကိုင်း--ဘာဆိုချင်သေးသလဲ။

ကိုလှသော်။ ဘာမှ မပြောလိုတော့ပါဘူးဗျာ။ ဓာတ်မီးလဲ ငြိမ်းတော့မယ်။ ၁၁နာရီလဲ ထိုးပြီ။ အိပ်ကြပါစို့။