အမှီအခိုကင်းခြင်းကို အရင်က အရမ်းလိုလား တန်ဖိုးထားခဲ့ဖူးတယ်..။
ကိုယ်က ဘယ်သူ့ကိုမှ အားမကိုးချင်ခဲ့ဘူး..။
တစုံတယောက်ကို အားကိုးရမှ ဖြစ်မယ့် ကိစ္စမျိုးလည်း သိပ်ကြီး မကြုံခဲ့သေး တာလည်း ဖြစ်မှာပေါ့...။ အခက်အခဲကြုံလာရင် ကိုယ်ပဲ အမြဲ ကိုယ့်အတွက် ကိုယ် ရပ်တည်ရ ဖြေရှင်းရ..။ အလုပ်ထဲမှာလည်း အလားတူ...။ ကိုယ့်ဦးနှောက်ဟာ အဖြေထုတ်ရမှုတွေနဲ့ အမြဲပင်ပန်းလို့...။
ကိုယ့်ကိစ္စအပြင် သူများ ကိစ္စ အခက်အခဲတွေလည်း ဦးဆောင် စဉ်းစား ဖြေရှင်းပေးဖို့ အလိုလို .. ရှေ့ရောက်နေတတ်သူ ကိုယ်...။
ကိုယ် စိတ်ဓာတ်ကျ နေတဲ့အချိန်.. ခက်ခဲပင်ပန်းနေတဲ့အချိန်မျိုးမှာ.. ပြသနာတစ်ခုကို တစုံတယောက်က ဦးဆောင် ဖြေရှင်း ပေးတာမျိုး ကြုံရတဲ့ အခါ.. စိတ်သက်သာ သွားမှု နဲ့.. ပူပန်မှု ပြေလျော့သွားရတာမျိုးကို ခံစားဖူးမှ အားကိုးမှီခို ခြင်း ရဲ့ သက်သောင့်သက်သာရှိမှုကို ပထမဆုံး ခံစားသိရှိ၇တယ်..။ ကိုယ်ကအမြဲ ပေးသူ ဖြစ်ခဲ့ပြီး.. ပထမဆုံး ခံယူသူဘက်က ခံစားဖူးတဲ့အခါ..အဲဒါဟာ နှစ်လိုစရာကောင်းသလို.. ကြောက်စရာလည်း ကောင်းတယ်.. ဆိုတာ သိလိုက်ရတယ်.... ။ တပါးသူအပေါ် မှီခိုလိုခြင်း ဟာ အကျင့်ဆိုးတစ်ခုပဲ မဟုတ်လာ..။
Monday, March 12, 2007
အမီအခိုကင်းခြင်း
Posted by
Maw
at
6:48 AM
0
comments
Labels: တွေးမိတွေးရာလေးများ
Thursday, March 8, 2007
Happy Women's Day
အလုပ်ထဲမှာ ခေါင်းမြုပ်နေရတာ အတော်ကြာခဲ့ပေါ့...။
ရုံးမှာပဲ.. ည ၉နာရီ ၁၀ နာရီကျော်သွားတတ်တဲ့ ညတွေလည်း များပြီ..။
အလုပ်တွေက ရှေ့ကပြေးနေပြီး ကိုယ်က ဘယ်လိုမှ လိုက်လို့ မမီတော့သလို ဖြစ်နေရတယ်..။
ဒီနေ့meeting တစ်ခုက အပြန် ကားမှန်မှာ ပေါ်နေတဲ့ ကိုယ့်ရုပ်ကိုယ်လှမ်းကြည့်မိတော့.. ဘာမှ လိမ်းမထား နိုင်တာကြာပြီ ဖြစ်တဲ့ ကိုယ့်မျက်နှာဟာ ပြောင်တလင်းခါလို့.. ဖြစ်သလို စုစည်းထားတဲ့ ဆံပင်တွေက ဖရိုဖရဲ... . ။ ငုံ့ကြည့်မိပြ န်တော့.. လက်သည်းတွေက ရှည်နေပြီ.. ခြေသည်းဆိုးထားတာတွေက ကွက်ကျားလို့..။ ရှူးပိတ် စီးတဲ့ ရက်တွေမှာ မသိသာပေမယ့်. .ခုလို ပူအိုက်တဲ့ရာသီမှာ ကွင်းထိုးစီးထားပြီး မပြုပြင်ထားရတဲ့ ခြေသည်းတွေ အတော်ရုပ်ဆိုးနေတာ မြင်တော့.. ကိုယ့်ကိုယ်ကို ပစ်ထားမိတာ ကြာပြီ ဆိုတာ သတိရမိတယ်..။ အရင်လို ဆိုင်သွားပြီး မသနိုင်တာ ကြာပေါ့.. ဖွာနေတဲ့ ခေါင်းကဆံပင်တွေဟာ. ဆိုင်က မိန်းကလေးတွေရဲ့ ကျွမ်းကျင်တဲ့ လက်များနဲ့ သန့်စင်ပေါင်းတင်ပေးတာ မခံရတာ အတော်ကြာပေါ့..။
ထားပါတော့ လေ.. အလုပ်တွေ ရှုပ်ရတဲ့ ကိစ်စ။
အဲသလို ဖြစ်ချင်တိုင်းဖြစ်နေရတဲ့ကိုယ်ဟာ.. မနက်က ရုံးကိုရောက်တော့.. နှင်းဆီပန်း ၀ါဝါ တစ်ပွင့် ရတဲ့ အကြောင်း ပြောမလို့..။
အထင်တော် မကြီးလိုက်ကြပါနဲ့ ဦးနော်..။
Staff Association က ပို့ပေးတဲ့. နှင်းဆီဝါကလေး.. တွဲထားတဲ့ စက္ကူကဒ်လေးမှာ.. happy women's day... တဲ့..။ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးတစ်ယောက်ကို ဂုဏ်ပြုပေးအပ်တဲ့ လက်ဆောင်.. ပေါ့..။
နှင်းဆီဖူးဝါ၀ါ ကလေး ကို ကိုင်ရင်း ရင်ထဲမှာ အတော်ကလေး ကျေနပ်သွားတယ်..။ မိန်းမတစ်ယောက် ဖြစ်ရတာ .. နောက်ပြီး သည်လို အလုပ်တွေ လုပ်နေနိုင်တာ... လူ့ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် အတွက်အပြင် အခြားလူများ အတွက် အသုံးကျတဲ့ လူတစ်ယောက် အဖြစ် ရပ်တည်နေနိုင်တာ.. များ ကို တွေးမိပြီး .. အရမ်းပင်ပန်း နေတဲ့ ကြားက ကျေကျေနပ်နပ် ပြုံးမိပါတယ်..။ ပျော်တယ်ရယ် တော့ မဟုတ်ပေမယ့်.. ပင်ပန်းတာတွေ ခဏလျော့သွား သလို.. မို့.. အင်မတန်ကျေးဇူးတင်စရာကောင်းလှတဲ့ လက်ဆောင်ကလေးပါပဲ..။
http://www.deepestfeelings.com/holidays/womens_day/index.shtml
Posted by
Maw
at
4:58 AM
0
comments
Labels: နေ့ရက်များ