အမှီအခိုကင်းခြင်းကို အရင်က အရမ်းလိုလား တန်ဖိုးထားခဲ့ဖူးတယ်..။
ကိုယ်က ဘယ်သူ့ကိုမှ အားမကိုးချင်ခဲ့ဘူး..။
တစုံတယောက်ကို အားကိုးရမှ ဖြစ်မယ့် ကိစ္စမျိုးလည်း သိပ်ကြီး မကြုံခဲ့သေး တာလည်း ဖြစ်မှာပေါ့...။ အခက်အခဲကြုံလာရင် ကိုယ်ပဲ အမြဲ ကိုယ့်အတွက် ကိုယ် ရပ်တည်ရ ဖြေရှင်းရ..။ အလုပ်ထဲမှာလည်း အလားတူ...။ ကိုယ့်ဦးနှောက်ဟာ အဖြေထုတ်ရမှုတွေနဲ့ အမြဲပင်ပန်းလို့...။
ကိုယ့်ကိစ္စအပြင် သူများ ကိစ္စ အခက်အခဲတွေလည်း ဦးဆောင် စဉ်းစား ဖြေရှင်းပေးဖို့ အလိုလို .. ရှေ့ရောက်နေတတ်သူ ကိုယ်...။
ကိုယ် စိတ်ဓာတ်ကျ နေတဲ့အချိန်.. ခက်ခဲပင်ပန်းနေတဲ့အချိန်မျိုးမှာ.. ပြသနာတစ်ခုကို တစုံတယောက်က ဦးဆောင် ဖြေရှင်း ပေးတာမျိုး ကြုံရတဲ့ အခါ.. စိတ်သက်သာ သွားမှု နဲ့.. ပူပန်မှု ပြေလျော့သွားရတာမျိုးကို ခံစားဖူးမှ အားကိုးမှီခို ခြင်း ရဲ့ သက်သောင့်သက်သာရှိမှုကို ပထမဆုံး ခံစားသိရှိ၇တယ်..။ ကိုယ်ကအမြဲ ပေးသူ ဖြစ်ခဲ့ပြီး.. ပထမဆုံး ခံယူသူဘက်က ခံစားဖူးတဲ့အခါ..အဲဒါဟာ နှစ်လိုစရာကောင်းသလို.. ကြောက်စရာလည်း ကောင်းတယ်.. ဆိုတာ သိလိုက်ရတယ်.... ။ တပါးသူအပေါ် မှီခိုလိုခြင်း ဟာ အကျင့်ဆိုးတစ်ခုပဲ မဟုတ်လာ..။
Monday, March 12, 2007
အမီအခိုကင်းခြင်း
Posted by
Maw
at
6:48 AM
Labels: တွေးမိတွေးရာလေးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment