Monday, January 12, 2009

သားသားလေးရဲ့ တနင်္ဂနွေ

ဖေဖေရော မေမေရော အလုပ်လုပ်ရတာကြောင့် နားရက် တနင်္ဂနွေကို သားသားလေးကို အပြည့်ပေးဖြစ်တယ်...
သားသားက အလည်အပတ်ထွက်ရတာလည်း ကြိုက်ပုံရတယ်။ အပြင်များထွက်ရင် ပျော်လို့..။ မျက်လုံးကလေးပြူးတူးပြဲတဲနဲ့.. ဟိုဟိုဒီဒီ ကြည့်ရတာ ခေါင်းလေးကို ချာကနဲ ချာကနဲပဲ။

တနင်္ဂနွေ တစ်ခုမှာ သူ့ဖေဖေ ရေသွားကူးတာလိုက်ရင်း ကန်တော်ကြီးထဲရောက်တယ်။
နောက် မနေ့က တနင်္ဂနွေကတော့ ဖေဖေဘက်က ဘိုးဘိုးဘွားဘွားအိမ်သွားလည်တယ်။

ဓာတ်ပုံလေးတချို့..တင်လိုက်ပါတယ်။

ဒေါ်လေးနဲ့ ကစားရင် မေမေခွံ့ကျွေးတဲ့ ထမင်းစားတယ်။ (ထမင်းတော့မဟုတ်ပါဘူး။ နက်စ်လေကထုတ်တဲ့ ဂျုံနဲ့ပျားရည်လုပ်ထားတဲ့ အမှုန့်တွေဖျော်ကျွေးတာ။ သူက နို့ထက် အဖတ်စားချင်လှပြီလေ..။ လူကြီးတွေ ထမင်းစားရင် ပါးစပ်တပြင်ပြင်နဲ့)


တရုတ်ပြည်ရောက်နေတဲ့ ဒေါ်ဒေါ်လတ်ရဲ့ အရုပ်တွေနဲ့ ဆော့တယ်။




ဒီပုံကတော့ အရင်တနင်္ဂနွေက ဖေဖေနဲ့ ရေကူးကန်လိုက်သွားတုန်းကပေါ့။




3 comments:

Ghost said...

မခင်ဦးမေဆီက တဆင့် လာဖတ်တာပါ။ အစ်မရဲ့ ဘလော့ဂ် ခေါင်းစဉ်က http://maydar-wii.blogspot.com/ အဲဒီဘလော့ဂ်နဲ့ တူနေတယ်နော်။
တယောက်ထဲလား။ တယောက်စီလား။

Maw said...

အတွေးသွားတူတာဖြစ်မယ်ထင်တယ်။ မေဓါဝီ ရဲ့ ဘလော့ဂ်ကို ခုမှ တွေ့ပါတယ်။ ဟုတ်ပါ့။ တိုက်တိုက်ဆိုင်ဆိုင်။

:P said...

သားကလေး ချစ်စရာ.....