Monday, February 9, 2009

ဖိလစ်ပိုင် သွား.. တောလား

ခေါင်းစဉ်ကတော့ ကိုနဗနရဲ့ ခေါင်းစဉ်တစ်ခုကို ယူသုံးပါတယ်။ (သူ့အရင် ရွှေစက်တော်သွားတောလား ဆိုတာကတော့ရှိပြီးသားပါ) ဒါက အင်ထရို။ (ဟီး)

အလုပ်ကိစ်စနဲ့ သင်တန်းလာရတာဆိုပေမယ့် ဒါသည်လဲ ခရီးသွားခြင်းမို့လို့.. ခရီးသွားခြင်းအောက်မှာထည့်ထားလိုက်တယ်။ လေယာဉ်က ဘန်ကောက်ထရန်စစ်မို့ ဘန်ကောက်လေဆိပ်ခဏနားရပါတယ်။ လေဆိပ်မှာ လျှောက်ကြည့်ရင်း နာရီမရှိတာသတိရလို့ နာရီဆိုင်တွေ လျှောက်ကြည့်ဖြစ်တယ်။ (နောက်ဆုံးနာရီဝယ်ဖြစ်တာက GUESS တံဆိပ်လက်ပတ်ကြိုး လယ်သာအဖြူရောင်နဲ့ဟာ။ ၂၀၀၆ ဗယ်လင်တိုင်းဒေးတုန်းက ကိုယ့်ကိုယ်ကို လက်ဆောင်ဝယ်ပေးထားတာ။ (ခိခိ) တကယ်တမ်းနောက်ကြောင်းပြန်ရရင် ကိုယ့်ဆီကို ဗယ်လင်တိုင်းနေ့အတွက် GUESS နာရီဝယ်ရင် ၁သောင်း ဒစ်စ်ကောင့်ပေးမယ့် ကဒ်ပြားလေးရတာက စတာပေါ့။ အဲသည် တစ်သောင်းကို သွားမ၀ယ်ဖြစ်ရင် အလကားဖြစ်သွားမှာ စိုးလို့... နောက်ထပ် ၉သောင်းစိုက်ပြီး ၁သိန်းကျော်တန်တဲ့ နာရီကို ၀ယ်ဖြစ်လိုက်တာ။ အဲလို .. အဲလို စတုပစ် စြဖ်တာတွေကလည်းရှိသေးတယ်။ လက်ပတ်ကြိုးလယ်သာအဖြူက ညစ်သွားတော့ မတပ်ချင်တော့လို့ ပစ်ထားတာ.. နာရီမရှိဘူးဖြစ်နေတာ .. ၁ နှစ်လောက်ရှိပြီလေ..။ ခုမှ နာရီတွေမြင်တော့ ၀ယ်မယ်ရယ် လို့ စိတ်ကူးရပြီး လျှောက်ကြည့်နေမိတာ.. အချိန်ကုန်လို့ကုန်မှန်းမသိလိုက်ဘူး။ ကိုယ်နဲ့ အတူပါလာတဲ့ ၂ ယောက်ကလဲ.. နိုင်ငံခြားခရီးတစ်ခေါက်မှ မသွားဖူးကြလို့.. ကိုယ့်နောက်ကလိုက်သူများပေါ့။ ဘာကိုမှ သတိပေးဖို့ တာဝန်မရှိဘူးလို့ ယူဆထားပြီး ခပ်အေးအေးပဲ.. .. ။ ဦးဆောင်သူကြီးက လိုအပ်သလို ညွှန်ကြားလိမ့်မည်ပေါ့။ မနီလာသွားမယ့် လေယာဉ်က ၂နာရီ ထွက်မယ့်လေယာဉ်ကို ၂နာရီထိုးခါနီး ၅မိနစ်လောက်မှ ..ဈေးဆက်ဝယ်နေတဲ့ကိုယ့်ကို လာပြောဖော်ရတယ်။ အဲသည်အချိန်ကိုယ်က စိတ်ကြိုက်တွေ့ပြီမို့ ငွေခြေနေပြီ။ ၅မိနစ်ပဲလိုတော့တယ်... သွားမှဖြစ်မယ်ထင်တယ်.. လို့ လာပြောမှ ခေါင်းနပမ်းတွေကြီးပြီး ရှေ့ဆုံးက ပြေးတော့တာပဲ..။ အဲတာတောင် ပါလာတဲ့တစ်ယောက်က လက်ထဲက စားလက်စမုန့်လေးကို သူတိုင်နေတဲ့ ခုံပေါ်တင်ခဲ့ရင် နိုင်ငံကြီးသားမပီသမှာစိုးလို့ အမှီုက်ပုံးလိုက်ရှာတာကို.. နောက်တစ်ယောက်က ဟဲ့.. ထားခဲ့။ နိုင်ငံငယ်သားလုပ်လိုက်တော့ .. လာခဲ့ ဆိုပြီး ဆွဲပြေးလာကြတယ်။ တကယ်ပဲ.. အားလုံးလူကုန်ပြီး ကိုယ်တို့ ၃ ယောက်ကို စောင့်နေကြတာ။ Final Call ဆိုပြီးတော့..။ ဟိုအော်.. ဒီအော် Announce လုပ်နေတဲ့ အသံတွေကတော့ ကြားတာပေါ့။ ကိုယ့်နံမည်အော်လို့အော်မှန်းမသိတာ..။ လေဆိပ်ထဲမှာ နေတာ ၃ နာရီကျော်လောက် ကြာလာတော့ ကိုယ်နဲ့ မဆိုင်သလိုဖြစ်သွားပြီး နားမထောင်မိတာနေမှာ.. ဟီး..။ ကိုယ်ထိုင်ရမယ့် ခုံရောက်တော့ .. အဲသည်လူက မကြည်မလင်နဲ့ ကြည့်တယ်။ ဒင်းတို့ကြောင့်နောက်ကျနေတာပေါ့.. အဲလို။
ကံကောင်းလို့ မကျန်ခဲ့တယ။် ပါလာတဲ့ထဲက တစ်ယောက်က ပြောသေးတယ်..။ အစ်မရယ်. . ဖြစ်မှဖြစ်ရလေ.. အစ်မက အေးအေး ဆေးဆေး ဆိုတော့ ကျွန်တော်တို့ကလဲ ရတယ်မှတ်တာပေါ့။ ပြီးတော့ ရှေ့ဆုံးက ပြေးတာ မနည်းလိုက်ရတယ်တဲ့။ တော်သေးတာ.. တော်သေးတာ....။

(ယောက်ျားက အဲဒါကြောင့်ပြောတာ.. စိတ်ကူးတည့်ရာလုပ်လုပ်နေပြီး အချိန်ကို မကြည့်တာကို အမြဲ အပြစ်တင်တယ်။ ဘယ်တော့မှ ခေါင်းဆောင်ဖြစ်မှာ မဟုတ်ဘူးတဲ့။ ပြောတုန်းကတော့ နာသေးတယ်.. အဟက်. .ခုတော့..ဟုတ်ပါ့။ ကိုယ့်နောက်လိုက်ကြရတဲ့ ၂ ယောက်ခမျာ ကိုယ်ပြေးမှ မျက်ကလူးဆန်ပြာဖြစ်ရတယ်။ ပြင်ရဦးမယ့် မကောင်းတဲ့အကျင့်ပဲ)




အဲသလိုနဲ့ ရုံးကစီစဉ်ပေးတဲ့ ကားနဲ့ ဟိုတယ်ကိုရောက်တယ်။ ကိုယ်တို့နဲ့ အတူရောက်တာက သိရိလင်္ကာက ၂ ယောက်။ သီရိလင်္ကာ မစ်ရှင် က Resource Management Officer နဲ့ Deputy. အချင်းချင်းမိတ်ဆက်ကြတယ်။ ကိုယ့်နံမည်က မော်မော်၊ နောက်တစ်ယောက်က သီသီ၊ နောက်တစ်ယောက်က မင်းမင်း။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာ ၃ ယောက်လုံးနံမည်တွေက ၂ လုံးဆင့်တွေမို့ .. သူက နောက်ပြောင်ပြီး ငါ့နံမည်က ဇီယာဇီယာ ပါတဲ့။ နောက်တစ်ယောက်က ရာ၈ျူးရာဂျူးပါ တဲ့။ တာဝန်ထမ်းဆောင်တဲ့နိုင်ငံမတူကြပေမယ့် အဖွဲ့အစည်းတစ်ခုတည်းက ၀န်ထမ်းများ ဖြစ်ကြတာကြောင့် ချက်ချင်း ခင်မင်သွားပါတယ်။ ဟိုတယ်မှာလဲ ချက်ကင်ဝင်ရော နောက်တပြသနာ စတယ်။ ရုံးက ဘွတ်ကင်လုပ်ထားပြီး ရုံးကပဲ ငွေချေမယ့်ကိစ်စနကို Deposit တောင်းတယ်။ US$ 600 ပါတဲ့။ တစ်ညတည်းစရိတ်အခန်းခက ဒေါ်လာ ၁၂၀ ဖြစ်ပြီးတော့ ကိုယ်တို့ တည်းမှာက ၁၃ရက် ကို ၆၀၀ ပဲတောင်းတာဆိုပေမယ့်... ဘယ်လိုလုပ်ပါမတုန်း။ ရုံးကထုတ်ခဲ့ရတဲ့ ကြိုတင်ခရီးစရိတ်ထဲက ဒေါ်လာ ၄၀၀ကိုက ဖိလစ်ပီးနိုး ၀န်ထမ်းတစ်ယောက်က ချေးထားလိုက်တယ်။ သူ့မှာ ငွေလိုနေလို့.. ဟိုရောက်တာနဲ့ သူ့မိန်းမလာပို့ပေးရင် ဖြစ်လား ဆိုလို့ပါ။ သူတကယ်တောင်းတာက ၃၀၀၊ ရရဲ့လား။ လိုသေးလားလို့ ပါးစပ် စပ်ဆော့ပြီးမေးမိတာ.. နောက်ထပ် ၁၀၀ လောက်ရရင် ပိုကောင်းမယ် လို့ ပြောလို့.. ၄၀၀ ထားခဲ့ရတယ်။ ဘန်ကောက်လေဆိပ်မှာက နာရီဝယ်လိုက်သေးတယ်..။ ၂၀၀ ကျော်လောက်ပဲ လက်ထဲကျန်ခဲ့တာ။ သင်တန်းကာလတလျှောက်လုံး ဒင်နာတစ်နပ်ပါပြီး အစားအသောက် အပြိးအငြိမ်း ညစာတစ်မျိုးပဲ ကိုယ့်စရိတ်နဲ့ကိုယ်စားရမှာမို့ ငွေပိုလဲမပါပါဘူး။ အဲသည်တော့လဲ ၂၀၀ ပေးတားလဲ ဖြစ်ပါတယ်တဲ့။ ချက်ကောက်လုပ်ရင် ပြန်ပေးမယ်တဲ့။ ဒါတော့ ဘယ်ဖြစ်မလဲ..ယူလာတာမှ နည်းနည်း သုံးဦးမှာပေါ့။ အဲသည်မှာ သိရိလင်္ကာ က တစ်ယောက်က သူ့ရဲ့ ဗီဇာကဒ်ကို ထုတ်ပေးတယ်။ သူတို့လဲ Cash Deposit မပေးနိုင်ဘူး။ သူကနေ ကိုယ်တို့တွေအတွက် အာမခံပေးတော့ အဆင်ပြေသွားတယ်။ ကိုယ်တွေမယ်က ဗီဇာကဒ်မပြောနဲ့ ဘာကဒ်မှ မရှိ၊ ဖြစ်ရပုံက .. အဲဒါနဲ့ သူတို့နဲ့ အတူ အပြင်ထွက် ညစာစားကြမယ် ရယ်လို့ ချိန်းချက်ပြီး ချက်ကင်လုပ်ပြီးတာနဲ့ ပြန်ထွက်ကြတယ်။ ဟိုတယ်ရှိတဲ့နေရာက ဖိလစ်ပိုင်းရဲ့ တကယ့် အချက်အချ Makati City လေ.. ဟိုတယ်လ်ကြီးတွေ ရှော့ပင်းမောလ်ကြီးတွေ နဲ့ စီးပွားရေးအဆောက်အအုံတွေချည်းပဲ သီးသန့်ရှိတဲ့နေရာ.. တော်ရုံတန်ရုံ ဆိုင်တွေမရှိး။ သိရိလင်္ကာက တစ်ယောက်က မနီလာကို ၃ကြိမ်မြောက်ရောက်တာ ဆိုတော့ သူခေါ်သွားမယ် ဆိုလို့ လိုက်ကြတယ်။ ရှော့ပင်းမောတွေဘက်မှာ Fast Food အစားအစာရောင်းတဲ့ နေရာတွေရှိတယ် ဆိုပြီးသွာကြတာ ၈နာရီခွဲ ကျော်ပြီမို့ မရှိနိုင်တော့ဘူးတဲ့။ အဲဒါနဲ့ အနားက Restaurant ကိုသွားကြသည်ပေါ့။ မိနု (Menu ကိုခေါ်တာ-ဟီး) ဖတ်ပြီး အော်ငိုချင်သွားတယ်... ။ အကုန်လုံးက ပီဆို ၃၀၀ အထက်တွေချည်းပဲ။ ဟင်းချိုလေးတစ်ခွက်ကို ပီဆို ၁၇၀၊ ဒေါ်လာနဲ့ ဆို .. ၄ ဒေါ်လာကျတယ်။ ထမင်းလေးပေါ်မှာ ငါးရှဥ့်ကျပ်တိုက်အသားပြားလေးအုပ်ထားတဲ့ ထမင်းတစ်ပွဲက ဈေးသက်သာတယ်ဆိုရမယ် ပီဆို ၃၂၀ (မြန်မာလို ၉၀၀၀ လောက်ကျတာပေါ့) အဲဒါမှာလိုက်တယ်။ အဲသည် သိရီလင်္ကာက တစ်ယောက်က ငါးရှဥ့်ပါတဲ့ အစားအစာတစ်ခုပဲ... ပီဆို ၄၇၀ တန် မှာတယ်။
လာချတော့. ကိုယ့်ဟာကိုအရင်လာချတယ်။ သူက သူ့ဟာမှတ်ပြီး ယူလိုက်တယ်။ သူ့ဟာလာချတော့မှ အဲဒါကို သူ့ဟာမှန်းသိတယ်။ လဲလို့ကမရတော့ဘူးလေ..။ သူကစားပြိးပြီကိုး။ နင့်ဟာငါပေးမယ်လို့ပြောပေမယ့်လို့.. အဲလောက် မကပ်သတ်ချင်တာနဲ့ ရပါတယ်။ ငါစားတာငါပေးပါမယ် ဆိုပြီး .. ၁၀ဒေါ်လာတန် ညစာကြီးကို စားဖြစ်လိုက်တယ်။ မြန်မာ ၃ ယောက်စာ ရျင်းလိုက်ရတာ.. မြန်မာငွေ ၂ သောင်းခွဲလောက်ကျတယ်။ ဒါတောင် တစ်ယောက်က စွပ်ပြုတ်လေး တစ်ခွက်ပဲ သောက်တယ်။ သူ့စွပ်ပြုတ်ကလဲ မြန်မာငွေနဲ့ ဆို ၄ထောင်ကျော်ကျတယ်။ မြန်မာပြည်က မုန့်ဟင်းခါး ပါးကန်လောက်တောင် မရှိတဲ့ ခွက်ပေါက်စလေးနဲ့။ မနီလာရောက် ပထမဆုံးညစာပေါ့။

နောက်နေ့ မိုးလင်းတာနဲ့ ဘရိတ်ဖတ်စားပြီး သင်တန်းခန်းမ တန်းဆင်းရတယ်။ ညနေကျတော့.. ရုံးက လုပ်ပေးတဲ့ ကြက်မြီး ပါတီ၊ အဲသည်မှာ မြန်မာပြည်က ဖဦးထုပ်ရဲ့ မိန်းမက ပိုက်ဆံ ၄၀၀ လာပြန်ပေးရင်း နောက်နေ့ သူလာကြိုပြီး Shopping Mall တွေလိုက်ပို့ပေးမယ် လို့ ချိန်းသွားတယ်။

ဆက်ပါဦးမည်...



3 comments:

:P said...

ဖတ်သွားပါပြီ

khin oo may said...

နောက်ကနေလိုက်လာပြီးဖတ်သွားတယ်ကောင်း၏

တီချမ်း said...

အင်းဘာပြောရမလဲ
ခရီးထွက်တာတွေရေးထားတော့
အစ်မနဲ့ မ၀င်နီကြီးတို့ ဘန်ကောက်သွားကြတာသတိရသွားတယ်
ဂန္တ၀င်ဆန်သောခရီးလေ
ဟီးဟီးဟီး