မာမယောင် နဲ့ အင်မတန် ပျော့ညံ့လှတဲ့ ကိုယ့်စိတ်ဓာတ်တွေ .. အင်း..။ကိုယ့်ကိုကိုယ် အားကိုးလိုစိတ်ကို အမြဲမွေးထားမှ ဖြစ်မယ် လို့ သိမှတ်မိတဲ့နေ့တစ်နေ့ပါပဲ။ ချစ်သူဆိုတာ တခါတလေတော့ ကိုယ့်အတ္တထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တဲ့ လူ့သဘာဝအရ သူတို့ရဲ့ အတ္တတွေကို ရှေ့တန်းတင်တဲ့အခါမျိုးမှာ.. ကိုယ့်ရှေ့က ရပ်တည်ပေးနိုင်မယ့် လူမျိုးတွေ မဟုတ်ပြန်ဘူးကွယ်...။ ကိုယ့်ဘေးက ဖေးမကူညီမယ့်လူမျိုး မဟုတ်ပြန်ဘူး။
ကိုယ် ကိုက အတ္တတကြီးသူတွေနဲ့ ပဲ ဆုံနေရတာလား။ ဒါမှ မဟုတ် ကိုယ်တိုင်ကပဲ အတ္တကြီးလွန်းပြီး သူများဆီက အများကြီး မျှော်လင့်ထားမိတတ်တာလား မသိတတ်တော့ဘူး။ ဘယ်သို့သော ချစ်သူကမှ ဘ၀မှာ တစ်ယောက်တည်း ရပ်တည်နေရတာကို နှစ်ယောက် အဖြစ် လာရပ်တည်ပေးလိမ့်မယ်ရယ်လို့ တွေးထင်ထားလို့မရတာကိုက လုံခြုံရာမဲ့ပါတယ်။
မျှော်လင့်ထားတာ များလေလေ.. အားကိုးလိုစိတ်များလေလေ.. တစ်ယောက်တည်းဖြစ်ရလေလေပဲ ဖြစ်မယ်ထင်ပါတယ်။ ဘာကိုမှ မမျှော်လင့်ဘဲလည်း ချစ်သူတစ်ယောက်ကို ကိုယ်မလိုအပ်ပါဘူးလေ..။ ချစ်ရတာကို မုန်းပါတယ်။ မချစ်ချင်ပါ။ မချစ်လိုတော့ပါ။ ကိုယ်သိတဲ့အချစ်ဆိုတာ .. လူကို သတ္တိတွေ တိုးသွားစေတာမျိုး မဟုတ်ဘဲ.. ပျော့ညံ့တဲ့ အသုံးမကျတဲ့ မိန်းမတစ်ယောက် ဖြစ်ဖို့ကိုပဲ အမြဲ တွန်းပို့နေတတ်တယ်။ ကိုယ်မချစ်တတ်တာပဲ ဖြစ်နေပါလိမ့်မယ်။ ကိုယ်ဟာ အသုံးမကျတဲ့ မိန်းမတစ်ယောက် ဖြစ်နေပါပြီ။
Sunday, May 27, 2007
I hate love
Posted by Maw at 4:50 AM
Labels: ကျွန်မနှင့် အချစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment