Monday, January 12, 2009

သင်သေ သောခါ

ဒီမနက် အီးမေလ် တစ်စောင်ရတယ်။ တခြားသောနိုင်ငံက ကိုယ်တို့ရုံးတစ်ရုံးက လူတစ်ယောက် သေတဲ့အတွက် ၀မ်းနည်းကြောင်းပေါ့။ allmissionsworldwide ဆိုတဲ့မေးလ်နဲ့ ပို့တော့ရောက်လာတယ်။ အော်... စိတ်မကောင်းစရာ တစ်ယောက်သေသွားတယ်ပေါ့။ အဲသည်မေးလ်ရဲ့ နောက်မှာ တခြားသော ကဘာအရပ်ရပ်ရုံးများက သူ့ကိုသိတဲ့လူတွေ၊ သူနဲ့ တွဲလုပ်ဖူးတဲ့လူတွေရဲ့ မေးလ်တွေဝင်လာတယ်။ စိတ်မကောင်းကြောင်း၊ ၀မ်းနည်းကြောင်းသာမကာ၊ သူဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ခဲ့သလို လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်လည်း စြဖ်ခဲ့ပုံ၊ ဘယ်လို ကြင်နာစွာနဲ့ လက်အောက်ငယ်သားတွေကို နားလည်စာနာပေးနိုင်ခဲ့ပုံ၊ ကောင်းမွန်စွာသင်ပြပေးခဲ့ပုံ စတာတွေပါ ပါလာတယ်။ ပုံမှန်ဆို အဲလိုအလုပ်နဲ့ တိုက်ရိုက်မပတ်သတ်တဲ့အိးမေးလ်တွေကို မဖတ်ဖြစ်တာများတယ်။ တစ်နေ့တစ်နေ့ဝင်တဲ့ အီးမေးလ် ၁၀၀ကျော်မှာ.. အက်ရှင်အတွက်ဝင်တဲ့ မက်ဆေ့ဂ်ျက ၅၀လောက်ရှိတယ်ဆိုတော့ ကိုယ်ကပြန်ရတာတွေ အပြန်အလှန်ရေးရတာတွေနဲ့ဆို နေ့တစ်နေ့ရဲ့အလုပ်ချိန်ရဲ့ ၃ ပုံ ၂ ပုံလောက်က အီးမေးလ်ပေါ်မှာပဲဖြစ်နေတာ။ ကိုယ့်မက်ဆေ့ဂ်ျတွေ ကိုယ်အနိုင်နိုင်ဖတ်နေရတာမို့ ဒါမျိုးတွေကို unread ဖိုလ်ဒါတစ်ခုထဲ တန်းတန်းပို့ပစ်လိုက်တာ။ ခုတော့ ဘာရယ်မဟုတ် သူနဲ့ပတ်သတ်တဲ့ ၂ စောင်လောက် ဖတ်ကြည့်လိုက်တော့.. သာမန်လူတစ်ယောက်မဟုတ်လို့ သိမှတ်မိရင်း နောက်ပိုင်းဟာလေးတွေပါ ဆက်ဖတ်ဖြစ်တာပေါ့.။ နောက်တော့.. headquarter ကပါ ရေးလာတယ်။ သူ့ရဲ့ biography အကျဉ်းလေးနဲ့.. ဖတ်ကြည့်လိုက်တော့.. သာမန် လိုကယ်လ်ဝန်ထမ်းတစ်ယောက်ဘ၀ကနေ.. International ၀န်ထမ်းတစ်ယောက် အဖြစ် အခြားသော မစ်ရှင်တွေမှာ တာဝန်ထမ်းဆောင်ခဲ့ရကာနေ.. Chief of Mission တစ်ယောက်အထိ ဖြစ်ခဲ့တယ်။ နောက်တော့ သူ့နိုင်ငံမစ်ရှင်မှာပဲ ပြန်ပြီး လိုကယ်လ်အိတ်စ်ပါ့ထ၇ိတ် ၀န်ထမ်းပြန်လုပ်နေရင်းကနေ. .ဆုံးပါးသွားခဲ့တယ်ပေါ့။ ဖတ်ကြည့်ရင်းနဲ့ .. သူ့ရဲ့ လုပ်သတ်တလျှောက်လုံးမှာ လက်တွဲလုပ်ခဲ့ရသူတွေအားလုံးက အလေးထားခြင်း ကြည်ညိုချင်းခံခဲ့ရတယ်ဆိုတော့.. သိပ်ကို ကောင်းခဲ့တဲ့ လူတစ်ယောက်ဖြစ်မှာပဲ။

တဆက်တည်းကိုယ်စဉ်းစားမိတာက ငါသေတဲ့အခါ ဆိုရင်ကော လို့တွေးမိတယ်..။
သေတဲ့အခါ အားလုံးက နှမျောတသ နေကြမယ့် လူတစ်ယောက် ဖြစ်ချင်သလား.. ဆိုတဲ့မေးခွန်းကိုယ့်မှာပေါ်လာတယ်။ ခုလို အားလုံးက ၀ိုင်းဝမ်းနည်းကြတော့ (သူများတွေကို ပူပင်သောကရောက်စေချင်တာမဟုတ်ပေမယ့်လို့) ကိုယ်သေလို့ (ကောင်းလိုက်တာဟာ၊ နားအေးတာပဲ) လို့ပြောခံရမယ့်အစား၊ အဖွဲ့အစည်းတစ်ခုအတွက်ဖြစ်စေ၊ လူတွေအားလုံးအတွက်ဖြစ်စေ၊ နှမြောတသ ဖြစ်ရလောက်အောင် တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်ခဲ့သင့်တယ်လို့ ထင်မိတယ်။

ဒါနဲ့ ပတ်သတ်လို့ ငယ်တုန်းက သင်ခဲ့ရတဲ့.. The Quiet Life ဆိုတဲ့ကဗျာကို သွားသတိရမိပြန်တယ်။ သူကတော့ သူဒီကဘာပေါ်မျာ နေထိုင်သွားတယ်ဆိုတာတောင် မှ အမှတ်တရကျန်ခဲ့မယ့် အုတ်ဂူတို့ ဘာတို့တောင် မရှိခဲ့ချင်ဘူးဆိုပဲ..။ အဲသည်ကဗျာကိုတော့ ငယ်ကတည်းက မကြိုက်ခဲ့တာပါ။ အညွှန့်တလူလူဖြစ်နေတဲ့ လူငယ်လေးတွေကို ဘာစိတ်ကူးနဲ့ သည်လိုကဗျာ သင်ခဲ့ကြတယ် တွေးမရဘူး။



No comments: