Tuesday, February 20, 2007

Feeling 35 by Soe Myat Thuza

ဟိုတစ်နေ့က အိမ်မှာ စိုးမြတ်သူဇာရဲ့ Feeling 35 ဆိုတဲ့ စာအုပ် (တစ်ယောက်ယောက်ငှားထားတာဖြစ်မယ်) တွေ့လို့ ကောက်လှန်ရင်း ဖတ်ဖြစ်သွားပါတယ်..။ သူ့ရဲ့ အကြောင်းတွေကို ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ ရေးထားတာပါ..။

သူဟာ အင်မတန် ချစ်ဖို့လည်း ကောင်းတဲ့ မိသားစုကို ချစ်တတ်သော၊ တာဝန်ယူ တတ်သော ကိုယ့်အားကိုယ်ကိုးသော မိန်းမတစ်ယောက်အဖြစ် ချီးကျူးမိပါတယ်..။ ဘ၀မှာ လိုချင်တာတွေ ရအောင်ယူ ပြီး.. စိတ်ချမ်းသာဖွယ်ရာ ဘ၀တစ်ခုကို တည်ဆောက်နိုင်ခဲ့တဲ့ မိန်းမတစ်ယောက် လို့ မှတ်ချက်ပြုမိပါတယ်..။

အောင်မြင်တဲ့ ဘ၀တစ်ခုကို စိတ်တိုင်းကျ ရွေးချယ် ထူထောင်သွားနိုင်ခဲ့တယ်..။

သရုပ်ဆောင်ဘ၀မှာ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ခဲ့တယ်..။

သူ့ရဲ့ မိဘများအတွက် သမီးကောင်းတစ်ယောက်..။

မောင်ညီမများအတွက် အားကိုးဖွယ် အစ်မကြီးတစ်ယောက် ဖြစ်ခဲ့တယ်..။

ခင်ပွန်းသည် အတွက် ဇနီးကောင်းတစ်ယောက် လည်း ဖြစ်နေမှာပါပဲ...။

လေးစားဖွယ်ရာ မိန်းမပီသသော မိန်းမဘ၀ကို တန်ဖိုးရှိရှိ ဖြတ်ကျော်နေသော သူတစ်ယောက် အဖြစ် အသိအမှတ်ပြုမိပါတယ်.. ။

No comments: