Monday, May 14, 2007

Feeling Love and I

အချစ်ဆိုတာ တကယ်တော့ အလကား။

တစုံတယောက်က တစုံတယောက်ကို ချစ်ခြင်း ဆိုတာကို ဘယ်လိုအဓိပါယ်ဖွင့်ကြမလဲ..။

ဂျူးရဲ့ တစ်ခုသော ၀တ်ထုထဲမှာတော့ နှလုံးသားနှစ်ခု တစ်ခုတည်းလို ခုန်ခြင်းတဲ့။ အဲဒါအလကား..။ သိပ်စိတ်ကူးယဉ်ဆန်တယ်။

နောက်တစ်ခုမှာတော့.. လူတကာတို့ ပြောလေ့ရှိတဲ့ ပေးဆပ်ခြင်းလား၊ ရယူခြင်းလား ဆွေးနွေးထားတာ။ ကိုယ်ပြန်ရေးခဲ့ဖူးပါတယ်လေ..။ သည်ဘလောဂ်တစ်နေရာမှာပါပဲ..။

တကယ်တော့ အချစ်ဆိုတာ ခံစားချက်သက်သက်ပါ။ ဟုတ်လိုက်လေ....လူတိုင်းသည်လိုပြောကြတာပဲ..။ မြန်မာသဒါမှာတော့ စိတ်တဇနာမ်အုပ်စုထဲမှာပါတယ်လို့ သင်ခဲ့ဖူးတယ်..။

အဲသည်ခံစားချက်ကြီးဘယ်ကရောက်လာပါသလဲ..။

သံယောဇဉ်ကနေ ချစ်ခြင်းဖွဲ့တည်တတ်တယ်ဆိုရောစးင်လည်း နာကျည်းစရာတစုံတရာကနေ ပျောက်ကွယ် သွားနိုင်တယ်။ ရင်ခုန်ရင်အချစ်ဆိုပြန်တော့ ရင်ခုန်တုန်းခဏတော့ သတိတွေတရရစွဲလန်းနေသလိုလို .. အချိန်တွေကြာလာတော့ လည်း မတွေ့ရတာကြာတော့ မှုန်ဝါးသွားပြန်ရော..။ ဒီလိုဆို မကြာမကြာ တွေ့ဆုံဖြစ်ဖို့လိုပြန်ရောလား..။ နေဦးနေဦး.. ဘာအတွက် အချစ်လိုအပ်သလဲ..။ ကိုယ့်နှလုံးသားကြီးက မာတာတာကြီးထင်ပါရဲ့..။ နူးညံ့တဲ့မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အချစ်ကို လိုအပ်သလား..။ အချစ်က ဘာတွေများ လုပ်ပေးနိုင်ပါလိမ့်..။ ပြန်စဉ်းစားတော့ အဲသလိုအချစ်တစ်ခုကြောင့်ပဲ..ကိုယ်ဟာ နူးညံ့စွာ ပြုံးတတ်ဖူးတယ်..။ အဲသည် အချစ်တစ်ခုကြောင့်ပဲ.. နာကျင်စွာငိုဖူးတယ်..။ ပူပြင်းလောင်ကျွမ်းခံစားခဲ့ဖူးတယ်..။ အဲသည်အချစ်ကြောင့်ပဲ..။ ကိုယ်ဟာ ခပ်မာမာမိန်းမတစ်ယောက် ဖြစ်ခဲ့ရတာ။ ချစ်ခဲ့ရတာဘယ်လိုပါလိမ့်.. ပြန်စဉ်းစားကြည့်တော့ တခါတလေ.. အပြန်အလှန်ဂရုစိုက်ကြင်နာမှုများနဲ့ နွေးထွေးပျော်ရွှင်ခဲ့ဖူးတာ အချို့လည်း အမှတ်ရစရာကျန်တယ်..။ ဒါက တစ်ခါတုန်းက..။

ခုအရွယ်မှာ အချစ်အကြောင်းစဉ်းစားတော့..

အချစ်ဆိုတာ ပေးဆပ်ခြင်းလား။ ပေးစရာမရှိပါ။

အချစ်ဆိုတာ ရယူခြင်းလား။ လိုချင်တာမရှိပါ။

သည်တော့အချစ်ကို မလိုအပ်ဘူးပေါ့..။

သည်လိုလည်း မဟုတ်..။

အချစ်မရှိတဲ့။ အချစ်ကို ခံစားကြည့်လို့မရတဲ့ နှလုံးသားမှာ ဟာတာတာနဲ့.။

ကိုယ် ချစ်တတ်ချင်တယ် ။ အချစ်ခံချင်တယ်.. ။ ဒါက ကိုယ့်ဆန်ဒသက်သက်..။ တကယ့်တကယ်မတော့.. ကိုယ်က မချစ်တတ်တော့ဘူး..။ ကြိုးစားပြိး ချစ်ကြည့်မယ် ဆိုရင်တောင် ချစ်လို့ မတတ်တော့ဘူး..။ အချစ်ခံရဖို့ကြပြန်တော့.. ကိုယ်ဟာ ခ်စ္ခ်င္ဖြယ္ရောစးောစးာ မိန်းကလေးတစ်ယောက် မဟုတ်ပြန်ဘူး...။ စရိုက်က မာဆတ်ဆန်၊ စကားပြောတော့ ထောင့်မကျိုး..။ ကိုယ့်ကိုယ်ကိုယ် က အထင်ကြီးတတ်သေးတယ်..။ နောက်ပြီး မယုံလွယ်သူ။ မသိမ်မွေ့သူ။ ယောက်ျားတစ်ယောက် ချစ်ခင်ကြင်နာချင်စရာ မသိနားမလည် အပြစ်ကင်းတဲ့ မျက်လုံးမျိုးကလေးလည်း မရှိ ..။ အဲသလိုမျက်လုံးမျိုးကလေးနဲ့သာဆိုရင်.. အားနွဲ့သူမိန်းကလေး ဆိုပြီး ကြင်နာချင်စရောစားကောင်းဦးမယ်.. ခက်တာက အဲသလိုမျိုး မဟုတ်ခဲ့တာ အတော်ကြာခဲ့ပြီ..။ ကိုယ့်ကို သိလွန်းလို့ ကိုယ့်ချစ်သူက ကြောက်စရာကောင်းတယ် ပြောဖူးတယ်..။ သိတယ်ဆိုတာ.. သူ့ကို အကြိမ် အတော်များများ ထွင်းဖောက်သိနေတာမျိုး..။ သူညာရင်လည်း သိတာပဲ..။ သူတစ်ခုခုအခက်ကြုံနေရင်လည်း သိတာပဲ..။ သူငယ်ချင်းမိတ်ဆွေအချို့ရောစဲး့သဘောထား..လူ့စရိုက် .. ဘယ်သူကဖြင့် အန္တရယ်ရှိတဲ့ အပေါင်းအသင်းမျိုး.. ဘယ်သူကဖြင့် ကိုယ့်ကို အသုံးချမယ့်သူ.. စသဖြင့်..။ မိန်းမတစ်ယောက် အဲလောက် ဖြစ်နေရင် နည်းနည်းမှာ ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းတော့မှာမဟုတ်တာကတော့ သေချာတယ်..။ ကြောက်စရောစားပဲကောင်းနေမယ်..။ ရယ်ရတယ်..။ ကိုယ်တော့ ဒုက်ခပဲ..။ ကိုယ်ကလည်း မသိချင်ဘူး..။ ခက်တာက ဘ၀ကပေးတဲ့ သင်ခန်းစာတွေ အများကြီးနဲ့ မို့ မသိချင်ဘဲနဲ့တောင် အတော်ကလေး သိပြီး နေတာမို့.. သံသယတွေနဲ့.. သတိထားမှုတွေနဲ့ လက်နေတတ်တဲ့ ကိုယ့်မျက်လုံးများဟာ ယောက်ျား တစ်ယောက်အဖို့ ရင်ခုန်စရာမကောင်းတာတော့ အမှန်ပဲ..။

ကိုယ့်ကိုယ်ကို သိပ်အမွှန်းတင်နေတာမဟုတ်ပါဘူး..။ ကိုယ့်ထက် သိပ်တော် သိပ်ထက်တဲ့ မိန်းမတွေ အပုံကြီးရှိမှာပါ..။ ကိုယ်ညံ့နေတာတွေလည်း တပုံကြီးရှိပါတယ်..။ ဒါပေမယ့်.. ဘာမှ သိပ်မသိလှတဲ့ ခပ်နုံနုံ သာမန်မိန်းမတစ်ယောက် ပဲဖြစ်ချင်တော့တယ်..။ သိရတာပင်ပန်းတယ်..။ ညာတာတွေကို ယုံတတ်ချင်တယ်။

တကယ်မကြင်နာဘဲ ကြင်နာဟန်ဆောင်တာမျိုးတွေကိုလည်း သိမနေချင်ဘူး..။ တကယ်လို့ပဲ ထင်ပြီး နူးညံ့ခံစားချင်တယ်..။ ခံစားလို့မရလောက်အောင် သံသယကြီးသူ ကိုယ်ဖြစ်နေတာကိုက စိတ်ကုန်စရာ ကောင်းလှပြီ. ။ ကိုယ်အညံ့ဆုံးအချက်က ဟန်မဆောင်တတ်တာ..။ မသိချင်ယောင်များ ဆောင်တတ်ရင် ကောင်းမယ်..။

No comments: