Sunday, May 27, 2007

ဖြေသိမ့်လိုက်..

တကယ်တော့ ၀ိုင်ဝိုင်းရဲ့ သီချင်းတစ်ပုဒ်လောက်တောင်မှ ကိုယ့်ကို ဖြေသိမ့်မှု ပေးနိုင်မှာ မဟုတ်တဲ့ ချစ်သူကို ဘာအတွက် တမ်းတနေရဦးမှာလဲ..။

ဒီသီချင်းတစ်ပုဒ်နဲ့ပဲ.. ကိုယ့်ကိုကိုယ် အားပေးရမှာပေါ့။ ဘာဆန်းလဲကွယ်..။ အရင်လည်း တစ်ယောက်တည်း..။ ခုလည်းတစ်ယောက်တည်း။

တကယ်တော့ ပူလောင်သော ဆူပွက်သော.. တုံ့ပြန်မှုအင်မတန် မြန်သော ကိုယ့်အတွက် သူဟာ အေးစက်သော.. ကိုယ့်ကိုဘယ်တော့မှ နားမလည် နိုင်သောလူတစ်ယောက်ပါပဲ..။ သူကိုယ့်ကို ဘယ်တော့မှ လည်း သိမှာ မဟုတ်ပါဘူး။ ကိုယ်ဘာဖြစ်နေလဲ.. ဘာလိုအပ်နေလဲ ဘယ်တော့မှ သိမှာမဟုတ်ဘူး..။ တခါတရံ ကိုယ့်ကိုကိုယ် တောင် နားမလည် နိုင်တာမို့ ဘယ်သူ့ကိုမှ လည်း ထူးပြီး အပြစ်မမြင်လိုတော့ပါဘူး..။ သီချင်းတစ်ပုဒ်နဲ့ပဲ ကိုယ့်ကိုကိုယ် အားပေးရတော့မယ်..။

ဖြေသိမ့်လိုက်- ၀ိုင်ဝိုင်း
အားလုံးပြီးဆုံးသွားတော့.. ရင်တစ်ခုလုံး ကြေသွားလား..
ကိုယ်ချင်းစာပါတယ်..
သူငယ်ချင်း သိပ်မဆန်းဘူး
ရေောစှး့ဆက်ပြီးတော့ တွေ့ကြရမှာပဲ
ဆုံးရှုံးခြင်းက တို့တွေ ပြေးမလွတ်နိုင်
မောပန်းလွန်းတဲ့ မင်းရဲ့ လိပ်ပြာလေး...
ဖြေသိမ့်လိုက်..။

ကံကြမာဆိုတာက.. ချိုတလှည့်ခါးတလှည့်
ခုလည်း ဒီလိုပဲ.... အောင်မြင်လိုက်ရှုံးနိမ့်လိုက်..
လဲကျတဲ့အခိုက်ကွဲခဲ့တဲ့ အသည်းနှလုံး
အက်ကြောင်းလေးက အမြဲတမ်း အမှတ်တရပေါ့။
ရှေ့ဆက်ရမယ့် မင်းရဲ့ ဘ၀သစ်အတွက်
ဖြေသိမ့်လိုက်...

သူငယ်ချင်း ရှေ့ဆက်မင်းဘ၀ဟာ အမြဲချိုမြိန်ပါစေ
အောင်မြင်ပါစေ.. တခါတရံမှာ ခါးသီးလည်း ဖြေသိမ့်လိုက်ပေါ့လေ..။
ဟိုအရင်ချိန်က ကြေကွဲခြင်း မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော
ပင်လယ်ထိ စီးပါစေ.. အားတင်းကာ လျှောက်လေ..။
ဟိုအရင်ချိန်က ကြေကွဲခြင်း မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော
ပင်လယ်ထိ စီးပါစေ.. အားတင်းကာ လျှောက်လေ..။

1 comment:

မင်းသူကျော် said...

ဂစ်တာ ကောဒ့်လေး ပါ ထဲ့ပေးပါလား