Friday, November 30, 2007

for... Charles



Should old acquaintance be forgot,
and never brought to mind ?
Should old acquaintance be forgot,
and auld lang syne ?

Imagine

John Lennon
Imagine there's no Heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people
Living for today

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will be as one

Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will live as one

Monday, November 26, 2007

ကိုယ်တိုင်ချက် စပါဂတီ



ကျန်ခဲ့တဲ့ ၂ ပတ်လောက်က စကော့ဈေးက တိုင်ဂါးဆိုင်ကိုရောက်တော့.. ရှာဝယ်ရခက်တဲ့ အော်ရီဂါနိုးတွေ ဖာလိုက်ကြီးတွေ့လို့.. ကိုယ့်အတွက်လည်း ၀ယ် သူငယ်ချင်း ကိုလည်း လက်ဆောင်ပေးဖို့ဝယ်ခဲ့သေးတယ်။ ချက်တာကတော့ ဟိုးအရင်ရုံးတုန်းက ချက်ဖ် ငှားပေးထားတော့.. အဲဒါမျိုးတွေ ရုံးမှာ နေ့လည်စာချက်ကျွေးဖူးတော့ သိနေမြင်နေတာပေါ့နော်..။ သင်ထားတယ်ရယ်လို့လည်းမဟုတ်ဘူး။ နောက် သူငယ်ချင်း အေမီရဲ့အိမ်မှာ ချက်စားဖြစ်တာက ၂ ကြိမ်၊ နောက် ကျန်ခဲ့တဲ့ စနေနေ့က တစ်ခါ သူ့အိမ်မှာ ကိုယ်ဝယ်ပေးတဲ့ အော်ရီဂါနိုနဲ့ ချက်စားရင်း သူက ဂီးနဲ့ စပါဂတီစီးဆင်းနင်း တစ်ထုတ် လက်ဆောင်ပြန်ပေးလိုက်တာဆိုတော့.. ပထမဆုံးအကြိမ် ကိုယ်တိုင် ချက်စားမယ် စိတ်ကူးတာပေါ့။

တစ်အိမ်လုံးကို ချက်ကျွေးမယ်စိတ်ကူးတယ်ပေါ့။ အမဲသားနဲ့ အကောင်းဆုံးဖြစ်ပြီး ကြက်သာူးကို ကိုယ်ကမကြိုက် နောက် အိမ်က ခဲအိုကအမဲသားမစား၊ အမေက ဈေးသါားတုန်က ၀က်သားလိုင်းသားဝယ်ထား စတဲ့အကြောင်းများပေါင်းဆုံပြီးသကာလမှာ စပါဂတီကို ၀က်သားနဲ့ ချက်မယ်ကွာ ဘာဖြစ်သေးလဲ.. ဆိုပြီးလုပ်ငန်းစပါတယ်။



တမတိုးပေ့စ် က ၂ ဗူးဝယ်ခဲ့ပေမယ့်.. သူ့ချည်းသုံးရင် တအားချဉ်မှာစိုးလို့ ခရမ်းချဉ်သီး ထပ်ပြုတ်ပြိး အနှစ်ယူပါတယ်။
နောက်ကြက်သွန်နီ ကြက်သွန်ဖြူ တောက်တောက်စင်း၊ အသားတောက်တောက်စင်း။ မှိုမရလို့ ကောက်ရိုးမှိုဗူးထဲက မှိုကိုပါအဆင်သင့်လှီးထားပါတယ်။

နောက် တော့ ဒီဘက်မီးဖိုမှာ ခေါက်ဆွဲပြုတ်ဖို့ ရေနွေးတည်ထားပြီး ဒီဘက်က ဟင်းအနှစ်ချက်ပါတယ်။ ပထမဆုံး ဂီးထည့်ပါတယ်။
နောက်ကြက်သွန်တွေ ဆီသတ်တယ်။ နောက်တော့.. ၀က်သားတောက်တောက်စင်းထည့်တယ်။ နူးအောင် ခဏအုပ်ထားပါတယ်။

နောက် ပန်းကန်လုံးထဲက ခရမ်းချဉ်သီးအနှစ်တိုက်ထားတဲ့အထဲကို စပါဂတီ စီးဆင်းနင်း အမှုန့်တွေ ထည့်မွှေပါတယ်။ နောက် တမတိုး ပေ့စ် တစ်ဗူးဖောက်ထည့်ပြီးရောပါတယ်။

ဝက်သားထဲကို မှိုရောပါတယ်။ မွှေတယ်။ ဆားနည်းနည်း ထပ်တည့်တယ်။ နောက် ခရမ်းချဉ်သီးအနှစ်တွေ ထည့်ပြီး မိးဖြည်းဖြည်းနဲ့ ထားပါတယ်။

အဲသည်အခိုက်မှာ ဒီဘက်က ရေနွေးပွက်တော့ စပါဂတီခေါက်ဆွဲဖတ်တွေ ထည့်ပြုတ်ပါတယ်။ အချိန်သတ်မှတ်ချက်က မီးအားပေါ်လည်းမူတည်သေးတာကြောင့်အချိန်နဲ့ မလုပ်ဘဲ ကိုယ့်ဟာကိုယ် တစ်ဖက် ဆယ်ပြီး နူးမနူး မြည်းကြည့်တယ်။ မနူးသေးလို့ခဏထား။ နောက်နူးတော့ အဲသည်အိုးကို စကာထဲလောင်းချလိုက်တယ်။ နောက် အိုးကိုအောက်ကခံပြီး အပေါ်က ဇကာတင်ထားပြီး ရေစစ်တယ်။ ရေစစ်တာနဲ့ ခေါက်ဆွဲတွေ ကပ်ကုန်တတ်တာကြောင့် ဂီးနည်းနည်း ကော်ထည့်ပြီး .. သစ်သားယောင်းမနဲ့ သမအောင် ခေါက်ဆွဲအားလုံးကို ဂီးနဲ့ ထိပြီး မကပ်တော့အောင် အထပ်အောက် မွှေပါတယ်။ ဆားလေးနည်းနည်း ဖြူးပြီး ဇကာထဲက ခေါက်ဆွဲတွေကို အထပ်အောက်လှန်လိုက် သစ်သားယောင်းမနဲ့ မွှေလိုက်နဲ့ သမအောင် လုပ်လိုက်ပါတယ်။

ခေါက်ဆွဲဖတ်လေးမြည်းကြည့်တော့ ဆားလေးပါပါပြီး ဂီးအရသာလေး စိမ့်ဝင်နေတော့ ဆိမ့်ဆိမ့်လေး..

နောက် ဟင်းအိုးကိုပြန်ကြည့်ပါတယ်။ အနေတော်ပါပဲ.. အော်ရီဂါနိုးနည်းနည်းထပ်တည့်လိုက်ပါတယ်။ ဆီသတ်တုန်းက နည်းနည်းထည့်ထားသလို ၀က်သားထဲမှာလည်း ထည့်နယ်ထားတော့ သူ့အနံ့လေးကပါ မွှေးနေပါတယ်။

ရှယ်ပါပဲ။

အဲဒါနဲ့ အောက်ပုံမှာ ပြထားတဲ့အတိုင်း ခူးခပ်ပြင်ဆင်ပြီး မိသားစု ညစာစားကြပါတယ်။




အားပေးကြပါတယ်။ မေမေကတော့ ပေ့စ်က နည်းနည်းချဉ်တယ်တဲ့။ ခဲအိုကတော့ သိပ်မကြိုက်။ နည်းနည်းပဲစားတယ်။ ကိုယ့်တူမက အနှစ်အနီရောင်မြင်တာနဲ့ စပ်မှာစိုးလို့ မစားဘူး။ သူက ခေါက်ဆွဲဖတ်တွေချည်း စားတယ်။ ကျန်တဲ့လူတွေကတော့ အားရပါးရစားကြတာပါပဲ။

ပြောရဦးမယ် ။ ဟင်းချက်လို့ပြီးတော့.. ကိုယ့်ရဲ့ တစ်ယောက်သောသူကို သတိရတယ်။ လှမ်းခေါ်ချင်တာပေါ့နော်.. စကတည်းက စပါဂတီချက်စားမယ်နော်. အဲနေ့ကျလှမ်းခေါ်လိုက်မယ် ပြောထားတာကိုး။ ဒါပေမယ့်လောလောဆယ်က မခေါ်ဘူးလေ..။ အရင်က ကိုယ်က ပဲ စခေါ်ပေမယ့်. ဒီတစ်ခေါက်တော့ သူမခေါ်ရင် ပြန်မခေါ်တော့ဘူး လို့.. တွေးထားသလို သူငယ်ချင်းကလည်းအားပေးထားတယ်။ တောင့်ထားတဲံ့ ။ နင် ၅ ရက်လောက်အထိတော့ စောင့်ကြည့်ပါတဲ့.. ကိုယ်ကတော့ ၅ ရက်လောက်ကြီး မစောင့်နိုင်တာသိပေမယ့်.. အခု သူ့ဆီ စဆက်ကြည့်လိုက်ရင် ကောင်းမလားဆိုတဲ့ စိတ်ကို မနည်းချုပ်တည်းထားရတယ်။

အင်း ပြန်ခေါ်တာတော့မဟုတ် ဘူး.. အခု စပါဂတီချက်စားလို့ လာစားမလားမေးတာလို့ ပြောလိုက်ရင် ကောင်းမလား လို့ ခပ်ကြောင်ကြောင်တွေးမိသေးတယ်။ အရင်က သူနဲ့ကိုယ်နဲ့ ဆိုင်မှာ သွားစားနေကျမို့ သူကြိုက်တာလည်း သိတယ်လေ..။ ဒါပေမယ့် ခေါ်မှ မခေါ်တာ ဆိုပြီးမနည်းစိတ်ထိန်းထားရတယ်..။

စားပြီးတော့လည်း ဖုန်းဆက်မိမှာစိုးလို့.. ဂိမ်းကစားရသေးတယ်။ ည ၉နာရီလောက် ကျတော့ သူကစဆက်လာတယ်။ ပျော်သွားတယ်။ ပြန်ခေါ်သွားပြီပေါ့.. ။ အဲလိုကျတော့ ချစ်ဖို့ကောင်းသွားပြန်ရော..။ နောက်တစ်ခါ သူ့ကို သပ်သပ်ချက်ကျွေးမှာပေါ့နော်..။

Saturday, November 24, 2007

အရောင်များနှင့်ကစားခြင်း (ဂျူး)

ဂျူးရဲ့ အရောင်များနှင့်ကစားခြင်းဆိုတဲ့ အထဲက မရိုးနိုင်လှတဲ့ စာပိုဒ်ကလေးကို ပြန်ဖတ်နေမိပါတယ်။

“ကျွန်မသည် လောကထံမှ အဖော်တစ်ယောက် တောင်းခံဖို့ ၀န်လေးနေခဲ့ပြီ…
အဖော်တစ်ယောက် တောင်းခံတိုင်း ကျွန်မရရှိလာသည့် မှားယွင်းသည့် လက်ဆောင်များကို ကျွန်မရယ်မောနိုင်ခဲ့ပြီ။

ဟိုတုန်းကတော့ ကျွန်မက လောဘအလွန်ကြီးခဲ့သည်။

ယောက်ျားတစ်ယောက်ထံမှ အရည်အချင်း ဆိုတာကို ကျွန်မမက်မောခဲ့သည်။ တကယ် သူ့ထံမှ ရလာသည်က မျက်လှည့်ပညာသာဖြစ်သည်

နောက်ထပ် ယောက်ျားတစ်ယောက်ထံမှ ကတိဆိုတာကို ကျွန်မတောင်းခံခဲ့သည်။
တကယ်သူ့ထံမှ ရလာသည်က ရေစုန်မှာ လှေကြုံလိုက်တတ်သည့် ထူးဆန်းမှုသာဖြစ်သည်။

ယောက်ျားတစ်ယောင်ထံမှ အပြန်အလှန် ဖေးမကူညီမှုနှင့် ညီညွတ်မှုကို ကျွန်မလိုချင်စွာ မျှော်လင့်ခဲ့သည်။ တကယ်သူ့ထံမှ ရလာသည်က သူ့အတ်တများသာဖြစ်သည်။

ယခုတော့ ကျွန်မသည် ယောက်ျားတို့ထံမှ ဘာကိုမှ မမျှော်လင့်သူ မလိုခင်ျသူဖြစ်ခဲ့ပြီ။
သူတို့၏ အရည်အချင်းဆိုတာကိုလည်း ကျွန်မမလိုအပ်တော့ပါ။ သူတို့၏ ကတိတွေကိုလည်း ကျွန်မ မလိုအပ်တော့ပါ။ သူတို့ပေးလာမည့် နှင်းဆီပန်းများထက် ကျွန်မကိုယ်တိုင် စိုက်ပျိုးယူရသည့် နှင်းဆီပန်းများကို ပိုရ်ျ မက်မောစွာ တန်ဖိုးထားပါသည်။ က်ျအချက်ကို ကိုယ်တိုင် သတိပြုမိသောအခါ လောကသည် အသက်ရှင် နေထိုင်ရတာ ထိုက်တန်လာသည်ဟု ခံစားရသည်။

သို့သော် အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်မဘေးမှာ အဖော်တစ်ယောက်လောက်တော့ ရှိစေချင်သည်။ ထိုအဖော်သည် ချစ်သူတစ်ယောက် ဖြစ်စရာမလို၊ သားတစ်ယောက်ဖြစ်စရာမလို၊ သမီးတစ်ယောက်လည်းဖြစ်စရာမလို..
လူသားတစ်ယောက်ယောက်..
ကျွန်မငိုလျင် ၀မ်းနည်းပေးမည့်… ကျွန်မပျော်ရွှင်လျင် ကြည်နူးပေးမည့် .. လူသားတစ်ယောက်ယောက်.. ကျွန်မဒါ့ထက်ပိုရ်ျ မမျှော်လင့်ပါ။ သို့သော် ထိုမျှလောက် ဆန်ဒကလေးကိုပင် လောကထံမှ မတောင်းခံရဲ.....”

ဂျူးကတော့.. အဖော်တစ်ယောက် ဘေးမှာ ရှိလိုသောလည်း .. ချစ်သူတစ်ယောက်ဖြစ်ရန်မလိုတဲ့..။
ကိုယ်ကတော့ အမှတ်မရှိစွာ ချစ်သူတစ်ယောက်သာ ဖြစ်စေလိုပါသည်။ ကိုယ့်ကို ဖေးမကူညီမယ့်.. ကိုယ်ဝမ်းနည်းတဲ့အခါ သူ့ပုခုံးတစ်ဖက် ကိုယ့်ကို ပေးမယ့်.. ကိုယ်ဝမ်းသာတဲ့အခါ ကိုယ်နဲ့ အတူလိုက်လံရယ်မောပေးမယ့်.. .ကိုယ့်ရဲ့ ရံဖန်ရံခါဖြစ်တတ်တဲ့.. လောကအပေါ်မကျေနပ်စိတ်ကြောင့်ဖြစ်လာရတဲ့..ဒေါသများကို စုပ်ယူဖြေသိမ့်ပေးမယ့် ချစ်သူ.. နားလည် စာနာနိုင်တဲ့ ချစ်သူ ချစ်သူကို သာ ကိုယ့်အနားမှာ ရှိစေလိုပါတယ်။
ကိုယ်လိုတာတွေချည်းပြောနေလို့ တစ်ဖက်သတ်ဆန်တယ် ထင်စရာရှိပေမယ့်.. ကိုယ့်မှာ တုံ့ပြန်တတ်သော ပူနွေးတဲ့ နှလုံးသားရှိနေပါတယ်။
ကိုယ့်အပေါ်ကြင်နာသူကို ဆယ်ဆ ကြင်နာဖို့ ၀န်မလေးပါ။ တမင်လုပ်ယူရတာ မဟုတ်တဲ့.. ကိုယ့်နှလုံးသားထဲက အလိုအလျောက်တုံ့ပြန်မှုပါ။
လျစ်လျူရှုခံရရင်တော့.. ကိုယ့်နှလုံးသားက ကိုယ်မခိုင်းရပါပဲ ၀မ်းနည်းနာကျင်တတ်တယ်...။ တခါတရံဒေါသအဖြစ် ပြောင်းသွားတတ်သလို.. နောက်ဆုံးမှာတော့ ဒေါသကြောင့်ပဲ အေးခဲသွားတတ်ပြန်တယ်။ အဲသည် နှလုံးသား ပူနွေးဖို့ အချိန်ဘယ်လောက် ထပ်လိုမလဲ ဆိုတာကလည်း ဖြစ်ခဲ့ရတဲ့ ဒဏ်ရာ နက်ရှိုင်းမှုအပေါ် မူတည်တတ်သေးတယ်..။

ကိုယ်ကတော့.. ကိုယ့်နှလုံးသားကို ချစ်ခြင်းနဲ့ အမြဲပဲ ပူနွေးနေစေချင်ပါတယ်။ အေးစက်စက် ဖြတ်သန်းခဲ့ရချိန်တွေက ခြောက်ကပ်လွန်းခဲ့ပါတယ်။

ကိုယ့်နှလုံးသားကို ပူနွေးစေခဲ့တဲံ သူကတော့.. ကိုယ့်ကို နည်းနည်းမှ နားလည် ညှာတာ တတ်တယ် မထင်ရပါဘူး။
ကိုယ်စိတ်ဆိုးစရာမို့ စိတ်ဆိုးမိတာကိုလည်း အပြစ်လို့ထင်ပြန်တယ်..။ သူကအလျှော့ပေးဖို့က ဝေးစွ။

ဖြစ်နိုင်တဲ့ အဓိကပြသနာကတော့ ကိုယ်က ဗီးနပ်စ်ကလာတဲ့ မိန်းကလေးဖြစ်ပြီး သူကတော့ မားစ်ကလာတဲ့ ယောက်ျားတစ်ယောက် ဖြစ်နေလို့ပဲဖြစ်မယ်။ (သဘာဝကျတဲ့ ချစ်သူစုံတွဲကတော့ သည်လိုပဲ ဖြစ်သင့်တာပဲလေ..။ မဟုတ်ရင်.. ဂေးတွေ လက်စ်တွေ ဖြစ်ကုန်မှာပေါ့နော်.. အဟက်..)
သူကသူ့အတွေးနဲ့ သူဖြစ်သလို ကိုယ့်မှာလည်း ကိုယ့်အတွေးနဲ့ကိုယ်.. မတူတာတွေတော့အများကြီးပေါ့..။ မတူခြင်းများကပဲ ကိုယ်တို့ကို အပြန်အလှန်ဆွဲဆောင်စေတာဖြစ်သလို.. မတူခြင်းများကို ညှီနှိုင်းနားလည်ဖို့ကြိုးစားမှ ပဲ ချစ်သူတွေ အဖြစ် တစ်သက်တာ လက်တွဲနိုင်ဦးမယ်။

မားစ်ကလာတဲ့... ယောက်ျားသား သူက ဗီးနက်စ်က မိန်းကလေးကိုယ့်ကို ပိုပြီးညှာတာ နားလည်ဖို့ ကြိုးစားသင့်ပါတယ်။

ဘယ်လိုပဲ ဖန်းမနစ်စ် ဖြစ်ပြီး.. ဘ၀မှာ ဒေါင်းတလန်မောင်းတလန် ရင်ဆိုင်ရုန်းကန်နိုင်ပါတယ် ဆိုငြားလည်း ကိုယ့်ကိုယ်ကို တော့ ကိုယ်ဟာ .. သူ့ကို သူကကိုယ့်ကို လိုအပ်တာထက် ပိုပြီး လိုအပ်ပါတယ် ဆိုတာဝန်ခံရမှာပဲ။
မိန်းမများကယောက်ျားများကို လိုအပ်မှုက သူတို့ထက် အမြဲ ပိုနေပါလိမ့်မယ်။ အားကိုးလိုစိတ်နဲ့ ကြင်နာယုယခံလိုစိတ်ကို ဗီးနပ်စ်သူတွေအတွက် သဘာဝတရားက ထည့်သွင်းပေးလိုက်ပြီးသားထင်ပါရဲ့..။

Thursday, November 22, 2007

ဆင်နွဲခြင်း 23rd Nov

From this moment life has begun
From this moment you are the one
Right beside you is where I belong
From this moment on

From this moment I have been blessed
I live only for your happiness
And for your love I'd give my last breath
From this moment on

I give my hand to you with all my heart
Can't wait to live my life with you, can't wait to start
You and I will never be apart
My dreams came true because of you

From this moment as long as I live
I will love you, I promise you this
There is nothing I wouldn't give
From this moment on

You're the reason I believe in love
And you're the answer to my prayers from up above
All we need is just the two of us
My dreams came true because of you

From this moment as long as I live
I will love you, I promise you this
There is nothing I wouldn't give
From this moment
I will love you as long as I live
From this moment on

Tuesday, November 20, 2007

မျှဝေခံစားသူ..

ကိုယ်ဟာ သူငယ်ချင်း အလွန်နည်းပါးသူပါ။ ပြေးရေကြည့်မှ လက်ငါးချောင်းစာမပြည့်ပါဘူး။ နောက်တစ်ခုက ကိုယ်ဟာ မျိုသိပ်ခံစားတတ်သူမဟုတ်ပါဘူး။ အဲသည်အတွက် ကိုယ့်မှာ ရင်ဖွင့်စရာ လူတစ်ယောက် အမြဲလိုပါတယ်။ အလုပ်ပြသနာကအစ၊ မိသားစုပြသနာတွေအပြင် ဖြစ်လာသမျှတွေကို သူငယ်ချင်းတစ်ဦးဦးနဲ့ စကားပြောလိုက်ရင်း ပြေပျောက်သွားလေ့ရှိတယ်။ ဒေါသထွက်စရာကိစ်စတွေဟာ သူတို့က မျှဝေခံစား ကူညီ ဒေါသ၀ိုင်းထွက်ပေးကြခြင်းနဲ့ ပြေပျောက်သွားတတ်သလို အခက်အခဲများကလည်း သူတို့က ၀ိုင်းဝန်း အကြံဥာဏ်ပေးဖြေရှင်းပေးလို့ ပြေလည်သွားကြတာမျိုးတွေကအစပါ။ သူငယ်ချင်းတွေ အဖို့ ဘာမျှမတတ်နိုင်ဘူးဆိုရင်တောင်မှ.. ကိုယ်နဲ့ထပ်တူ ၀ိုင်းဝန်းခံစားပေးကြရင်ကို ကိုယ့်အတွက် တစ်ဝက်သက်သာပါတယ်။ သူတို့ကိစ်စတွေဆိုလည်း အဲသလိုပါပဲ။ ရုံးမှာတက်ခဲ့ရတဲ့ပြသနာကို သူငယ်ချင်းက တက်တက်ကြွကြွ ဖွင့်ဟနေတဲ့အခိုက်မျိုးမှာ ကိုယ်ဟာ သူနဲ့ အတူ ဒေါသလိုက်ထွက်လိုက်၊ မကျေမနပ်ဖြစ်လိုက်၊ အားရကျေနပ်လိုက် အတူတကွ လိုက်ခံစားဖြစ်ပါတယ်။. ကိုယ်တို့တွေအချင်းချင်း နီးစပ်စွာ ချစ်ခင်ခြင်းသံယောဇဉ်က ဘာတွန်းအားမှ မပေးရပါဘဲ ကိုယ်တို့တွေကို မျှဝေခံစားသူများဖြစ်စေခဲ့တယ်။

သူငယ်ချင်းများထက်ပိုတွယ်တာရတဲ့ ချစ်သူတစ်ယောက်ရှိလာတဲ့အခါ.. ဘယ်အကြောင်းအရာကို မဆို အရင်ဆုံးပြေးပြောလိုက်ချင်သူဟာ သူဖြစ်လာပါတယ်။ အခင်မင်ရဆုံးသူငယ်ချင်း များ အဝေးရောက်နေတဲ့.. ခုလိုခါမျိုးမှာ သူ့ကို ကိုယ်အလိုအပ်ဆုံးပါ..။

အလုပ်ချိန်ပြင်ပရောက်လို့ ကိုယ်တစုံတယောက်နဲ့ စကားပြောချင်စိတ်ပေါ်လာရင် အရင်ဆုံးကသူပါ။ ဒါပေမယ့် တခါတလေ.. သူ့အဖို့ကျတော့ ကိုယ်ဟာအဲလို ဖြစ်မနေတဲ့အခါ ခံစားရပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်တာကို ဘယ်လိုပဲလက်ခံထားနိုင်ပါစေ.. လူချင်းမတွေ့တဲ့ရက်တွေမှာ ချစ်သူကကိုယ့်ကို တခုတ်တရ နောက်ပြီး သတိတရ နောက်ပြီး အရေးတယူ ဖုန်းလှမ်းဆက်တာမျိုး.. သူမပါဘဲ ဖြတ်သန်းခဲ့ရတဲ့ တစ်နေ့တာဟာ အဆင်ပြေရဲ့လားဆိုတာမျိုး မေးစေချင်တဲ့ ဆန်ဒတွေလည်း ရှိလာပါတယ်။ ဒါပေမယ့် သူဟာအဲလိုလူစားမျိုးမဟုတ်ဘူး။ အကြောင်းကိစ်စမရှိရင် ဖုန်းဆက်တတ်သူမဟုတ်ဘူး ဆိုတာကို ကြိုါ်စားလက်ခံထားရင်း စကားပြောချင်လာတိုင်း ကိုယ်ကပဲ စဆက်သွယ်လိုက်တာပါပဲ။ ပြောစရာရှိတာပြော မရှိရင်လည်း နေကောင်းလား အဆင်ပြေလား မေးပြိး ကိုယ့်ရဲ့နောက်တနေ့အစီအစဉ်ကို ပြောပြရင်း .. ကိုယ့်ရဲ့ တစ်နေ့တာကို အဆုံးသတ်လေ့ရှိပါတယ်။

သူမဆက်လည်း ဘာအရေးလည်း အဓိကက သူနဲ့ စကားပြောချင်နေတဲ့ကိုယ် သူနဲ့ စကားပြောလိုက်ရရင်ပြီးတာပဲ.. ဘယ်သူကစဆက်ဆက်ပေါ့ ဆိုတဲ့ ပေါ့ပေါ့ပါးပါးအတွေးကို အမြဲ နှလုံးသွင်းဖို့ ကြိုးစားပေမယ့်လည်း တခါတလေ.. သူမပါဘဲ ဖြတ်သန်းခဲ့ရတဲ့ ကိုယ့်ရဲ့ တစ်နေ့တာဟာ တော်တော်ဆိုးဝါးနေပြီ ဆိုတဲ့အခါ ကိုယ်က စဆက်ဖို့ အားကုန်နေပါပြီ...။ သူများဂရုတစိုက် ကိုယ့်ဆီ အဆင်ပြေရဲ့လားလို့ ဖုန်းဆက်မေးလာမှာမျိုးကို အသည်းအသန်မျှော်လင့်မိတတ်သလို လုံးဝမဆက်လာတဲ့အခါ လည်း .. ခါးခါးသီးသီးကို နာကျင်ရတယ်။


တကယ်ဆိုရင် လူနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် တစ်သက်လုံးလက်တွဲပြီး အတူတူနေဖို့ ဆုံးဖြတ်ထားပြီးသားဆိုရင် တစ်ယောက် ရဲ့ လိုက်ဖ်ကို တစ်ယောက်က စိတ်ဝင်စားမှုလည်းရှိသင့်တယ်..မဟုတ်လား.. ။ ချစ်သူတစ်ယောက်ဆီကို အကြောင်းရှိမှ ဖုန်းဆက်ရမယ် ဆိုတဲ့.. စည်းကမ်းကြီးဟာ.. ၀မ်းနည်းအားငယ်နေချိန်၊ သူ့ဆီက တခုတ်တရ ဖုန်းဆက်လာလို့.. ပြောပြရင်း .. သူ့ဆီက နှစ်သိမ့်မှု ရယူလိုနေတဲ့ ကိုယ့်ကို တော်တော် ဒုက်ခပေးခဲ့ပါတယ်။

သည်လိုသာဆိုရင် သူ့အပေါ်ကိုယ်ရဲ့လိုအပ်ချက်က တော်တော်လေးလျော့ပါးလာဖို့ရှိပါတယ်။ လူနှစ်ယောက် တစ်သက်လုံး အတူတကွ နေသွားဖို့ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လိုအပ်ကြဦးမှဖြစ်မှာပါ...။ သူ့ကို လိုအပ်စရာ အကြောင်း ကိုယ့်မှာမရှိတဲ့အခါ.. အဲသလိုမျိုး ဖြစ်လာတဲ့အခါ.. ကိုယ့်စိတ်ကို ကိုယ်သိပါတယ်.. ..။ ကိုယ်ဘာတွေ လုပ်မိဦးမလဲ .. ဆိုတာ...........သေချာပါတယ်.. ကိုယ်ဟာ တစ်ယောက်တည်း ပြန်ဖြစ်ရပြန်ဥိးမယ်...။ အမြဲတမ်း ကိုယ့်ကိုယ်ကို ပဲ ဒုက်ခပေးဖြစ်ပါလိမ့်ဦးမယ်...

My mom's health

မေမေ့ကျန်းမာရေးနှင့်ပတ်သတ်ရ်ျ

ကျန်ခဲ့တဲ့ ၂ ပတ်လောက်ကစလို့သတိထားမိတာဟာ မေမေ့ဗိုက်ကြီး တဖြည်းဖြည်းဖောင်းလာတာပါပဲ။ မေမေ ဆေးခန်းပြရအောင်ဆိုတော့ လေပွတာပါတဲ့။ သန်ဖြစ်မှာပါဆိုပြီး လေဆေးသောက်လိုက် သန်ဆေးသောက်လိုက် ၀မ်းနုတ်ဆေးသောက်လိုက်ပါ။ အဲဒါ ဇွတ်ပြောပြီး လျှောက်လုပ်မနေပါနဲ့ ဆေးခန်းသာပြလိုက်တာ ကောင်းပါတယ်လို့ ပြောပြီး တနင်္လာနေ့က သွားပြဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ ၄ လလောက်က မေမေက ခဏခဏ မိုက်ခနဲ မိုက်ခနဲ သတိလစ်သွားတတ်ပါတယ်။ ဆရာဝန်ဖြစ်ခါစ ကိုယ်တို့ ၀မ်းကွဲကလေးက နှလုံးအထူးကုနဲ့ ပြဖို့ အကြံဥာဏ်ပေးတာကြောင့် သူအကြံပြုတဲ့ သူ့ဆရာ.. ဒေါက်တာဦးအောင်ကျော်ဇောနဲ့ ပြဖြစ်ခဲ့တယ်။ သူ့အပြောက နှလုံးအားနည်းတာတဲ့။ နှလုံးခုန်နှုန်းပုံမှန် မဟုတ်တော့လို့.. အဲလို မကြာခဏသတိလစ်တယ်ပြောတယ်။ အဲလို မဖြစ်အောင် စက်ထည့်ရမယ်လို့အကြံပြုပါတယ်။ သိန်းအစိတ်လောက် အနည်းဆုံးကုန်ကျမယ်လို့ ဆိုပါတယ်.. ။ ဒါပေမယ့် မေမေကိုယ်တိုင်က စက်တော့မထည့်ချင်သေးဘူး ဆေးပဲသောက်ပါဦးမယ်ဆိုပြီး ဆေးပဲသောက်ခဲ့ပါတယ်။ (အကြောင်းက အဘွားတုန်းကလည်း အဲသလိုဖြစ်ဖူးတယ် လွန်ခဲ့တဲ့ ၄ နှစ်လောက်ကပါ။ အဲလိုပဲ စက်ထည့်ဖို့ပြောပါတယ်။ အဘွားက အဲသည်တုန်းက ၇၆ နှစ်။ မခွဲချင်တော့ပါဘူးလို့ပြောပါတယ်။ အဲသည်လို စက်မထည့်ရင် ၆ လသာ ခံတော့မယ်လို့ပြောပေမယ့်.. စက်တော့မထည့်ချင်ပါဘူးဆိုလို့.. ဆေးရုံကဆင်းပြီး ဆေးလေးသောက်လိုက်.. ပြုလိုက်နဲ့နေခဲ့တာ အဘွားက ခုထိ အသက်ရှင်နေဆဲပါ။ စက်သာထည့်ခဲ့ရင် အဲသည်ဒဏ်နဲ့ အဘွားခုလောက်ထိ နေရမယ် မထင်ပါ)

မေမေ့ကိစ်စမှာတော့ သံသယ၀င်ကြတာက အဲသည်ဆေးတွေကြောင့်များ သည်လို ဗိုက်ကြီးဖောင်းလာလေသလား လို့လည်း တွေးမိကြပါတယ်။ သည်တစ်ခေါက်ဆေးခန်းပြဖို့ကျတော့ အငယ်မလေး အလုပ်လုပ်တာက နယ်စည်းမထားဆရာဝန်များ အဖွဲ့ ဆိုတော့ သူ့ရုံးကဆရာဝန်တွေ မေးတော့ ဆရာကြီးဦးစန်းလွင်နဲ့ ပြကြည့်ပါလို့ ဆိုလာတယ်..။ ဆရာပြောင်းတာကို ကိုယ်ကသဘောမကျလှပေမယ့် အရင် ဆေးမှတ်တမ်းတွေ အားလုံးယူသွားပြဖို့နဲ့ ရောဂါဖော်ထုတ်သတ်မှတ်တာ မှားမှာစိုးလို့.. (ကျန်းမာရေးဆိုင်ရာမဂ်ဇင်းတစ်ခုမှ ဖတ်ခဲ့ဖူးလို့ပါ။ အထူးကုဆရာဝန်ပေမယ့် အချိန်တွန့်တိုပြီး လူနာကို စုံအောင်မမေးဘဲကုခဲ့လို့ မှားခဲ့တယ်ဆိုတာကိုရေးထားတာပါ) သောက်နေတဲံ့ဆေးတွေပါယူသွားပြီး ရာဇ၀င်ကိုပါ ပြောပြဖို့ ဆေးခန်းလိုက်ပြပေးမယ့် ကိုယ့်အစ်မကြီးနဲ့ သေချာမှာလိုက်ပါတယ်။ ရုံးချိန်တွင်းမို့ ကိုယ်က မလိုက်နိုင်ခဲ့ပါဘူး။

ကုန်ကျစရိတ်ကတော့ ၂ သောင်း ၃ သောင်းလောက်ကျမယ် ထင်တယ်လို့ မှန်းခဲ့ပေမယ့် တကယ်တမ်းမှာတော့ စုစုပေါင်း ၉သောင်း ၂ ထောင်ကျပါတယ်။ တော်တော်များများ ထပ်စစ်ရလို့ပါ၊
Result တွေကတော့ အင်္ဂါနေ့မှာရတယ်။ မနေ့ကပေါ့လေ..။ ရရချင်း ကိုယ့်ကို လာပြဖို့ နဲ့ ကော်ပီတစုံအရင်ဆွဲယူထားချင်တဲ့အကြောင်း အစ်မကြီးကိုမှာထားတာကြောင့်.. လာပြပါတယ်။ (ဆရာဝန်များက ယူထားလိုက်ရင် ကိုယ်မသိလိုက်ရမှာစိုးလို့ပါ။ ဘာသိလို့လည်း မေးရင်လည်း ခံရမှာပါပဲ။ ပြန်ရမရ မသေချာတာထက် သေချာအောင် ကိုယ်တစ်စုံယူထားလိုက်ချင်တာလေးပါပဲ။) တတ်သလောက် မှတ်သလောက်ဖတ်ကြည့်ရာမှာ HCV reactive လို့တွေ့တဲ့အတွက် ဒါဟာ အကြောင်းရင်းတစ်ခုပဲ လို့ယူဆပြိး အလုပ်ထဲက အသိဆရာဝန်ကို မေးကြည့်တော့ ဟက်ပါတိုက်တစ် စီပိုး လို့ သိရပါတယ်။ သူက ကန်ဆာအထိ ဖြစ်နိုင်တယ်လို့လည်း အကြမ်းဖျင်းသိလိုက်ရပါတယ်။ အစ်မကြီးလည်း ကော်ပီဆွဲပြီးတာနဲ့ ဆရာဝန်ချိန်းထားတဲ့အချိန် သွားထပ်တွေ့ပါတယ်။ ညက ကိုယ်အိမ်ပြန်ရောက်မှ ဆရာဝန်မှတ်ချက်ကို သိရပါတယ်။

မေမေပထမဆုံးဖြစ်တာက အဲသည် စီပိုးကြောင့်လို့ဆိုပါတယ်။ စီပိုးကြောင့် အသည်းကို ထိခိုက်တယ်။ အသည်းခြောက်လာတဲ့သဘောမှာ ရှိတယ်။ အဲသည် အသည်းကြောင့် နှလုံးကို ထိခိုက်တာဖြစ်တယ်။ နှလုံးက သိပ်အရေးမကြီးဘူး။ စက်ထည့်ရမယ့် အခြေအနေထိမဟုတ်ဘူးလို့ ဆိုပါတယ်။ အကယ်ရ်ျ စက်သာထည့်ခဲ့ရင် ပိုဆိုးနိုင်တဲ့အကြောင်းလည်း သိလိုက်ရပါတယ်။ အသည်းခြောက်တဲ့အနေအထားကို သိရအောင် ပြန်ရိုက်ကြည့်ရမယ် ပြောပါတယ်။

ကိုယ်တော်တော်စိတ်ဓာတ်ကျသွားပါတယ်။ မေမေ့ရောဂါအတွက် စိတ်မကောင်းတာကတစ်ပိုင်းပါ။ ကိုယ်တို့လို သာမန်လူတွေ အားကိုးတဲ့ အထူးကုကြီးအချို့ဟာ ဘာကြောင့်ရောဂါကို မှားယွင်းစွာ လက်လွတ်စပယ် ကုနေကြသလဲဆိုတာပါပဲ။ ပထမဆရာဝန်ဟာ တချိန်လုံးခွဲစေချင်နေပါတယ်။ တချိန်လုံး စက်ထည့်လိုက်ဖို့ ပြောပါတယ်။

ဒုတိယအကြိမ် အခြား စမ်းသပ်စစ်ဆေးမှုတွေကို လုပ်ပေးတဲ့ဆရာဝန်ကြီးနဲ့ကျမှ အဖြေမှန်က ပေါ်ပါတယ်။

ပထမတစ်ဦးနဲ့သာ ကိုယ်တို့ စခန်းသွားနေကြရင် မေမေ စောစောသေရနိုင်ပါတယ်။ ရုံးအလုပ်ကရှုပ်နေတဲ့အချိန်မျိုးမှာ သည်လိုမျိုးဖြစ်ရတယ် ဆိုပြီး ကိုယ်မှာ ဒေါသရော ၊ ၀မ်းနည်းတာရော ၊ ဆေးကုသစရိတ် ကိစ်စပါ ပေါင်းပြီး တော်တော်လေးကို စိတ်ညစ်ညူးမိပါတယ်။ ဖြစ်လာပြီဆိုမှတော့ ဘယ်လောက်ကုန်ကုန် ကုတော့ ကုရတော့မှာပဲလေ..။ တခြားတွေမှာ ချွေတာရမှာပေါ့..။ ဒီလိုတွေဖြစ်မှာစိုးလို့ မေမေနဲ့ ဖေဖေကို ကျန်ခဲ့တဲ့ ၃ လလောက်က ဆေးစစ်ဖို့ ပြောပါသေးတယ်။ ဆီးတို့၊ သွေးတို့ဝမ်းတို့ စြဖ်နိုင်ရင် အကုန်စစ်ကြည့်ပါလို့..ကိုယ်ပြောပါတယ်…။ မေမေက ပိန်ပိန်လာတာရယ်၊ ဖေဖေက ချောင်းဆိုးဆိုးနေတာရယ် (ဆေးလိပ်ကလည်း အလွန်သောက်တဲ့ဖေဖေပါ)၊ ကိုယ့်အဖို့ ဆေးစစ်ဖို့ပဲပြောနိုင်ပါတယ်။ နောက် စစ်ပြိးပြီ ။ အားလုံးကောင်းတယ်လို့ ပြောတယ်လို့ ကိုယ့်ကို မေမေက ပြန်ပြောခဲ့သေးတယ်။ အဲသည်တုန်းက ကိုယ်လည်း စိတ်အေးခဲ့ဖူးပါတယ်။ တခါမှတော့ တောင်းယူမကြည့်မိခဲ့ပါဘူး။ သူတို့က လူကြီးတွေကိုး။ အခုကျမှ မေမေအဲသည်တုန်းက စစ်ထားတာတွေရော ဆိုတော့.. အဲသည်တုန်းက အီးစီဂျီပဲ ဆွဲကြည့်တာလို့ ဖြေပါတယ်။ ကိုယ်တော်တော် လေး စိတ်ဓာတ်ကျမိပါတ်ယ။ စောစောကသိခဲ့ရင်.. ပိုမကောင်းပေဘူးလား။ ကိုယ့်ကျန်းမာရေးကို တစ်ချိန်လုံး ဂရုစိုက်ခဲ့တဲ့ မေမေက သူ့ကျန်းမာရေးသူကျတော့ စိတ်မ၀င်စားခဲ့ပါလား။ ကိုယ်သည့်ထက်ပိုပြီး သူတို့ရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့လိုလာပါပြီ။

လူကြီးတွေ ဆိုတာ သည်လိုပါပဲ။ လူငယ်တွေ ပြောတာကို အလေးထားလေ့မရှိဘူး။ သူတို့မွေးလာခဲ့လို့သာ ကိုယ်တို့လူဖြစ်ခဲ့တာ သူတို့ဘ၀အတွေ့အကြုံနဲ့ သူတို့ဆုံးဖြတ်တာ ပိုမှန်တယ်လို့ အမြဲယူဆလေ့ရှိကြပြန်သေးတယ်..။

Religion and I

ဘာသာတရား နှင့်ကျွန်မ

ကျွန်မဟာ ဗုဒ်ဓဘာသာကို သက်ဝင်ယုံကြည်ပါတယ်။
အထက်ပါစကားရဲ့ ဆိုလိုရင်းကတော့ ဂေါတမ မြတ်စွာဘုရားဟောကြားခဲ့တဲ့..တရားတော်တွေကို သိမှတ်မိသလောက် နေ့စဉ်လူနေမှုဘ၀မှာ လက်ခံယုံကြည်ကျင့်သုံးနိုင်ရန် ကြိုးစားနေသူဖြစ်ပါသည် လို့သာဆိုလိုပါတယ်။

တကယ်တော့ ကျွန်မဟာ အရင်တုန်းက ဗုဒ်ဓဘာသာ မိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ မိရိုးဖလာ ဗုဒ်ဓဘာသာဝင်တစ်ယောက်၊ နောက်တော့ နွေကျောင်းပိတ်ရက်တွေမှာ ဘုန်းကြီးကျောင်းကို မိဘတွေကလွှတ်ပြီး ဗုဒ်ဓဘာသာယဉ်ကျေးမှုသင်တန်းတွေ တက်ခဲ့ရတယ်။ ဗုဒ်ဓ၀င်ကိုလေ့လာခဲ့ရတယ်။ ပရိတ်ကြီး ၁၁သုတ်သင်တန်းတွေ တက်ရတယ်။ ဓမစကြာရွတ်ဆိုနည်းသင်တန်းတွေတက်၊ ကျက်မှတ်၊ ဖြေဆို စတာတွေလုပ်ရင်း ဗုဓ်ဓဘာသာကို ကိုးကွယ်သူဖြစ်ခဲ့တယ်။ သိလာလေလေ.. အတွေးလွန်တတ်တဲ့ ကျွန်မရဲ့ ထုံးစံအတိုင်း ယုတ်တိယုတ်တာကျကျ တွေးယူကြည့်ရင်း မေးခွန်းတွေ အများကြီးပေါ်ခဲ့ပါတယ်။ ပြောရရင်တော့အများကြီးပေါ့လေ...။
သည်ကာလအတွင်း ကျွန်မကရိပ်သာလည်း ၀င်ခဲ့ တရားထိုင်တာတွေလည်း လုပ်ခဲ့လိုက်ဖူးပါတယ်။

ဒါပေမယ့် ကျွန်မအသက် ၂၆ အရွယ်လောက်ရောက်တဲ့အခါကျတော့.. ဘာသာတရားနောက်လိုက်ရတာ မောလာပါတယ်။ မေးခွန်းတွေနဲ့ ရှုပ်ထွေးလာပါတယ်။ ကျွန်မတို့ဘာသာရဲ့ စာပေတွေမှာ အလွန်အကျူးဖွဲ့ဆိုခြင်းတွေက အတော်ဒုက်ခပေးနေပါတယ်။
လက်ရှိဘာသာတရားမှာ အရေးပါတဲ့အခန်းကန်ဒကရှိနေတဲ့ သံဃာတွေဘက်ကလိုအပ်တာတွေကိုလည်း တွေ့လာရပါတယ်။

ဘာသာတရားဟာ ကျင့်ကြံဖို့ဖြစ်တယ်လို့ ကျမနားလည်လာတဲ့အချိန်မှာ ဘုန်းကြီးများက ကိုးကွယ်မှုအပိုင်းကိုပဲ အားသန်ပါတယ်။ သီလကို အလေးပေးရမယ့် အချိန်မှာ အတော်များများက ဒါနကို အလေးပေးဟောပြောပါတယ်။
ဘာသာတရားရဲ့ ရှေ့ဆောင်လမ်းပြတွေဖြစ်တဲ့ .. ဘုန်းကြီးများရဲ့ အဓိကတာဝန်က မြတ်စွာဘုရားရဲ့ ကိုယ်စား ကျင့်ကြံနေထိုင်မှု အပိုင်းကို အဓိကထားပြီး လူသားများကို ဘ၀နေနည်းတွေ လမ်းပြရှေ့ဆောင်ရမယ် လို့ ကျွန်မက မြင်လာခဲ့တယ်။
လောကီနေသူများအတွက် ကျင့်ကြံလိုက်နာဖို့တရားနဲ့ လောကုတ်တရာဘက်ကိုကူးပြောင်းလိုရင် ကျင့်ကြံနေထိုင်သင့်တဲ့တရားဆိုပြီး လက်ရှိ ခေတ်နဲ့ အညီ ဗုဒ်ဓဘာသာများအဖို့ ငြိမ်းချမ်းစွာ ဘ၀နေနည်းများကို ညွှန်ပြပေးနိုင်ကြဖို့ ဖြစ်ပါတယ်။

ဗုဒ်ဓဘာသာတရားရဲ့ ခရီးဆုံးပန်းတိုင်ဟာ နိဗာန်ဖြစ်တယ်လို့ ကျွန်မနားလည်ထားသလို အားလုံးလည်း သည်လိုပဲ ယုံကြည်ကြပါတယ်။
နိဗာန်ချမ်းသာကိုရဖို့ ကျင့်ကြံရမယ်လို့လည်း နားလည်ထားကြတယ်။ ဘယ်လိုကျင့်ကြံမလဲ.. နိဗာန်ဆိုတာ ဘုံဌာနတစ်ခုမဟုတ်ဘဲ.. စိတ်နှလုံးချမ်းရာ စိတ်ရဲ့ အနေအထားတစ်မျိုးဖြစ်တယ် ဆိုပါတယ်.။ ထားပါတော့..။ အဲသည်တော့ အယူအဆတွေ အရဆိုရင် .. နိဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ တရားအားထုတ်ရမယ်ပေါ့။ အကောင်းဆုံးက လူ့ဘောင်ကိုစွန့် သာသနာ့ဘောင်ကိုဝင် လူ့ဘ၀ရဲ့ တာဝန်တွေ အကုန်လျော့ပြီး တရားအားထုတ်၊ နိဗာန်ကိုယူ။ ဒါအမှန်ဆုံး အမြန်ဆုံးနည်းလမ်းပေါ့လေ..။ (နှစ်ပေါင်းများစွာပါရမီဖြည့်ရတယ်တို့... ပါရမီ ရင့်သန်ချိန်ရောက်မှ ကျွတ်တန်းဝင်ရတယ် ဆိုတာတို့ကတော့ နောက်ထပ် အငြင်းပွားစရာကိစ်စပေါ့လေ.. ဒါကလည်း တစ်ပိုင်းထားပါဦး..)

ခက်တာက လူတိုင်းက သာသနာ့ဘောင်ဝင်နိုင်ကြတာမဟုတ်ဘူး။ လောကုတ်တရာတရားကို စွတ်ဟောဖို့ထက် လောကီမှာ နေတဲ့အခါ.. ငြိမ်းချမ်းအောင် ဘယ်လိုနေမလဲဆိုတာမျိုး.. အပလိုင်းဗုဒ်ဓဘာသာ လို့ခေါ်ရမလားပဲ။ ဒါမျိုးလိုတယ်။ အခု ဦးဇောတိက တို့ဘာတို့ရဲ့ တရားများလိုပေါ့။

ကိုယ်ကတော့ သီလထက် ဒါနကိုချည်း အလေးပေးတာမျိုးကို မကြိုက်ဘူး။ လှူဒါန်းခြင်းကိုလည်း တစုံတရာသောအကျိုးများကို မျှော်ကိုးရ်ျ လှူခြင်းများကသာ ကိုယ်တို့ဘာသာဝင်လူများမှာ အားသာနေတယ်လို့ မြင်တယ်။
တကယ့်စစ်မှန်တဲ့လှူဒါန်းခြင်းမှာ ဆုတောင်းခြင်း မလိုအပ်ဘူး။ ဒါလှူလိုက်လို့ ငါ့အတွက် သည်အကျိုးရရပါစေရဲ့ ဆိုတဲ့ လောဘပါနေရင် .. ဒါမဟုတ်တော့ဘူး။

ကိုယ့်စိတ်ထဲမှာ လိုအပ်တယ်လို့ထင်တဲ့အချိန်၊ လိုအပ်တယ်လို့ထင်တဲ့လူကို ကိုယ်ကလိုအပ်တယ်လို့ထင်တဲ့ပစ်စည်းကို ပေးလှူလိုက်မယ်။ အဲသလိုလှူလိုက်လို့ အသုံးတည့်သွားအဆင်ပြေသွားပြည့်ဝသွားမယ်ဆိုရင် .. ကိုယ်ကျေနပ်တယ်။ ပီတိဖြစ်မယ်။ ဒါဟာပြည့်စုံပါပြီ။ သည်လိုလှူလိုက်လို့ နိဗာန်ကို မျက်မှောက်ပြူရပါစေသား ဆိုလို့ကော.. ကျင့်ကြံမှု မရှိရင် ရောက်နိုင်မှာ မို့လို့လား။
(ရှိပါသေးတယ်။ လှူပေးပုဂိုလ်၊ လူဖွယ်ပစ်စည်း၊ လှူခံပုဂိုလ် ဆိုတာတွေ..။ နောက်မှ တစ်ခုချင်းစီ သုံးသပ်ရေးပါဦးမယ်လေ..)

သိမ်ဆောက်လို့ အပယ်တံခါးပိတ်မယ်ဆိုတဲ့ ဟောကြားချက်မျိုးကို ကိုယ်က အလွန်မုန်းတီးလှပါတယ်။ လူတွေမှာရှိတဲ့ခေါင်းထဲက ဦးနှောက်တွေက ချင့်ချိန်စဉ်းစားကြဖို့ သင့်ပါတယ်။ လုပ်ချင်တာလုပ်ထားကြတဲ့သူတွေအဖို့ သိမ်ဆောက်ရုံနဲ့ အပါယ်တံခါးပိတ်ရင်တော့... ... ကြိုက်တာလုပ်ကြ၊ ပြီးရင် သိမ်ဆောက်လိုက်ကြမယ် လို့ပြောရုံပဲရှိပါတော့တယ်။

နောက်ဆုံးအဖြေထွက်တော့.. ဘာသာတရားတိုင်းမှာ အခြေခံချင်းက သွားတူနေပါတယ်။ ဘာသာတရားတိုင်းရဲ့ ရည်ရွယ်ချက်က လူတွေ ကောင်းကောင်းနေကြဖို့ပဲ။ နောက်တစ်ခုက မွေးကတည်းက တစ်နေ့သေရမယ်ဆိုတာကို သိထားကြရတဲ့အတွက် မသေချင်တဲ့ ဘ၀တဏှာနဲ့ နောက်ဘ၀တွေဆွဲထည့်ထားတယ်လို့ ကိုယ်က ကောက်ချက်ချပါတယ်။ ကောင်းကင်ဘုံရှိမယ်။ ငရဲဘုံရှိမယ်။ ကောင်းတာတွေ လုပ်ဖို့ ကောင်းကင်ဘုံ သို့မဟုတ် နတ်ပြည်နဲ့ ဆွဲဆောင်ထားမယ်။ မကောင်းတာတွေ ကို ရှောင်ကြဉ်ဖို့ ငရဲနဲ့ ခြိမ်းခြောက်ထားမယ်။ အဲသည်အထဲက ကိုယ်တို့ဘာကိုယူမလဲ။
လူတစ်ယောက် မကောင်းတာမလုပ်ဖို့ ငရဲနဲ့ ခြောက်ဖို့လိုသလား။ ငရဲကြိးမှာစိုးလို့ ဒါကို မလုပ်ဘူးလို့တွေးတာမျိုးကို ကိုယ်ကရှုံ့ချချင်ပါတယ်။ ကိုယ်တို့လူသားတွေမှာ ဆင်ခြင်စဉ်းစားနိုင်တဲ့ ဦးနှောက်တွေပါပါတယ်။ မကောင်းတာ၊ မတရားတာကို မလုပ်မိဖို့ နောင်ဘ၀မှရောက်မယ့် ငရဲကြိုတွေးစရာမလိုပါဘူး။ အခုဘ၀မှာတင် လူဆန်တဲ့စိတ်၊ လူစိတ်နဲ့ နေနိုင်သူဟာ တော်တည့်မှန်ကန်စွာ စဉ်းစားနိုင်မှာပါ။
ကောင်းတာပဲလုပ်ဖို့ .. နတ်ပြည်နဲ့ဆွဲဆောင်မလား။ ကိုယ်ကတော့ နတ်ပြည်ကို စိတ်မ၀င်စားပါဘူး။ ကိုယ်သိရသလောက် နတ်သားများဟာ အပျော်အပါးနဲ့သာ အချိန်ကုန်ပြီး နတ်သမီးများက နတ်သားများကို အလုပ်အကြွေးပြုရတာနဲ့ အချိန်ကုန်ပါတယ်။ သူတို့ဘ၀ဟာ ကိုယ်တို့ လက်ရှိလူ့ဘ၀လောက်တောင်မှ အသုံးကျတာမဟုတ်ပါဘူး။ လူဆန်တဲ့စိတ်၊ လူကောင်းစိတ်နဲ့ပဲ ကောင်းတာတွေ လုပ်ရပါမယ်။
လက်ရှိခန်ဓာမတွယ်တာ နောင်ခန်ဓာကို မမျှော်ကိုးဘူးဆိုတာ အဲသည်မှာပြပါတယ်။ လက်ရှီခန်ဓာတွယ်တာစိတ်နဲ့ ကိုယ့်ဖို့တွေချည်းကြည့် ရင် မကောင်းတာတွေလုပ်မှာပဲ။ နောင်ခန်ဓာကို မျှော်ကိုးနေလို့သာ.. နောင်ဘ၀မှာ ကောင်းဖို့တွေ တွေးပူရင်း အလုပ်တွေ ရှုပ်နေကြရတာလို့ ကိုယ်ထင်တယ်။

ကိုယ့်အဖို့ကတော့.. ကိုးကွယ်ခြင်းနဲ့အချိန်မဖြုန်းဘူး။ ရွတ်ဆိုပူဇော်ခြင်းတွေနဲ့ အာရုံမနောက်ဘူး။ အဓိပါယ်မဲ့တဲ့ လှူဒါန်းခြင်းတွေ နဲ့ .ကိုယ်ပိုင်ပစ်စည်းများကို မဖြုန်းတည်းဘူး။ ကျင့်သုံးခြင်းနဲ့ပဲ မှန်ကန်စွာနေသွားဖို့ ကြိုါ်စားပါတယ်။
မြတ်စွာဘုရားရဲ့ တရားတော်တွေထဲမှာ ကိုယ်သဘောအကျဆုံးနဲ့ အပြည့်စုံဆုံးကတော့ မင်္ဂဂင် ၈ ပါးတရားတော်ပါပဲ။ အဲသည် ၈ ပါးသည်ပဲ.. ဘ၀မှာ တော်တဲ့မှန်ကန်စွာနေထိုင်မှုနဲ့ စိတ်နှလုံးအေးချမ်းမှုတို့ကို အပြည့်အ၀ပေးနိုင်မယ့်.. တရားတော်ပါပဲ။

ကိုယ့်အဖို့က လူ့ဘ၀စွန့်ဖို့စိတ်ကူးမရှိ၊ နောက်ဘ၀ကိုလည်း ကြိုမပူချင်၊ စိတ်မ၀င်စားချင်တာကြောင့်.. (သံသရာလည်ချင်သလောက်လည်စမ်းပါစေ) လောလောဆယ် မျက်မှောက်ပစ်စ်ုပန်မှာ သူများကို ကိုယ်က မလွန်ကျူးမိဖို့။ အကုသုလ်အလုပ်များ.. သူတပါးကို ထိခိုက်စေမှုများ လွန်ကျူးမှုများက ကင်းအောင် နေထိုင်သွားနိုင်ဖို့ကို ပဲ.. ဦးတည်ချင်ပါတယ်။

Sunday, November 18, 2007

Rodin, Rose, Camille & me

ရိုဒင်၊ ရို့စ်၊ ကမီးလ် နှင့် ကျွန်မ

ရိုဒင်ဆိုတဲ့စာအုပ်ကို ဖတ်ဖြစ်ခဲ့တာကြာပါပြီ။ ၂၀၀၄ သို့မဟုတ် ၂၀၀၅ က ဖြစ်မယ်။ ဒါပေမယ့် အဲသည်တုန်းက ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ မိုက်ကယ်အိန်ဂျလို ကို သဘောကျခဲ့သလို… ပြင်သစ်ရဲ့ နံမည်ကျော် ပန်းပုဆရာကြီး ရိုဒင် အကြောင်း မောင်ထွန်းသူက ပြန်ဆိုပြန်တော့လည်း ပါရမီထူးတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် သဘောကျ နှစ်ခြိုက်ခဲ့မိတယ်။ သူ့ရဲ့ လက်ရာပုံတွေကို ပုံနှိပ်ထားတဲ့ စာအုပ်ထဲပါတာကို ကြည့်လို့အားမရလို့.. အင်တာနက်မှာရှာဖွေကြည့်ရသေး စုဆောင်းရသေးတယ်..။ ရိုဒင်ရဲ့လက်ရာများကို သဘောကျတာနဲ့အတူ ရိုဒင့်ရဲ့ ပါရမီဖြည့်ဘက် ရို့စ် အင်မတန် နားလည်မှုပြည့်ဝတဲ့မိန်းကလေးအဖြစ်အသိအမှတ်ပြုခဲ့သလို.. ကင်မီလာကိုလည်း အစွဲအလန်းကြီးလွန်းတဲ့ ကလေးမကလေးအဖြစ်သာ ကောက်ချက်ချခဲ့မိတယ်။ ..အဲသည်တုန်းက ရိုဒင်ရဲ့ ပန်းပုတွေအကြောင်းလောက်သာ အာရုံများစူးစိုက်နေခဲ့မိတယ်ထင်ပါရဲ့… ။ အဲသည်ရိုဒင်ရဲ့ လက်ရာတွေသာ ကိုယ့်ကို စိုးမိုးနေခဲ့ပါတယ်။ သူတို့ ၂ ယောက်ရဲ့ မိန်းမသားဘ၀နဲ့ ကန်ဒကို သိပ်များများ မတွေးခဲ့မိဘူး။

နောက်တော့လည်း အဲသလို အနုပညာတွေဘက်ကို မျက်စိမလှည့်နိုင်လောက်အောင် အလုပ်တွေကများ၊ စာအုပ်တွေနဲ့လည်းကင်းကွာနေခဲ့တာ ၂ နှစ်ကျော်ရှိခဲ့ပေါ့။ သည် ၂ နှစ်ကျော်အတွင်း ကိုယ်ဟာ ဘ၀ထဲမှာရှင်သန် ရုန်းကန်ရင်း ကိုယ့်ရဲ့ ခံယူချက်တွေ ဘယ်လိုတွေ ပြောင်းလဲနေခဲ့တယ် ဆိုတာဟာ ကိုယ်ကိုယ်တိုင် တွေးခေါ်သတိထားမကြည့်မိခဲ့တဲ့ ကိစ်စ။

ဒါပေမယ့် ညကမှ စာအုပ်စင်ကနေ ရိုဒင်ရဲ့ စာအုပ်ကို ပြန်ကိုင်ကြည့်ရင်း အစအဆုံး တစ်ခေါက်ထပ်ဖတ်ကြည့်မိပြန်တယ်။ ရိုဒင်ကို ပါရမီထူးတဲ့ အနုပညာရှင်တစ်ဦးအဖြစ်ု လေးစားနှစ်လိုစိတ်က အရင်ကလိုရှိနေတုန်းပဲ ဆိုပေမယ့်.. ယောက်ျားတစ်ယောက် အနေနဲ့ အလွန်စက်ဆုတ်မိလာတယ်။ ရို့စ်နဲ့ သူနဲ့ ကို အပြန်အလှန်ချစ်တဲ့ ချစ်သူတွေ အဖြစ်မမြင်မိတော့ဘူး။ ရို့စ်ကိုရော ကင်မီလာကိုရောအပေါ်မှာ သူ့အချစ်မရှိဘူး။ ရို့စ်နဲ့ ကင်မီလာ တို့မှာရှိသမျှ သူဟာစုပ်ယူစားသုံးတယ်။ သူရဲ့အောင်မြင်မှုဟာ .ဲသည်အမျိုးသမီး နှစ်ယောက်လုံးရဲ့ ဘ၀တွေကို နင်းခြေ ပြီးမှ တက်လှမ်းခဲ့တာ လို့ နာကျည်းစွာတွေးမိသွားပြန်တယ်။ ရို့စ်ရဲ့ နာကျင်မှုမျိုးနဲ့ နာကျင်တတ်လာတယ်။ ရို့စ်ချစ်သလို.. ရို့စ်ခံစားချက်တွေကို မျိုသိပ်ပြီး နားလည်ကြင်နာပေးဖြည့်ဆည်းပေးရတဲ့ လိုချင်တာတွေ ရလေ့မရှိဘဲ အပေးသက်သက်သာ ရှင်သန်နေရတဲ့ မိန်းမတစ်ယောက်ရဲ့ ချစ်ခြင်းကို နားလည်တတ်လာလို့များလား။ ကင်မီလာလို့.. အပြည့်မရရင် လုံးဝမယူတော့ဘူးဆိုတဲ့ အတ်တတစ်ခုနဲ့ ရင်ထဲက အချစ်ကို ကိုယ်တိုင်ခြေမွဖျက်စီးရင်း.. ဘ၀တစ်ခုလုံးဆုံးရှုံးခံလိုက်ရတဲ့ (ရူးလို့တောင်သွားရသတဲ့) ကင်မီလာနာကျင်မှုတွေကို လည်း ကိုယ်က နားလည်တတ်ပြီ။

ရိုဒင်လို မိန်းမတစ်ယောက်ရဲ့ ဆန်ဒနဲ့ တွယ်မက်မှုကို မိန်းမတစ်ယောက်ဘက်က ခဏကလေးတောင်မှ ၀င်ကြည့်မပေးတတ်ဘဲ..သူ့အတွေးနဲ့သူသာ တစ်ကမ်ဘာလုပ်ရင်း ဘ၀ဖော်ကို တဘ၀လုံးအတွက် အောင်မြင်မှု၊ ဆုံးရှုံးမှု၊ ပျော်ရွှင်မှုဝမ်းနည်းမှု စတာတွေဝေမျှရမယ့်အစား စည်းတစ်ခုခြားလို့.. လိုရာသုံးအဖြစ်သဘောထားသူလို လူမျိုးကို သူဖန်တီးခဲ့တဲ့ အနုပညာသက်သက်ကိုပဲ ပိုင်းခြား ခံစားရင်း ကြံဖန် လေးစားးကြည့်ရတော့မယ်။

စာအုပ်ကိုဖတ်လို့ပြီးသွားတဲ့အချိန်မှာ မနက် ၂ နာရီထိုးနေပြီ။ စာအုပ်ကို ပိတ်လိုက်ပြီး စားပွဲပေါ်ချရင်း တအံ့တသြကြည့်ရင်းတွေးနေမိတယ်။ ကြည့်စမ်း ဘ၀ဟာ ၂ နှစ်အတွင်း ကိုယ့်ကို ပြောင်းလဲစေခဲ့လိုက်ပြန်ပြီ။ ဘယ်လိုအကြောင်းတရားတွေကများ လွန်ခဲ့တဲ့ ၂ နှစ်က ကိုယ်နဲ့ အခု ကိုယ် တို့ရဲ့ အတွေးအမြင်တွေ သည်လောက် လွဲချော်သွားစေခဲ့တာပါလိမ့်..။

ကံကောင်းတာတစ်ခုက ကိုယ်စိတ်ကူးယဉ်ခဲ့ဖူးတဲ့ တစ်နေ့ကျရင် ယူရုပ်ဖက်ကို သွားပြီး မိုက်ကယ်လ်အိန်ဂျလိုတို့ ရိုဒင်တို့ရဲ့ လက်ရာတွေကို ကိုယ်တိုင် ကြည့်ရှုချင်သေးတယ်ဆိုတဲ့ အိပ်မက်ကလေးတစ်ခု အကောင်းအတိုင်းကျန်နေသေးတာပါပဲ။ (ရိုဒင်ရဲ့ ပန်းပုတွေ ကိုယ်တိုင် မမြင်တွေ့ရဖူးပေမယ့်.. အင်တာနက်စာမျက်နှာတွေပေါ်က ခံစားရသမျှနဲ့ ကိုယ်ရှာဖွေသိရသမျှ နောက်ခံအကြောင်းအရာလေးများနဲ့ ဆက်စပ်ခံစားပါဦးမယ်။)

ကိုယ်တွေးမိတဲ့.. အံ့သြစရာကောင်းတဲ့နောက်တစ်ချက်က ကိုယ်တို့ဆီက ပန်းပုသမားတွေဟာ မြတ်စွာဘုရားပုံကလွဲလို့ တခြားထုဖို့ ဘာကြောင့် စိတ်မ၀င်စားကြသလဲ ဆိုတာ စဉ်းစားလို့မရပါဘူး။ ကျောက်သားကျောက်တောင်တွေလည်း ကိုယ်တို့မှာ ပေါပါရဲ့.. သို့ပေမယ့်.. မြတ်စွာဘုရားပုံတော် ကလွဲတဲ့ ကြေးသွန်းတို့ ကျောက်ဆစ်ပန်းပုတွေလည်း အတော်နည်းတယ်။ ကိုယ့်စိတ်ကူးထဲမှာ ရန်ကုန်မြို့ရဲ့ အ၀ိုင်းကြီးတွေအလည်မှာ..ဘာမှန်းမသိတဲ့ခပ်ပေါပေါပန်းတွေနဲ့ တန်ဆာဆင်မှု တွေထက်စာရင် စကျင်တောင်ဘက်ကထွက်တဲ့ကျောက်သားတွေ၊ ဂရက်နိုက်တုံးကြီးတွေနဲ့..မော်ဒန်ပန်းပုတွေထားရင် အများကြီးကြည့်ကောင်းမယ်ထင်မိတယ်။