Monday, November 10, 2008

ကုသိုလ်ကံ

ညကယောက်ျားနဲ့ ဒင်နာလိုက်သွားပါတယ်။ အဲသည်မှာ လက်ပ်တော့ ၄ လုံးမဲဖောက်တယ်။
ကိုယ်တစ်လုံးမှ မပေါက်ပါဘူး . .. (ဟီး)
ဒါပေမယ့် ပေါက်မဲနံပါတ် ၄ လုံးထဲက ၃ လုံးက ကိုယ်မဲနဲ့ ပွတ်ကာသီကာတွေ ချည်းပဲ။
ကိုယ့်မဲက ၁၉၉
ပေါက်သွားတာက ၁၉၆ (ဘယ်လောက်နဲစပ်သလဲနော်..)
နောက်တစ်မဲက ၀၉၉၊ နောက်တစ်မဲကတော့ သူ့ထက်နီးစပ်တာမရှိတော့ဘူး ၂၀၀ တဲ့တော်..။

အဲလိုပါပဲလေ.. ဘ၀မှာ အလကားရဖို့ကံက ပါကိုမလာဘူး။
လူတိုင်းကံထူးနိုင်တဲ့ ဗလာမပါ ကံစမ်းမဲဆိုရင်တောင် အညံ့ဆုံးဆုဟာ ကိုယ်ရမယ့်ဆုဆိုတာ သေချာသလောက်ပဲ။

လက်ဆောင်လဲကြတာမျိုးဆိုရင်တော့ .. မပြောချင်ပါဘူး။ ဒါပေမယ့် ပြောရဥိးမယ်။

၂၀၀၄ ဒီဇင်ဘာတုန်းကပေါ့။ အဲသည်တုန်းက ကိုယ် က WHO မှာလုပ်နေတယ်။
နယူးယီးယားပါတီပေါ့။ ၀န်ထမ်းအားလုံး လက်ဆောင်တွေ ထည့်ကြတယ်။ ပြီး ပြန်မဲဖောက်ကြတယ်။ တစ်ချို့ဆို ကိုယ်က တော်ရုံတန်ရုံလေး ထည့်ပေမယ့်.. လက်ဆောင်ကောင်းကောင်းတွေ ပြန်ပေါက်ကြတယ်။
ကိုယ်လား... ဟွန်း.. မပြောချင်ပါဘူး။ ယုံမလားတော့မသိဘူး။ ကိုယ့်မဲကိုယ် ပြန်ပေါက်တယ်လေ..။
စံပါယ်ဖြူက ၀ယ်တဲ့ ၇၀၀၀ တန် စားပွဲတင် သစ်ပင်ပုလေး။

အဲလို..
အဲလို...

1 comment:

JulyDream said...

မဟာ့မဟာ ဧရာမ ကံထူးရှင်ကြီးပဲဗျာ။ တွေ့ရတာ ၀မ်းသာပါတယ်။

ကိုယ့်လက်ဆောင် ကိုယ်ပြန်ရတယ်ဆိုပြီး အားမငယ်ပါနဲ့။ မလိုချင်ရင် ကျွန်တော့်ကို ပေးလိုက်လေ။