Sunday, December 28, 2008

သားသား ခေါင်းရိတ်သောနေ့

သားက ဆံပင်သန်တယ်။ မွေးကတည်းက ဆံပင်တွေမည်းနေတာပဲ။ အရင်က တစ်ခါ ရိတ်ဖူးပြီးသားပါ။ ခုတော့ သားက ၄ လကျော်ပြီဆိုတော့ နည်းနည်း သိတတ်စပြုပြီလေ..။ ငယ်တုန်းကတော့ သူ့ခေါင်းရိတ်တာကို သိပ်ခံစားရပုံမပေါ်ဘူး။ ခုတော့ သူတော်တော်ခံစားရပုံပဲ..။ ငိုလိုက်တာ ၀က်ဝက်ကွဲ။ ငါ့ကို နှိပ်စက်နေကြတယ်လို့များ တွေးလေသည်လားမသိ... တကယ့်ကို ၀မ်းနည်းပက်လက်ပဲ။ ကြည့်ကြပါဦးတော်..။


အားလုံးပြီးလို့ သူ့ကိုမှန်သွားပြတော့ မဲ့မဲ့.. မဲ့မဲ့နဲ့လေ..။


တကယ်က ကတုံးရိတ်ဖို့အထိ မရည်ရွယ်ပါဘူး။ ဒါပေမယ့် သားဆံပင်တွေကရှည်နေတော့ .. သူက ကုတ်ကုတ်နေလို့.. နည်းနည်း ပါးလိုက်မယ်ဆိုပြီး ဆံပင်ပါးတဲ့ ဂျုတ်ဓားလေး Spirit ကသွားဝယ်လာတယ်။ မေမေက စမ်းသပ်လုပ်တယ်။ ဖေဖေက အားမရလို့ ကတ်ကြေးနဲ့လိုက်ညှပ်တယ်။ ပုံဆိုးပန်းဆိုးလေး ဖြစ်သွားတော့ ဘွားဘွားက ငါ့မြေးကို ဒီပုံစံကြီးနဲ့တော့ မထားဘူးအေ.. ရိတ်ရင်အပြောင်ရိတ်မယ် ဆိုပြီး ခေါင်းရိတ်တဲ့စခန်းကို ရောက်သွားတော့တာပါ။

3 comments:

:P said...

ပုံလေးက သနားဖို့လည်းကောင်း၊ နောက်ဆုံးပုံက
မျက်ပြူးလေးနဲ့ ကတုံးနဲ့ ချစ်စရာ အကောင်းဆုံးပဲ

Maw said...

ကျေးဇူးပဲ။ ဟုတ်ပါ့..။ ကိုယ့်သားမို့ ကိုယ်ပြောတာမဟုတ်ဘူး။ ဘယ်လိုလေးဖြစ်ဖြစ် ချစ်စရာလေး လို့ကို ထင်နေတော့တာ။

Thet Su said...

အလကားကောင်လေး...သူ့ ဘာမှ မလုပ်ရသေးဘူး အော်ငိုတော့တာ...