Monday, December 29, 2008

သားသားနဲ့ သူ့မမ

ဘာရယ်မဟုတ်ပါဘူး.. တူမလေးရဲ့ ဓာတ်ပုံလေးတွေ ပြန်ကြည့်ရင်း သည်ဝတ်စုံလေးနဲ့ ပုံပြန်တွေ့လို့.. သားသားပုံနဲ့ ယှဉ်ပြီး အမှတ်တရ တင်ထားချင်လို့ပါ။ တူမလေးက သူ့တုန်းက အကျီ င်္လေးကို သားသားဖို့ ဆိုပြီး ဟိုနေ့က လာပေးတယ်။ သူက အခု ၄ နှစ်ရှိနေပြီ။ သားသားကတော့ ၄ လပေါ့..။

အဲသည်အကျီ င်္လေးက သူ ၉လ ၁ နှစ်ဝန်းကျင်က ၀တ်တာကလေးလေ...။ ဒါက တူမလေး ပေါ့။

သူ့တုန်းက ၉လ-၁နှစ် ၀တ်ခဲ့တာလေးက အခု သားသား ၄ လမှာ အတော်ပဲဖြစ်နေတယ်။
နောက်ပြီး ပုံလေးတွေကို ကြည့်ရင်း သူတို့ မောင်နှမ ၂ ယောက် ရုပ်ကလေးတွေ ခပ်ဆင်ဆင်ပဲ လို့တွေးမိသေးတယ်။း)

ဒါလေးက သားသား..

1 comment:

:P said...

သားသားပုံလေးက နားခိုရာမှာ မြင်ဖူးတယ်ထင်တယ်...
ဟုတ်တယ်၊ မောင်နှမ ၂ ယောက်ရုပ်ဆင်တယ်။
သားလေးက ပိုထွားနေတဲ့ သဘောပေါ့