Saturday, February 12, 2011

အလုပ်သစ် - အလစ်သုတ်

လတ်တလောမှာ အလွန်အလုပ်ပြောင်းချင်နေပါတယ်။ လက်ရှိလုပ်နေရတဲ့ field မှာ အလွန်ပဲ ပျင်းမုန်းငြီးငွေ့နေတယ်။
ဒါနဲ့ပဲ ကိုယ့်သူငယ်ချင်းများထဲကို မေးပါတယ်။ အလုပ်အကိုင်လေးများရှိရင် ပြောပါ လို့..။
ချစ်ဖို့ကောင်းလှတဲ့ သူငယ်ချင်းအစ်ကိုကြီးက ပြောပါတယ်။ နေပြည်တော် တိရိစ္ဆာန်ရုံမယ် ကျားစာကျွေးဖို့ အလုပ်တော့ရနိုင်တယ်တဲ့။ ခုလုပ်နေတဲ့အလုပ်ကို ငြီးငွေ့လှတဲ့စိတ်ကို ကျားစာကျွေးတဲ့အလုပ်နဲ့ယှဉ်ကြည့်လိုက်မိတော့.. ကျားစာကျွေးရမယ့် အလုပ်ကပဲ သိပ်မဆိုးလှဘူး ထင်တာနဲ့ စိတ်ဝင်စားပါတယ်၊ လုပ်ချင်တယ် ဒါပေမယ့်.. လစာနဲ့ အခြားသော မက်လောက်စရာ ဘာတွေရှိဦးမလဲ ဆိုတော့.. နင့်ကိုဆိုရင် ၂သိန်းလောက်တော့ ပေးနိုင်တယ်တဲ့။ ဘာပဲပြောပြော အဲလောက်ဆိုလဲ သားကျောင်းစရိတ်လောက်တော့ ရတာပဲလေ..။ နောက်ပြီး နေလို့ဖြစ်တဲ့ အိမ်လဲရမယ်တဲ့။ စားစရိတ်သောက်စရိတ်ကကော လို့ဆက်မေးမိတော့.. အဲဒါ မခက်ပါဘူးတဲ့..။ တိရိစ္ဆာန်ကျွေးမယ့် အစာတွေထဲက နင့်ဟာနင် သင့်သလို ယူချက်စားလို့ရတာပဲတဲ့။ ကိုယ်က ဘယ်လိုမျိုးတွေယူစားရမလဲ ကမန်းကတမ်း တွေးတုန်း.. ဘေးက သူငယ်ချင်းက ခွင်တွေပြောပြတယ်။ (သူက အရမ်း အကွက်မြင်တတ်တာလေ..။ ချက်ဆိုတာနဲ့ နားခွက်က မီးတောက်ပြီးသား။ဒါကြောင့်လဲ သူ့ကုမွဏီက သူ့ကို လက်မလွှတ်နိုင်တာဖြစ်မှာ..။) နင်ကလဲဟာ.. ဥပမာ-ကျားစာကျွေးမယ့်ထဲက အမဲသားတုံးပေါ့..။ ဘာပဲပြောပြော နင်အမဲသားကတော့ နေ့တိုင်းစားရနိုင်တယ်တဲ့။ သြ… ဒီလိုကိုး..ပေါ့.. ဒါကြောင့်လဲ တိရိစ္ဆာန်ရုံထဲက အကောင်တွေ ပိန်နေတာဖြစ်မယ်။ ဘာပဲပြောပြောဒါ လဲ မက်လောက်တယ်နော်...ဈေးဖိုးမကုန်ဘူး။ ကျားကျွေးမယ့်အထဲက အမဲသားရယ် တခြားအကောင်ဗလောင်တွေကျွေးမယ့်ဆီက အသီးအနှံနည်းနည်းပါးပါးစီ နှိုက်လိုက်ရင် ဖွယ်ဖွယ်ရာရာဟင်းတွေစားနိုင်မှာပဲလေ..။ ကျားကတော့ သိပ်ကျေနပ်မယ် မထင်ဘူး။ ဘာပဲဖြစ်ဖြစ်.. အဲသည်အလုပ်လဲပဲ မဆိုးလှဘူး။ ဒါကြောင့် အလစ်သုတ်ရမယ့် အလုပ်သစ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနေပါတယ်။ သည်လိုအလုပ်ကောင်းကို အော်ဖာပေးတဲ့ ငါ့အစ်ကိုကြီး ကျန်းမာချမ်းသာပါစေတော်.. စီးပွားတွေ ဆထက်တပိုးဒီရေးအလား တက်ပါစေလို့ ဆုတောင်းပေးရင်း ကျေးဇူးတင်လျက်ပါ။

No comments: