သားလေးမွေးပြီးကတည်းက ဘယ်လိုက ဘယ်လိုဝလာတယ်မသိ ၀ိတ်က ပေါင်၂၀လောက်တက်လာပါတယ်။ ဒီကိုယ်ခန်ဓာကြီးမှာ အရင်တုန်းက အ၀တ်အစားတွေ ဘယ်လိုမှ ၀တ်လို့မရတော့ပါ..။ ဆိုတော့ အကျီ င်္ အသစ်တွေ အပ်ရပါတယ်။ ဆိုင်ရောက်တုန်းတော့ ကတ်တလောက်လေးတွေ ကြည့်ရင်း (ဈေးဝယ်ထွက်ဖို့လဲ ပျင်းတာနဲ့) သူ့ဆီက အစတွေနဲ့ ပဲ ပြန်အပ်ခဲ့တာ ၈ စုံစြဖ်သွားတယ်။ အရင်ချုပ်ဖူးနေကျဆိုင်ဆိုတော့ ဈေးတွေလဲ မေးမနေတော့ဘူးပေါ့။ နောက် စလုံးကသူငယ်ချင်းတစ်ယောက် လာရင်း အကျီ င်္အပ်ဦးမယ်ဆိုတော့ အဲသည်ဆိုင်ကိုရောက်တယ်။ သူနဲ့ကိုယ်ကလဲ အကျင့်ကခပ်ဆင်ဆင်ဆိုတော့ ဈေးတွေမမေးခဲ့ဘူးပေါ့။ သူက ပြန်မယ့်ရက်ကပ်နေတော့ သူ့ဟာလေးတွေ အရင်လုပ်ပေးလိုက်ပါဆိုပြီး သွားခါနီး ဒရိုင်ဘာကို သွားရွေးခိုင်းလိုက်သတဲ့။ ချုပ်ခတွေချည်းပဲ ၉သောင်းကျော်ရှင်းခဲ့ရတယ်ဆိုပြီး ကိုယ့်ဆီ ဖုန်းလှမ်းဆက်တယ်။ အမလေး အကျိုးတော့နည်းပြီ..။ ငါက ၈စုံတောင် အပ်ထားတာဟဲ့.. မြန်မြန်ဘရိတ်အုပ်ခိုင်းမှ ဖြစ်မယ် လို့..
စကတ်တစ်ထည် ချုပ်ခ ၁၀၀၀၀ ယူပါတယ်။ ဘလောက်စ် တစ်ထည်ချုပ်ခ ၈ထောင်ပါ။ ဂါဝန်တစ်ထည် ချုပ်ခ ၂သောင်းခွဲယူပါတယ်။..
စက်ချုပ်အခြေခံသင်ထားပေမယ့် အပျင်းပြေလောက်ပဲ ချုပ်နေပြီး ကောင်းကောင်းမလိုက်စားခဲ့လို့.. ခုလို သူများကို ပိုက်ဆံပေးနေရတာ... အဟင့်..။
နောက်ဆို ကိုယ့်ဟာကိုယ်ပဲ ချုပ်ဝတ်တော့မယ်။
Thursday, November 13, 2008
ကိုယ့်အ၀တ်ကိုယ် ချုပ်ဝတ်ပါတော့မည်။
Posted by Maw at 7:58 PM
Subscribe to:
Post Comments (Atom)
1 comment:
ငါက ကြည့်နေဦးမယ်။အကျီတစ်ထည် ချုပ်ပေးမယ်ဆိုပြီး နှစ်နဲ့ချီလာတာ နောက်ဆုံး အဲဒီအစတောင် ပျောက်သွားတာမျိုး မသိတာမှ မဟုတ်တာ။ဒါပေမဲ့ ဆိုဖာအစွပ်တွေကိုတော့ ခဏနဲ့ ပြီးအောင် ချုပ်ပလိုက်တာကိုလည်း သိပါတယ်။ချုပ်ပဲ ချုပ်ဖြစ်ပါစေဦး။
Post a Comment