၂၂ရက် နေ့က ဦးသန့်ရဲ့ နှစ်၁၀၀ မွေးနေ့ အောက်မေ့ဖွယ်အခမ်းအနား တက်ရောက်ခဲ့ပါတယ်။
တကယ့်ကို ကသောကမျောပါပဲ။ ၂၀၀၇ တုန်းက ပရောဂျက်တစ်ခုရဲ့ ဒိုနာအောဒစ်တွေ ရုံးကိုလာမယ့်နေ့၊ ရုံးချုပ်က ဒီဒီဂျီ လာမယ့်နေ့၊ လပတ်စည်းဝေးတစ်ခုရှိတဲ့နေ့၊ အားလုံးဆုံဆည်းတဲ့နေ့တစ်နေ့ဖြစ်နေတယ်။ ၂၁ရက်နေ့က ဖိတ်စာကို အိမ်မှာထားခဲ့ပြီး အလု့ပ်တွေရှုပ်ယှက်ခတ်တော့ မေ့နေတယ်။ အိမ်ပြန်ရောက်တော့ မေမေက နက်ဖြန်ပွဲကသွားတက်မှာမဟုတ်လားတဲ့။ ချိတ်အနက် ၀တ်စုံကို ဘေးချုပ်ရိုးတွေဖြေထားတယ် တဲ့။ အဲသည်တော့မှ သတိရတယ်။ ဟုတ်သားပဲ။ သားသားလေးမွေးပြီး ၀တုတ်လာတဲ့ ကိုယ်ခန်ဓာနဲ့ ဘယ်မြန်မာဝတ်စုံမှ မတော်တော့ဘူးလေ..။ မေမေက အလိုက်တသိ စီစဉ်ပေးထားတယ်။ အဲသည်တော့မှ.. ဟုတ်သားပဲနော်.. ညပွဲလဲ ဖြစ်တယ်ဆိုတော့ အနက်ရောင်ပိုးချိတ်က အသင့်တော်ဆုံးပဲ။ ဖိတ်စာမှာက နေရှင်နယ်လ်ဒရက်စ်လို့ရေးထားတယ်လေ.။ အဲဒါနဲ့ ပြီးခဲ့တဲ့လကမှဝယ်ထားတဲံ့ စက်ကလေးနဲ့ ကမန်းတန်း ဘေးကို ပြန်ချုပ်ရတယ်။ တစ်ဖက်ကို ၁ လမစီလောက် ပြန်ချဲ့လို့ရသွားတာပေါ့။ ၀တ်ကြည့်တော့ အတော်ပဲ။ အဲဒါနဲ့ မီးပူတိုက်။ ချိတ်နဲ့ ချိတ်၊ ပိုးပုဝါ ပါထုတ်ချိတ်ပြီးမှ အိပ်ယာဝင်တယ်။
နောက်နေ့မှာ ကြုံရမယ့် ဒိုနာအောဒစ်က ပထမဆုံးအတွေ့အကြုံဖြစ်နေတာကြောင့် ကောင်းကောင်းအိပ်လို့မပျော်ပါဘူး။ အဲသည်ကာလများစီတုန်းက ဘတ်ဂျက်နည်းနည်းကို ပရောဂျက်အတွက်များများသုံးပြီး ၀န်ထမ်းလစာအသုံးစရိတ်ကို ချ ပြီး လူနည်းနည်းလေးနဲ့ လုပ်ခဲ့ရတာကြောင့်.. Role Segregation သိပ်မရှိပဲ Procurement လဲကိုယ်၊ account လဲကိုယ် treasury လဲကိုယ် financial reporting လဲကိုယ်၊ Chief of Mission မရှိတုန်း ယာယီ officer in charge လဲ ကိုယ် အဖြစ် Approval လုပ်တဲ့ role လဲကိုယ် ဖြစ်နေခဲ့တဲ့ ကာလများပေါ့။ ဘာအလွဲသုံးစားမှ မရှိ၊ အားလုံး ပြည့်ပြည့်စုံစုံလုပ်ထားသော်ညားလဲ.. အိပ်မပျော်တာကတော့ အမှန်ပါပဲ။
အဲလိုနဲ့ ၂၂ ရက်နေ့ ရုံးရောက်ပြီး နည်းနည်း စာရွက်စာတမ်းတွေ ပြည့်စုံမစုံ ပြန်ကြည့်နေတုန်း ဖုန်းလာတယ်။ ကိုယ်တို့ရုံးကိုလာမယ့် အောဒစ်အဖွဲ့ရဲ့ ခေါင်းဆောင် အပြင်းအထန်ဖြားလို့.. အဲသည်မနက် လေယာဉ်နဲ့ ပြန်သွားပြီတဲ့။ နောက်တစ်ဦးနဲ့ အစားထိုးပြန်ဖွဲ့ပြီး နောက်တစ်ရက်မှ လာတော့မယ် တဲ့။ သူများနေမကောင်းဖြစ်တာကို ၀မ်းမသာစကောင်းပေမယ့် ထိတ်ခနဲ ၀မ်းသာသွားမိသေးတယ်။ ဟိဟိ။
ထားပါတော့.. အဲသလို နဲ့ အလုပ်ရှုပ်တဲ့ တနေ့တာဖြတ်သန်းပြီးသကာလ ညနေပိုင်း ၄နာရီခွဲလောက်မှာ အပြင်ထွက်စရာကပေါ်လာတယ်။ မသွားလို့ကလဲမဖြစ်ဘူး။ ရုံးကားမရှိလို့ ညနေအခမ်းအနားကို တခြားရုံးက တစ်ယောက်နဲ့ အတူသွားဖို့ ချိန်းထားပြီးသား၊ သူကရုံးကား ရထားလို့..။ ကိုယ်တို့ကားတွေကတော့.. လူကြီးတွေနဲ့ နေပြည်တော်ကို ချီတက်သွားတာကြောင့် အပြင်သွားစရာရှိတဲ့ကိစ်စကို တက်က်စီနဲ့ဒိုး။ ပြန်ရောက်တော့ ၆နာရီ ၅မိနစ်၊ သွားဖို့ ချိန်းထားတက ၆ နာရီ ၁၅၊ အပြေးအလွားရုံးပေါ်ပြန်တက်တော့.. သူတို့ ထွက်သွားနှင့်ကြပြီတဲ့။ ဖြစ်ရပုံက အ၀တ်အစားထည့်ပေးလိုက်ပါလို့ အမိန့်တော်ရှိတာကို သူ့အိမ်ကကလေးမလေးက လုံချည်ပဲထည့်ပေးလိုက်ပြီး အကျီ င်္ပါမလာတာကို ရုံးမှာ အ၀တ်လဲမှ သိပြီး အိမ်ကို တစ်ခေါက်ပြန်ရမှာမို့ စောထွက်သွားရတယ်တဲ့။ ကောင်မလေးမရှိလို့ ကိုယ်တိုင်လုပ်ခဲ့ရတာကြောင့် ကိုယ့်မှာတော့ အဲပြသနာမရှိ။ သို့ပေမယ့် အင်းယားလိပ်အထိကို ကားမရှိဘဲ တစ်ယောက်ထဲသွားရတော့မပေါ့။ ကိုင်းဒုက်ခပဲ ဆိုပြီး အခန်းထဲမှာ အသင့်ချိတ်ထားတဲ့ ချိတ်ဝတ်စုံကို လဲ၊ မိတ်ကပ်တွေ ကမန်းကတန်းပွတ်ပြီး အင်းယားလိပ်ကို ပြေးရပါတယ်။
၆နာရီ ၄၅ မှ ရောက်တယ်။ အခမ်းအနား စခါနီးလေးပါပဲ။
အစီအစဉ်အတိုင်း MC လုပ်တဲ့ UNIC က ဦးအေးဝင်း က အစီအစဉ်ကိုပြောပြီး ပထမဆုံး Mr. BanKiMoon ရဲ့ message ကို UNRC ကဖတ်ကြားတယ်။ ကိုယ်အကြိုက်ဆုံးကတော့.. ဦးသန့်ရဲ့ သမီးဒေါ်အေးအေးသန့် ပြောသွားတာလေးတွေကိုပါပဲ။ ဦးသန့်ရဲ့ စကားအချို့ကို ကုတ်လုပ်လုပ်ပြီး ပြောသွားတယ်။ တစ်ခုပါပဲ... ဦးသန့် ဆိုတဲ့နံမည်ကို ဘိုတွေထွက်သလို ခပ်ဆန်းဆန်း လုပ်လုပ်ပြောသွားတာတစ်ခုတော့ သိပ်သဘောမတွေ့။ အခမ်းအနားကာလအတွင်းမှာ ဦးသန့်ရဲ့ မှတ်တမ်းဝင်ဓာတ်ပုံတွေကို ပရောဂျက်တာနဲ့ ထိုးပေးထားပါတယ်။
အရေးထဲမှာ ကိုယ့်ရဲ့ မိတ်ဆွေ (တခြားရုံးကတစ်ဦး) က ဦးသန့်ဓာတ်ပုံတွေကိုကြည့်ရင်း ဦးသန့်က နှုတ်ခမ်းတော်တော်လှတာနော်.. ကောင်မလေးနှုတ်ခမ်းလေးလို ဖူးဖူးလေး တဲ့... (ဟားဟား...... ဒုက်ခ)
နောက်တော့ ဧည့်ခံကျွေးမွေးတဲ့ ဘူဖေးဒင်နာစားပြီး ပြန်ကြပါတယ်။ ဦးသန့်ရဲ့ ပိုစတာရယ်၊ သူ့ဘိုင်အိုဂရပ်ဖီ အကျဉ်း ပန်းဖလတ်လေးတွေရယ် နောက် ဦးသန့် အင်စတီကျုအကြောင်း ပန်းဖလတ်ရယ် ရခဲ့တယ်။
အခမ်းအနားကာလအတွင်း ဥှီုးသန့်အကြောင်း အမှတ်တရ ပြောသွားကြတာတွေနားထောင်ရင်း သူ့ဓာတ်ပုံတွေကြည့်ရင်း ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူအားကျမိပါတယ်။ ဟိုတရက်ကပြောခဲ့သလိုမျိုးပေါ့လေ... လူတွေဟာ မွေးလာပြီးရင် တစ်နေ့တော့ သေကြရမှာပဲ။ မသေခင်ကာလအတွင်း ဘာလုပ်ခဲ့မလဲ.. ။ လူပေါင်းများစွာထဲက တစ်ယောက်အဖြစ် လူမသိသူမသိသေဆုံးပျောက်ကွယ်သွားခြင်းထက် ကိုယ်သည်ကဘာပေါ်မှာ ရှိခဲ့ကြောင်း အထောက်အထားပေါင်းများစွာနဲ့.. မမေ့နိုင်လောက်သော စွမ်းဆောင်မှုတွေနဲ့.. ချန်ထားနိုင်ခဲ့တဲ့ လူတစ်ယောက်ဖြစ်ရတာ ဘယ်လောက် အဖိုးတန်သလဲ...။
နောက် သူဟာ မြန်မာတစ်ယောက်၊ အဲသည်အတွက် ကိုယ်ဂုဏ်ယူမိတယ်။ ဦးသန့်လောက်အထိ မလုပ်နိုင်ပေမယ့် (လုပ်နိုင်စွမ်း ကိုယ့်မှာ မရှိတော့ပေမယ့်...- ဒါက ခုတော့ သေချာသွားတာပါ) အနည်းဆုံး ကိုယ်တည်ရှိခဲ့တဲ့ လူ့ပတ်ဝန်းကျင်တစ်ခုမှာတော့ အကျိုးရှိတဲ့ တန်ဖိုးရှိတဲ့ လူတစ်ယောက်အဖြစ် ရှင်သန်နေထိုင်သွားဖို့ ဆုံးဖြတ်မိပါတယ်။
ဦးသန့်ရဲ့ ပုံရိတ်တွေကို ကြည့်ရင်း ၁၆-၁၇ အရွယ် ကလေးမလေးတစ်ယောက် အကြောင်း ပြန်စဉ်းစားမိတယ်။ ကိုယ်ပေါ့။ ငယ်ငယ်တုန်းက ကိုယ်ဖြစ်ချင်ခဲ့တာ သံတမန်တစ်ဦးပါ။ အဲဒါကြောင့် တကသိုလ်တက်ဖို့ ဘာကိုမှ ထူးထွေမစဉ်းစားဘဲ နိုင်ငံတကာဆက်ဆံရေးဆိုတဲ့ ဘာသာရပ်ကို ယူခဲ့တာ။ ကံအကြောင်းမလှလို့ ကိုယ့်ဘ၀လမ်းကြောင်းဟာ တည့်တည့်မတ်မတ်မသွားရဘဲ... ကျောင်းတွေကကာလကြာရှည်ပိတ်၊ အခြားသောအလုပ်တွေဝင်လုပ်ရင်း ဘွဲ့မရခင်မှာပဲ ကိုယ်ဟာ စာရင်းကိုင် လိုင်းထဲကို ၀င်မှန်းမသိဝင်သွားတော့တာပါပဲ။ ကျောင်းပြန်ဖွင့်တဲ့ ကာလမှာတော့ ကိုယ်ဟာ သံရုံးတစ်ရုံးမှာ Admin ဌာနက လိုကယ်လ်အုပ်ချုပ်ရေးနဲ့စာရင်းကိုင်ဝန်ထမ်းဖြစ်နေပါပြီ။ ဘွဲ့ရတဲ့အထိပညာသင်ခဲ့ပေမယ့်.. နောက်ဆုံးနှစ်မှာ ထူးထူးချွန်ချွန်နဲ့ မဟာတန်း ဆက်တက်လိုခဲ့ပေမယ့် .. အလုပ်တစ်ဖက်နဲ့ ဖြစ်အောင်လုပ်ရတဲ့ အတွက် အဲသည်လောက် မထွန်းပေါက်ခဲ့ရပါဘူး။ သေချာပြန်စဥ်းစားပြန်တော့ ငယ်စဉ်က ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်ဝင်ရမယ်။ လုပ်သက်ယူရမယ်။ နိုင်ငံခြား အဆိုင်းမန့် ကျဖို့ဆိုတာက လွယ်တဲ့ကိစ်စတစ်ခုမဟုတ်ဘူးလေ..။ နိုင်ငံခြားရေးဝန်ကြီးဌာနဆိုတာကလည်း... ။ဆွေမျိုးတတွေစုနေတဲ့ နေရာကြီးတစ်ခုလိုဖြစ်လို့နေပြီကိုး။ ကိုယ့်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဆွေမျိုးလဲမရှိ၊ ကိုယ့်ဦးလေး၊ အဖေတို့ကလဲ.. သံအမတ်ကြီးဟောင်းများမဟုတ်ဆိုတော့ကာ .. ဒါသည် လွယ်သည့်ကိစ်စမဟုတ်ဘူးကိုး။ နောက်တစ်ခုက ကိုယ့်အဖေ ပင်စင်ယူရမယ့်အချိန်မှာ ကိုယ်က ဒေါ်လာစားဖြစ်ပြီး မိသားစုကို ပြန်ထောက်နေရတဲ့အချိန် အစိုးရလခစား လိုင်းကို ဘယ်လိုမှ ပြန်ဝင်ဖို့ အခွင့်အလမ်းမရှိခဲ့ဘူး။ ရင်းနှီးရမယ့် ကာလတစ်ခုအတွက် ကျောထောက်နောက်ခံ စီးပွားရေးမရှိဘူး။
သည်လိုနဲ့ .. ယူအန်န် ၀န်ထမ်းတစ်ယောက် အဖြစ်ကိုပဲ ရည်မှန်းလိုက်ရတော့တယ်။ ခရီးတစ်ဝက်ရောက်နေတာက စာရင်းပိုင်းပေါ့။ စိတ်ကတော့မလျှော့သေးပါဘူး။ တစ်ခုခုတော့ ဖြစ်ရဦးမယ်လေ..။ သည်အတိုင်းတော့ မဟုတ်သေးဘူးပေါ့။
ကိုယ့်ရဲ့ အတ်တကလဲ များသေးတော့.. .. ပေးဆပ်ရင်းနှီးရမယ့် ကိစ်စတွေကို သိပ်များများမပေးနိုင်တဲ့အတွက် နည်းနည်း တော့ နှေးနေတယ်။ ဥပမာ ယောက်ျားနဲ့ သားသားပေါ့။ သူတို့ကို ရယူလိုမှုကြောင့် နှေးသွား၊ ကြန့်ကြာသွားတာတွေရှိပေမယ့်လို့.. ဒါကို ကျေနပ်ပါတယ်။
တကယ်တော့ လုပ်ချင်တာသိပ်များတဲ့ မိန်းမတွေ အိမ်ထောင်မပြုသင့်ဘူး လို့ ကိုယ်တိုင် ပြောခဲ့ပေမယ့်လို့.. ကိုယ့်အိမ်ထောင်ရေးအတွက်တော့ နောင်တမရခဲ့ပါဘူး။ ရနိုင်သလောက် နောက်.. တက်စွမ်းသလောက်.. ယူနိုင်သလောက်.. ယူရမယ်လေ.. ။
Friday, January 23, 2009
အဲသည်နေ့က.. ...
Posted by Maw at 7:38 PM
Labels: သူလိုလူ, တွေးမိတွေးရာလေးများ, နေ့ရက်များ
Subscribe to:
Post Comments (Atom)
1 comment:
သြော်... ဦးသန့် နှစ်ရာပြည့်ပွဲကို တက်ခဲ့တာကိုး။ အားကျတယ်ဗျာ။
ကျွန်တော်လည်း အဲဒီဘက်ကို ၀င်ချင်ပေမယ့် အခုထိ တိုးမပေါက်သေးပါဘူး။ ဆက်လက် မတိုးဖြစ်တာလဲ ပါတာပေါ့ဗျာ။
Post a Comment