Saturday, February 12, 2011

သားသား ကျောင်းစတက်ပါပြီ။

သားကလေးက အခု မူကြိုတက်နေပါပြီ။ အိမ်နားနီးတဲ့ SILTA မှာထားဖြစ်ပါတယ်။ စာမသင်သေးပါဘူး။ ကျောင်းပျော်အောင် နေ့ ၁ ပိုင်းပဲထားဖြစ်သေးတယ်။ ကလေးအများစုတို့ရဲ့ ထုံးစံအတိုင်း မနက်တိုင်း ကျောင်းမသွားချင်ဘူးဆိုတာကို စာကားလုပ်ပြီး ပြင်ဆင်ပေးနေသမျှ အီနေတတ်ပါပြီ။
သူတို့ကျောင်းက တနင်္လာနဲ့ သောကြာ ၂ ရက် ကျောင်းဝတ်စုံဝတ်ရပါတယ်။ ဒီပုံကတော့ သားသားရဲ့ ကျောင်းဝတ်စုံနဲ့ပုံပါ။
ကြားရက်တွေတော့ အခြားအ၀တ်အစား ၀တ်လို့ရပါတယ်။
တရက်က သားကိုကျောင်းလိုက်ပို့ရင်း ဓာတ်လှေခါးထဲမှာ သားက မေမေ့ကျောင်းမသွားချင်ဘူး၊ ကျောင်းမသွားချင်ပါဘူးဆို လို့ တတွတ်တွတ် နဲ့..လုပ်နေတာကို သားထက်နည်းနည်းကြီးပုံရတဲ့ ကလေးက (သူကလဲ သူ့အမေနဲ့အတူ ကျောင်းတက်ဖို့ ဓာတ်လှေခါးထဲပါလာတာ) ကိုယ်ချီ ထားတဲ့သားကို စောင်းငမ်းငမ်း မော့ကြည့်ပြီး ကျောင်းမှာတော့ သူပဲဆော့နေပြီးတော့.. လို့မှတ်ချက်ပြုပါတယ်။

ဆရာမတွေကို အကျိုးအကြောင်းမေးကြည့်တော့ ကျောင်းမှာတော့ အဆင်ပြေပါတယ် ဆိုပါတယ်။ ခုဆို ကျောင်းတက်တာ ၂ ပတ်ရှိနေပြီဖြစ်ပေမယ့် မနက် ကျောင်းပို့တိုင်း ဂျစ်တိုက် ဆဲပါပဲ။ ၁ လ လောက်နေရင်တော့ အသားကျသွားမယ် မျှော်လင့်ရတာပါပဲ။း(

2 comments:

AMK said...

နေကောင်းလား အစ်မရေ. facebook link ကနေ လိုက်လာတာ သားသားလေးတောင် ကျောင်းသွားနေပြီနော်. အစ်ကို ရဲ့  နားခိုရာ လဲ သွားကြည့်သေးတယ် အသစ်မရှိတာကြာလှပေါ့

Maw said...

နေကောင်းကျန်းမာပါတယ်။ ကိုထွန်းခိုင်ကတော့ ဘလော့ဂ်မရေးဖြစ်တာ ကြာပါပြီ။ ကိုယ်လဲ ခုမှ ပြန်ရေးဖြစ်တာ။ လာဖတ်တာ ကျေးဇူးပါ။း)