Sunday, November 12, 2006

Lin Yutang

မြှုပ်ချည်ပေါ်ချည် ဒီဘ၀က
ငါဟာ တစ်ဝက်-တစ်ဝက် ကိုပဲ တွေ့လိုက်ရ
ကြည့်စမ်း ပဉ္စလက်စကားဆန်း (တစ်ဝက်)..တဲ့
အဓိပ္ပာယ် ကြွယ်လှချည်ရဲ့

အရှိန်ကို လျှော့လိုက်တဲ့အခါ
သက်တောင့်သက်သာ ရှိစေမှာ
အဲဒီ့အခါ သင့်ဘ၀ဟာ
အရင်ကထက် ပျော်ရွှင်မှုတွေ ပိုင်စေမှာ

တစ်ဝက်-တစ်ဝက် နည်းလမ်းသာ
ဘ၀မှာ အကောင်းဆုံး အခြေအနေပါ။

ကျယ်ပြောတဲ့ လောကကြီးဟာ
ကောင်းကင်နဲ့ မြေကြီးကြားမှာ ရှိနေတာ
မြို့ပြနဲ့ ကျေးလက်ကြား ခရောစီးးတစ်ဝက်မှာ အခြေချပါ
တောင်များနဲ့ စမ်းချောင်းလေးကြားတစ်နေရာ
လယ်ယာစိုက်ပျိုးလုပ်ကိုင်ပါ
ပညာရှာပါ..၊ ပညာရှိလို့ (တစ်ဝက်ပဲနေပါ)

စီးပွားရှာပါ..၊ တစ်ဝက်ရရင် ပြည့်စုံပါ
အထက်လွှာတွေနဲ့ တစ်ဝက်ဆက်ဆံပါ
အောက်လွှာတွေနဲ့ တစ်ဝက်ပေါင်းသင်းပါ
အဟောင်းတစ်ဝက် ၀တ်ဆင်ကာ
အသစ်တစ်ဝက် ဆင်မြန်းပါ၊

အိမ်တစ်ဝက်ကို ခမ်းခမ်းနားနား ပြင်ဆင်ပါ
ကျန်တဲ့ တစ်ဝက်ကို ရောစိးုးရိုးစင်းစင်း ခင်းကျင်းပါ
ရိုးအလွန်းတဲ့သူ၊ သွက်လက်ဖြတ်လတ်လွန်းတဲ့သူ
ဇနီးလုပ်ဖို့ ရှောင်ကြဉ်ပါ

တစ်ဝက်တစ်ပိုင်းပဲ သောက်တတ်သူဟာ
ပညာရှိ အရက်သမားပါ။
ရွက်တစ်ဝက် ဖွင့်လှော်တဲ့ ရွက်လှေသာ
တည်ငြိမ်နေတဲ့ လှေတစ်စင်းပါ။

အဲဒီအခါ သင့်နှလုံးသားမှာ
ဗုဒ္ဓတစ်ဝက်၊ တာအိုတစ်ဝက် ခံစားချက်နဲ့
ငြိမ်းအေးချမ်းသာ
တစ်ဝက်က နည်းနည်းကျော်တဲ့အခါ
ပူလောင်မှုတွေ တိုးမြင့်လာ
တစ်ဝက်ကအောက် နည်းနည်းရောက်သွားတဲ့အခါ
ပိုင်ဆိုင်ဖို့အတွက် လှုပ်ရှားလာ

ဘ၀ဆိုတာ အချိုတစ်ဝက် အခါးတစ်ဝက်
ရောစပ်ထားတဲ့ အရာပါ
မြည်းစမ်းကြည့်သူဟာ
ပညာရှိတစ်ဝက် ပါးနပ်သူတစ်ဝက်ဖြစ်ရမှာ။

လင်ယုတန်

2 comments:

TKLinn said...

ဟေး.. နာရောက်လာဘီ..
မိုက်လဒယ်.. ဆက်လုပ်.. အားပေးမယ်..

LetItRock said...

Nice !! There are some myanmar fonts problems on the post though, looks like "Ya Gaut" problem.