Saturday, November 11, 2006

LOVE (မြစ်တို့ဧ။် မာယာ)

ဂျူးရဲ့ ၀တ်ထုတစ်ပုဒ်ထဲမှာ အချစ်ဆိုတာကြီးကို ပြောထားတာ. . (ကိုယ်ရေရေရာရာ မသိသေးတဲ့အရာထဲမှာ အဲဒါသည်လဲ တစ်ခုအပါအ၀င်ဖြစ်နေတယ်..)

မြစ်တို့၏မာယာ (ဂျူး)

"အချစ်ဆိုတာ ဘယ်လိုဟာမျိုးလဲ အေးအေးသွယ်"

"အလိုလေး.. အံ့ဖွယ်ပါလားကေသီ.. ယောက်ျားတစ်ယောက်ကို လက်ထပ်ဖို့ စဉ်းစားနေတဲ့ မိန်းမတစ်ယောက်က အချစ်ဆိုတာ ဘယ်လိုဟာမျိုးလဲ လို့ မေးနေရသေးလား"

.

အေးအေးသွယ်က ကိုင်ထားသည့်ဇွန်းခက်ရင်းကို ပစ်ချကာ မိန့်ခွန်းခြွေတော့မည့် သဘာပတိ ပုံစံမျိုးဖြင့် ကေသီ့ကို အလေးအနက် ကြည့်၏။

" လူနှစ်ဦးချစ်တယ်ဆိုတာတဲ့.. ၀ိဥာဉ်နှစ်ခုက အတွေးတစ်မျိုးတည်းကို ပူးပေါင်းပြီးတွေးတာ.. အသည်းနှလုံး နှစ်ခုဟာ တစ်ခုတည်းလို ခုန်တာ.. အဲဒါမျိုးကို ခေါ်တယ်တဲ့.."

"ဘယ်သူကပြောတာလဲ"

"ဂျာမန် စာရေးဆရာ တစ်ယောက်ပဲလေ.. ငါဖတ်ဖူးတဲ့ကောက်နုတ်ချက် စာအုပ်ထဲက တွေ့တာ.. "

ကဲ.. ၀ိဥာဉ်နှစ်ခုက တစ်မျိုးတည်းတွေးတာ.. အသည်းနှလုံး နှစ်ခုဟာ တစ်ခုတည်းလို ခုန်တာ..... တဲ့.. ဖြစ်နိုင်ခဲပါဘိခြင်းနော်... ဒါဆို အချစ် ဆိုတာကြီးကလဲ (စစ်မှန်သော.. အမြဲ မပြောင်းလဲ တည်တံ့သော အချစ်) လူနှစ်ယောက် ကြားမှာ ဖြစ်တည်လာဖို့ ဆိုတာ အတော်ခဲယဉ်းသည့်အရာ လို့ သာ ကိုယ်နားလည် ထားလိုက်တော့မည်..

ဝတ္ထုဆုံးသွားတဲ့အထိ ကေသီ တကယ်ချစ်မိသွားတဲ့ မိုးဝေ နဲ့.. ကေသီ အတွေးတစ်ခုတည်းကို တွေးခဲ့ကြသလား.. အသည်းနှလုံး နှစ်ခု တစ်ခုတည်းလို ခုန်ခဲ့ကြသလား.. ကိုယ် ဘယ်နှစ်ခါပြန်ဖတ်ဖတ် မရေရာပါ.. သို့ပေမယ့် သူတို့ ချစ်ကြသည် ဆိုတာကိုတော့ ကိုယ်ခံစားလို့ရတယ်.. အဲဒီ ချစ်တယ် ..ဆို တာ ကြီးက ဘေးလူအနေနဲ့ တော့ ခံစားကြည့်လို့ ရောစးသားပါလားနော်.. ကိုယ်ကတော့ မသိပါ.. အဲဒါလေးတစ်ခု မသိခြင်းဟာ ကိုယ်ဆက်လက် အသက်ရှင်နေထိုင်ဖို့ ပြသနာတစုံတရာ မဖြစ်နိုင်ဘူး.. (တနည်း) အရေးမကြီးလှဘူး လို့ သေချာနေပေမယ့် .. တစုံတယောက်ကို ကိုယ်ချစ်သွားပြီ လို့ ဘယ်လိုအခါမျိုးမှာ သတ်မှတ်လို့ ရမလဲ ဆိုတာလေးလောက်တော့ .. ကိုယ်သိထားသင့်တယ်ထင်ပါရဲ့... ဘာလို့လဲ ဆိုတော့ ကိုယ်ဆိုတဲ့ ကိုယ်ဟာ နေရာတကာ စစ်စစ်ပေါက်ပေါက် တွေးတတ်လွန်းပေမယ့် တခါတလေကျပြန်တော့ အမှုမဲ့အမှတ်မဲ့ ယောင်ဝါးဝါး ဖြစ်နေတတ်လွန်းလို့ပါ..

No comments: