Saturday, November 11, 2006

တစ်ခါက ဧရာဝတီညများ (ဂျူး-လွင်မိုး)

စကြည့်ကာစမှာ မကြိုက်ပါဘူး.. ဒေါ်ငွေအိမ် (မေသန်းနု) က ဦးမင်းခေါင် (ညွှန့်ဝင်း) ကို ရေချိုးပေးနေတဲ့.. ပြကွက်.. ဦးမင်းအောင်က ပြုံးပြုံး ပြုံးပြုံးနဲ့ မျက်နှာ.. ဟင့်အင်း.. သည်လိုမျက်နှာမဟုတ်ရဘူး.. အပြစ်ရှိတဲ့ သူရဲ့ အားတုံ့အားနာ.. အနည်းငယ်တော့ ကြည်နုးချမ်းမြေ့စေ.. သို့ပေမယ့်.. အပြစ်ရှိသူရဲ့ မလုံမလဲ.. မျက်လုံးမျိုးပါသင့်တယ်...

ရဝေအောင်ရဲ့ .. သံစဉ်မမှန်တဲ့ ကျွန်တော့ဖေဖေလားဟင်.. ဆိုတဲ့ အမေး ကို စိတ်ပျက်မိပေမယ့်.. မိုးကလျာထက် လား.. model မလေးရဲ့ ခပ်ရို့ရို့.. မ၀ံ့တ၀ံ့ ဟန်ကလေးက တော့.. စာထဲမှာ ဂျူး ချယ်မှုန်းထားတဲ့ ငွေအိမ်စံရဲ့ ဟန်ကလေးပါပဲ...

မြင်းစီးတဲ့ အခန်းတွေ မပါတော့ဘူး.. အေးလေ.. အဲဒါက ရိုက်ရခက်ပေမပေါ့.. အသက်စွန့်ရတဲ့အခန်းတွေ.. အဲသည်.. သားမြင်းစီးသွားတာကို လိုက်ကယ်တဲ့အခန်းမပါဘဲ.. . "တခါတရံမှာ ဖြစ်နိုင်ချေလေး တစ်ခုတည်း အတွက် အသက်ကိုပါ ရင်းပြီး လုပ်ကြရတတ်တယ်" ဆိုတဲ့... စကားသက်သက် ပါလာတော့... ဒီကားကြည့်တဲ့ လူအားလုံး ၀တ္ထု ဖတ်ထားကြပါ့မလား စိတ်ပူမိတယ်..

ဝတ္ထုဖတ်ထားရတော့.. အားလုံးကို သိနေတယ်.. ဘယ်လောက်လေးပဲ ပြပြ ခြုံငုံမိနေတယ်..

ဇာတ်ကားကြည့်ရင်း ကိုယ်ရသလို.. သူများတွေ မရကြမှာကို အခြောက်တိုက် ပူပန်နေမိတယ်..

မကျေနပ်မိပါဘူး.. ဂျူးကတော့ပြောသတဲ့.. "ကျွန်မ ကျေနပ်ပါတယ်" တဲ့..

ကိုယ်ကတော့.. "မကျေနပ်ပါဘူး.." လို့ ရေရွတ်နေခဲ့မိတယ်..

ငွေအိမ်နဲ့ ဦးမင်းခေါင် အခန်းကိုအတိုချုံ့ပစ်လိုက်တယ်.. မမခင်မင်းမေ.. ဆိုတာကလည်း.. မပီပြင်တော့ဘူး.. ဟုတ်ပေတာပဲ.. ဒါကြောင့်လည်း.. ပင်လယ်နဲ့ တူသော မိန်းမ များ ..ဆိုတဲ့ နံမည် ပေးလို့ မရတော့တာပေါ့..

ဒါပေမယ့် ကြည့်နေရင်းနဲ့... အပေးနိုင်ဆုံးတွေထဲက အကောင်းဆုံးကို ပေးဖို့ ကြိုးစားထားတာ... ပေးခဲ့တာကို တွေ့ရတယ်.. စိတ်တိုင်းမကျပေမယ့် ကျေနပ်လာတယ်..၀တ္ထုမှာ ကိုယ်တို့ ရနိုင်တာ အများကြီး.. ရုပ်ရှင် အဖြစ်နဲ့ ဖြစ်နိုင်တဲ့ဘောင်တွေထဲကမှ ရနိုင်သလောက်ကို ရွေးချယ် ပေးကြရတော့.. ဒီလောက်တော့ ရှိမှာပေါ့..

ဝတ္ထုနဲ့ ရုပ်ရှင်ဟာ.. အပြိုင် မဟုတ်ရဘူး.. အပြန်အလှန်ဖြည့်စွက်မှုသာ ဖြစ်တယ်.. တဲ့.. (ပြင်သစ်စာထဲက Discussion တစ်ခုမှာ ပါတာပါ..) ဟုတ်ပါတယ်.. အပြန်အလှန်ဖြည့်စွက်ပေးနေတာ..

ဘယ်လိုပဲဖြစ်ဖြစ်.. စာတွေ ဖတ်လေ့မရှိပေမယ့်.. ရုပ်ရှင်ကားလဲ တိုင်းကြည့်တတ်သူတွေ .. တခုခု ရသွားနိုင်သေးတာပဲ..

ထူးထူးခြားခြား သတိထားမိတာကတော့.. ဟသာင်္ (လွင်မိုး) နဲ့ သူ့သမီး ငွေအိမ်စံ (မိုးကလျာထက်) တို့ စကားပြောတဲ့အခန်းမှာ.. ငွေအိမ်စံကလေး စကားကျန်ခဲ့တယ်.. အဲသည် ကျန်ခဲ့တဲ့ စကားဟာ.. ကိုယ် ကိုယ်တိုင် သဘောကျလို့.. စာအုပ်ထဲမှာ လိုင်းသားခဲ့တဲံဟာမို့ ချက်ချင်း သတိထားမိသွားတယ်.. အင်းလေ.. ထည့်လို့ မရလို့ ဖြစ်မယ် ထင်ပါရဲ့...လို့ ဖြေလိုက်ရတယ်... အဲဒါလေး ပါရင် သိပ်ကောင်းမှာပဲ.. ဒါဟာ.. အားလုံးကို မေးလိုက်တဲ့မေးခွန်းတစ်ခု ဖြစ်မှာမို့ သိပ်အရေးပါပါတယ်..

ဘယ်နေရာမှာ ပြောတာလဲ ဆိုတော့.. "အိမ့် ကို ဘိုးဘိုး ကလဲ ပြောတယ်.. အိမ်ဟာ.. ဘွားဘွားတို့ မေမေ တို့နဲ့ နည်းနည်း မှ မတူဘူး တဲ့.. . အင်္ဂလိပ်လက်ထက်မှာ ကြီးပြင်းခဲ့ရတဲ့ ဘွားဘွားဟာ.. အင်္ဂလိပ် တော်လှန်ရေးမှာ ရှေ့တန်းက ပါခဲ့တယ်.. မေမေဟာလည်း ဂျပန်ကို တော်လှန်ခဲ့တဲ့ တော်လှန်ရေးရဲမေ ဖြစ်ခဲ့တယ်.. ဂျပန်ကို တော်လှန်ခဲ့တယ်..." အဲသည်နားမှာ ရုပ်ရှင်ထဲက ကလေးမ ဟာ စကားရပ်သွားတယ်..

"ဖေဖေနားလည်ပါတယ်.သမီးရယ်..." လို့ လွင်မိုးက ဆက်ပြောလိုက်တယ်..

ဝတ္ထုထဲမှာပါတဲ့ ...အဲသည်စကားက

"ပြန်လည်ထူထောင်ရေး ကာလမှာ လူဖြစ်လာတဲ့ အိမ်က ဘာကို တော်လှန်ရမှာလဲ.." တဲ့ "ပညာတတ်တွေကို လိုအပ်နေချိန်မှာ အိမ် ဆေးတက်ကသိုလ် တက်နေတယ်..ဒါ မလုံလောက်သေးဘူးလား" တဲ့.. အဲဒါ.. ၇၀ နှစ်များဆီက ပါ.. အခု ကိုယ်တို့ က ၂၀၀၅ မှာ ရှိနေကြတယ်..

"အိမ်က ဘာကိုတော်လှန်ရမှာလဲ.. " ဆိုတဲ့ ငွေအိမ်စံ ရဲ့ မေးခွန်းကို ဖြေကြည့်ကြဖို့ သင့်တယ် လို့ထင်တယ်..

Me generation နဲ့ We generation အကြောင်းရယ်ကို ဆက်စပ်ကြည့်ချင်တယ်..

ကိုယ်ဘာရမလဲ ဆိုတာထက်.. ကိုယ် ဘာလုပ်ပေးနိုင်သလဲ ဆိုတဲ့ ကိစ္စ
ဘာကို တော်လှန်ရမှာလဲ.. တဲ့.. နယ်ချဲ့မရှိဘူး.. ၈ျပန်ဖက်ဆစ်မရှိဘူး.. လွတ်လပ်တဲ့နိုင်ငံ..

ဒါပေမယ့် တော်လှန်စရာတွေ အများကြီးရှိတယ်.. မကောင်းတဲ့ အမူအကျင့်တွေကို တော်လှန်ရမယ်... ရေလိုက်ငါးလိုက် စိတ်ဓာတ်တွေကို တော်လှန်ရမယ်.. ချောင်သလိုနေတာတွေ.. မိုးခါးရေသောက်တာတွေ... ကိုယ်တို့ ခေတ်မှာ တော်လှန်စရာတွေ များပါတယ်.. ကိုယ်ဘာရမလဲ.. ဆိုတာထက် ကိုယ်ဘာလုပ်ပေးနိုင်မလဲ.. တဲ့..

အိမ်စိုးမေ.. သေနက်မှန်ပြီး သေခါနိးမှာ.. မြင်ယောင်နေတဲ့.. ဘ၀.. အေးချမ်းသော.. ပျော်ရွှင်သော.. ငြိမ်းချမ်းသာယာတဲ့ မိသားစုဘ၀.. သူအဲဒါကို လိုချင်ခဲ့တယ်.. အဲသည်အတွက် သူ လုပ်သွားခဲ့တယ်.. သူ့အတွက် မရတောင် နောက်လူတွေ အတွက်.. အခု ကိုယ်တို့တွေ ဘာတွေ မရခဲ့ဘူးလဲ.. ဘာတွေ လုပ်ပေးခဲ့မလဲ.. . ဘာလုပ်နိုင်သလဲ..

ဂျူးကတော့ နှမ်းအထွက်တိုးရေး လုပ်နေတယ်..ထင်ပါရဲ့.. နှမ်းတွေ များလာတဲ့အခါမှာတော့ ဆီဖြစ်လာမှာ သေချာပါတယ်..

------

နောက်တစ်ခုက .. Me generation နဲ့ We generation အကြောင်း.. အဲဒီဟာ ကို သဘောကျတယ်.. သိပ်ကို ကျေနပ်သွားတယ်..
ဟိုခေတ်တုန်းက လူငယ်တွေ ဟာ.. ကိုယ်က တိုင်းပြည်ကို ဘာလုပ်ပေးရမလဲ ဆိုတာကို ကြည့်တယ်.. တဲ့.. We generation ပေါ့..
ခုခေတ် လူငယ်တွေက.. ကိုယ့်ကို ဘာတွေ လုပ်ပေးမလဲ.. ကိုယ်ဘာတွေ ရမလဲ.. ဆိုတာကိုပဲ ကြည့်တဲ့ Me Generation ဖြစ်နေတယ်.. တဲ့..


ကြိုက်တယ်.. ကျေနပ်တယ်.. အထူးသဖြင့် ချီးကျူးချင်တာက တော့ လွင်မိုးပါ.. သူဟာ တစ်ခုခုကို လုပ်နေတယ်.. သူဟာ ပေးချင်နေသူ တစ်ဦးလည်း ဖြစ်တယ်.. ဒါမျိုးကို သူလုပ်ပေးရဲတာ သူ့ကို ချီးကျူးတယ်.. မလိုအပ်ဘဲ.. Close up တွေ အများကြီးပါနေတာရယ်. .. (ကောင်းကောင်းကြီး နားမလည်လှပေမယ့်) မြင်ကွင်းတွေက တမျိုးကြီးတွေ ဖြစ်နေတဲ့ ရိုက်ချက်တွေကလွဲရင်.. တကယ်ကို တစုံတရာ ပေးဖို့ ကြိုးစားထားတဲ့ ကားပါပဲ..

ဇာတ်ကားရဲ့ အဆုံးမှာတော့ ကိုယ့်နောက်နားက အတွဲဆီက ကောင်မလေးတစ်ယောက်ရဲ့ အသံကို ပီပီသသ ကြားလိုက်ရတယ်.. ဟယ်.. ပြီးသွားပြီ.. ဘာမှလည်း မပါဘူးတဲ့.. တော်တော်လေး စိတ်ဆင်းရဲသွားပါတယ်.. ကားအကောင်းစားကြီတွေစီး၊ မင်းသမီးက လှလှလေးဝတ်၊ ဟိုတယ်တွေမှာ ကော်ဖီတတ်သောက်.. ပန်းခြံ တွေမှာ လှည့်ပတ် သီချင်းဆို စတဲ့ ချစ်ခန်းကြိုက်ခန်းတွေ တော့ မပါဘူး.. သူကအဲဒါကို ဆိုလိုတာများလား.. ပေးကားပေး၏ မရ ဆိုတာ မျိုးတွေလည်း ရှိသေးတာပဲ.. လို့ စိတ်ဆင်းရဲ စွာတွေးမိတယ်..

ပေးလို့ ရတဲ့ ဘောင်အတွင်းက ကြံဖန်ပြီး တတ်နိုင်သလောက် ခက်ခက်ခဲခဲ ပေးနေတာကို မရကြတာတော့.. အတော်စိတ်ဆင်းရဲမိတယ်..

No comments: