Saturday, May 2, 2009

ကိုယ်ဘယ်လိုလူမျိုးလဲ..

ဘာရယ်မဟုတ်ပါဘူး.. သူငယ်ချင်းတချို့ facebook မှာ မေးခွန်းလေးတွေ ဖြေကြည့်ထားတာတွေ့တော့ ကိုယ်လဲ လိုက်ဖြေကြည့်တာပေါ့။
အမေးအဖြေတချီု့လိုက်လုပ်ကြည့်ပြီးသကာလ ဟောသလို အဖြေထွက်ပါသတဲ့။

ကိုယ်ဟာ ၇၀% မြန်မာပါ တဲ့။
နောက်ပြီး ကိုယ့်ကို အရောင်အားဖြင့် သတ်မှတ်ရရင် အ၀ါရောင်တဲ့။
နောက်ပြီး ကိုယ်ဟာ ကမာမြေ နဲ့တူသောလူတဲ့။

ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိရင် ဖြေကြည့်ရတာ တမျိုးတော့ စိတ်ဝင်စားစရာပဲ ဒါပေမယ့် ဒီအဖြေတွေသိရဖို့အတွက် ဟိုလူ့ဖိတ်ရဒီလူ့ဖိတ်ရနဲက အဲသည် သူငယ်ချင်းတွေ စိတ်အနှောက်အယှက်ဖြစ်ရရင် တော့စိတ်မကောင်းပါဘူး။

ကိုယ်ပို့ပေးလိုက်တဲ့ သူတွေလဲ ဖြေကြည့်ရင်းစိတ်ဝင်စားကြမယ်ထင်ပါတယ်လေ.. လို့ပဲ စိတ်ဖြေရတာပဲ။
အားလွန်းလို့တော့ မဟုတ်.. စထရက်စ် ရလိစ် လုပ်တဲ့အနေနဲ့.. လျှောက်မွှေတာ။


4 comments:

Thet Su said...

ဒါလေးမြန်း...အဲဒါတွေ ဖြေမနေနဲ့ နင်သည် အစွန်းဆုံးထိ ရူး၏ ဂေါက်၏

TKLinn said...

ငါကလည်း earth တဲ့ ကျန်တာတွေတော့ မဖြေဘူး။
အဲ့ facebook quiz တွေက လိုက်ရင် မဆုံးဘူး
အများကြီးရယ်။

Mi Nwe said...

You can skip the invitation. At the top one highlighted link 'calculate the result'.Coz I am also feeling uncomforatble to send.

strike said...

Thet Su ရယ်၊ရက်စက်လိုက်တာ