Tuesday, May 12, 2009

ဂျပန် သွားတောလား။

ဖိလစ်ပိုင်သွားတောလား တောင် မပြီးသေးဘူး အခုဂျပန်ရောက်နေတယ်။ အတွေ့အကြုံတွေ ခံစားမိတာတွေ.. တွေးမိတာတွေ အများကြီးပဲ။ ချရေးဖို့ အကြွေးတွေ များနေတယ်။ အဖွဲ့နဲ့ ပတ်သတ်တဲ့ workshop သဘောမျိုး တစ်ခု လာတက်ရတာပါ။ ၂ ပတ်လောက်ကြာမယ်။ ခါတိုင်းလို ရုံးကလုပ်ဖော်ကိုင်ဖက် တစ်ယောက်မှ မပါဘူး။ တစ်ယောက်တည်း။ စကတည်းကယဉ်သကို ဆိုတာလိုမျိုး.. ဒီခရီးစဉ် အားလုံးပြီးကာမှ ၀က်တုပ်ကွေးက ၀င်ရှုပ်လို့.. မလုပ်ဖြစ်တော့ဘူးလိုလို ဖြစ်လိုက်သေးတယ်။ ၁၁ ရက်နေ့ ထွက်လာရမှာကို ၈ ရက်နေ့ ညမှ ကွန်ဖန်းဖြစ်တယ်။ ပြသနာက ဗီဇာအခက်အခဲကြောင့် relieving က မလာနိုင်သေးပြန်ဘူး။ အလုပ်တွေကို ကသောင်းကနင်း ပဲ.. လွှဲရတယ်။ မပြီးပြတ်တဲ့ဟာတွေ အကုန်ဒီအတိုင်း ပစ်ခဲ့တာပဲ။ လူကြီးကလဲ အဲသည်အတိုင်းထားခဲ့ စိတ်ဖြောင့်ဖြောင့်သာသွားဆိုလို့.. ဒီရောက်တာနဲ့ အလုပ်တွေကို မကိုင်ပေါင်။ မှာတော့ မှာလိုက်သေးတယ်။ မင်းအခန်းမှာ အင်တာနက်ရလို့.. အီးမေးလ်စစ်မယ်ဆိုရင် အင်တာနက် အသုံးစရိတ်ပေးရရင် ရုံးကကျခံမယ်တဲ့။ ဆိုလိုတာက ပါးစပ်ကတော့ မလုပ်ပါနဲ့၊ အခုသွားတဲ့ကိစ်စကိုသာ အာရုံထားပြီး အကောင်းဆုံးလုပ်ခဲ့ပါ လို့ ထုတ်ပြောပေမယ့်.. စိတ်ထဲက အားရင် အီးမေးလ်တွေဖတ်ပြီး ဒိဘက်ရုံးက အလုပ်တွေကို လုပ်ပေးဦးနော် အသံတိတ် လို့မှာနေတာ...။ ခရီးသွားရတော့မယ်ဆိုရင် အမြဲအဲလိုပဲ..။ Relieving အချိန်မီဘယ်တော့မှ မရဘူး။ အဲသည် ဗီဇာကိစ်စ စိတ်အကုန်ဆုံးပဲ..။ ဘယ်လိုဖြစ်လို့ ဒီလောက် ဆတ်ဆတ်တုန်နေကြလဲ မသိပါဘူး။ တခြားလူတွေအားလုံး သဘောရှိဝင်လို့ရပြီး အဲသည် humanitarian အဖွဲအစည်းတွေကဆို... ဘယ်လိုဘယ်လိုသော သဘောမျိုးနဲ့.. သောက်ရေးမပါအောင် လိုက်လုပ်နေမှန်းကို မသိတော့ဘူး။ အဟုတ်စိတ်ကုန်တယ်။
ထားပါတော့..။
အဲသလိုနဲ့ ခုတော့ ဂျပန်ရောက်နေပါပြီ..။
ဆက်ရန်..။

3 comments:

strike said...

စိတ်လျှော့ပါလေ...စိတ်လျှော့

စူး said...

တော်သေးတာပေါ့.ရောက်လာလို့..
ကျနော့်ဆရာ ဂျပန်တောင် ဟိုတနေ့က အပြင်ပြန်လာတာ တော်တော် ခက်ခဲတယ်..
သူ ပြည်ဝင်ခွင့်ရပေမဲ့ ကျနော်တို့ ကျောင်းဝင်ခွင့်မရသေးဘူးဗျ..ဟီးဟီးး
တပတ်တိတိ သူ့ကို ကျောင်းမလာရ အမိန့်ထုတ်ထားတယ်

khin oo may said...

အဆင်ပြေစေရန် ဆုတောင်းသည်