Sunday, May 17, 2009

ဂျပန်သွားတောလား ၃

၁၆ ရက်နေ့

ဒီနေ့ တိုကျိုကနေ ကာနာဇာဝါသွားရမှာမို့ မနက်ကတည်းက ချက်ကောက်လုပ်ရတယ်။ နောက် ဒီတစ်ခါတော့ ဂျပန်ရောက်နေတဲ့ အင်ဒီးယန်းတွေနဲ့ တွေ့ရတယ်။ သူတို့ကတော့ သူဌေးအဖွဲ့ပေါ့။ နောက်အတန်းအစား တစ်ခုပေါ့လေ..။ အဲသည်ကိုရောက်ပြီး အလုပ်လုပ်ရင်း နောက် သူပိုင်လုပ်ငန်းပါ ထူထောင်နိုင်တဲ့အထိအောင်မြင်နေတဲ့သူများနဲ့ သံတမန်လူတန်းစား ပေါ့။



နောက် တခြား နောက်ထပ် ဂျပန်ရောက် အင်ဒီယန်း ပညာတတ်အသိုင်းအ၀ိုင်းပေါ့။ သူတို့ရဲ့ အမြင်ကတော့ တမူထူးခြားနေတာသတိထားမိကြတယ်။ အကောင်းတွေချည်းပဲပေါ့နော်။ ဂျပန်မှာ လာနေမယ့် နိုင်ငံခြားသားတစ်ယောက်ဖို့ အတော်ကြီးကို စိတ်ချမ်းသာစာရာကြီးပါပဲ။ တစ်ယောက်ကတော့ သူ့အဖို့လုပ်ငန်းခွင်ထဲမှာ တကယ်အံ့သြရတာကတော့ ဂျပန်တွေရဲ့ အချိန်တိကျမှုပါပဲတဲ့။ နေ့လည် ၁၂ နာရီထိုးတာနဲ့ တရုံးလုံးလိုပဲ မတ်တပ်ထရပ်လိုက်ကြပြီး နေ့လည်စာစားဖို့ ထွက်ကြပါတယ်တဲ့။ သံအစ်မတ်ကတော်တစ်ယောက်ကတော့ ဂျပန်တွေရဲ့ အသေးစိတ်ကအစ တိကျမှုကို ချီးကျူးပြောသွားပါတယ်။ ဥပမာကတော့ သူပထမဆုံး ဂျပန်မှာ ဆံပင်ညှပ်တဲ့အတွေ့အကြုံပါတဲ့။ သူဟာ ဆံပင်ညှပ်တိုင်း သူ့ဆံပင်ညှပ်မယ့်သူကို သူညှပ်ချင်တဲ့အတိုထက်ကို အမြဲ ၁လက်မစာလောက် ပိုရှည် ပြောထားလေ့ရှိတယ်တဲ့။ ဂျပန်မှာ ပထမဆုံးဆံပင်ညှပ်တော့ အဲသလိုပဲပြောပါတယ်တဲ့။ ပြီးသွားပြီဆိုတော့ သူစိတ်တိုင်းမကျဘူး။ သဘောမတွေ့ဘူးဖြစ်နေတာကို သူချက်ချင်းသဘောပေါက်လိုက်တယ်တဲ့။ အရင်က သူညှပ်ခိုင်းရင် ပြောချင်တာထက် တိုသွားတတ်လွန်းလို့ အမြဲ ၁ လက်မ စာ ချန်ပြောတတ်တာ.. တကယ်တော့ ဂျပန်မက အတိအကျ ညှပ်ပေးထားတဲ့အတွက် သူအဲလိုဖြစ်ရတယ်ပေါ့နော်..။ အဲသည်တော့ ဂျပန်ရောက်ပြီး ဆံပင်ညှပ်ရင် သူညှပ်ချင်တဲ့အရှည်အတိုင်း အတိအကျပြောနိုင်သွားပြီတဲ့။ စိတ်ဝင်စာဖွယ်.. :p














နောက် ဂျပန်စာ နေ့လည်စာစားကြတယ်။ ဟင်းသီးဟင်းရွက်တွေကို ရေနွေးငွေ့နဲ့ပေါင်းထားတာရယ် ၀က်သားအသားလွှာပေါင်းရယ်ပေါ့။ စားရတာ ပေါ့ရွှတ်ပေမယ့် စားလို့တကယ်ကောင်းပါ











နေ့လည်စာစားပြီးတဲ့နောက် Haneda လေဆိပ်ကနေ ANA 755 နဲ့ ကာနာဇာဝါကို သွားကြတယ်။ ကာနာဇာဝါမှာ ရေပူစမ်းရှိတဲ့ ဂျပန်ရိုးရာ ဟိုတယ်မှာ ၃ ယောက်တစ်ခန်း ဂျပန်စတိုင်နဲ့နေရတယ်။ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတာက ညစာကို ဂျပန်လိုဝတ်ပြီး စားရတာပါပဲ။



















ပြောရဦးမယ် ဆိုရင်ကြိုတင်ရထားတဲ အစီအစဉ်ထဲမှာ သည်ရေပူစမ်းမှာ စိမ်တဲ့ဟာပါတော့ လိုရမယ်ရ ရေကူးဝတ်စုံယူလာခဲ့ပေမယ့် လုံးဝ လုံးဝ ၀တ်ခွင့်မရှိပါဘူးတဲ့။ ကာနာဇာဝါ က ရေပူစမ်းဟိုတယ်ကို အသွားကားပေါ်မှာ ရှင်းပြသွားပါတယ်။ ရေထဲမဆင်းခင် သန့်ပြန်အောင် သုတ်ဖို့ တာဝဲလ် အသေးပဲရပါမယ်တဲ့။ အဲဒါနဲ့ ကိုယ်လက်သန့်စင်သုတ်သင်ပြီးရင် သည်အတိုင်း ရေထဲဆင်းရမှာပါတဲ့။ ဘာမှ ၀တ်ခွင့်မပေးပါဘူးတဲ့။ နောက် အဲသည် ချစ်စရာကောင်းတဲ့ ဂျပန်ဂိုက် အမျိုးသမီးကလေး အပြောကြောင့် အားလုံး ရယ်လိုက်ကြရတာ အုံးအုံးကျွက်ကျွက်ပါပဲ။ If you are really really shy, you can use that towel to cover your face တဲ့။






တကိုယ်လုံး မြင်နေရပြီးကာမှ မျက်နှာကလေး အုပ်ပြီး ဘာလုပ်ရမှာတုန်း..............လို့...။ တကတည်း။












တကယ်တော့ အဲသလိုမဟုတ်ပါဘူး။ ပတ်စရာ သီးသန့်လုပ်ထားတဲ့ တော်တော်လေးကို ခိုင်မြဲတဲ့ နှိပ်စေ့တွေပါတဲ့.. အစိမ်းရောင် အ၀တ်စ တွေ ထားပေးထားပါတယ်။ လုံးဝ ဓာတ်ပုံရိုက်ခွင့်မရှိတာကြောင့် အားလုံးရဲ့ အလှအပလေးတွေကို သည်မှာ တင်ပြခွင့်မရတာ ခွင့်လွှတ်ပေးကြပါ။






အဲသည် ရေပူစမ်း စိမ်ရတာ တကယ့်ကို ဘာနဲ့ မှ မတူအောင် ဇိမ်ကျတဲ့အရသာပါပဲ။ ရေငွေ့တွေရဲ့ အနံ့ကြောင့်ရော တကိုယ်လုံးပူနွေးတဲ့ ခံစားချက်ကြောင့် သွေးလှည့်ပတ်မှုတွေကောင်းပြီး သိပ်ကို relax ဖြစ်တာပါ။ အဟုတ်ပါ... အဟုတ်ပါ။







ဒီပုံကတော့ ကာနာဇာဝါက ဟိုတယ်မှာ ရိုက်ထားတဲ့ ဂျပန်က တိုကျိုတက္ကသိုလ်မှာ human security ယူထားတဲ့ ပီအိတ်ခ်ျဒိကျောင်းသားနဲ့ နားရင်းစကားပြောနေတုန်း ရိုက်ထားတာပါ။








နောက်နေ့မှာတော့ ဟိဂါရှိးချယဂေး လို့ခေါ်တဲ့ ကာနာဇာဝါမြို့ဟောင်း ကိုသွားလည်ရပါတယ်။ ဟိုးတုန်းက ဂေးရှမယ်တွေ ဖျော်ဖြေတဲ့ အိုချယာတွေရှိတာပေါ့နော်။








နောက်တစ်နေရာကတော့ kenrokuen garden နဲ့ kanazawa castle ကိုသွားပါတယ်။
တကယ်တော့ ကိုဘေးကိုသွားဖို့ အစီအစဉ်ထဲမှာပါပေမယ့် ဖလူအောက်ဘရိတ်ဖြစ်နေတယ်ဆိုလို့.. အဲသည်အစား နာဂိုယာမှာ ၁ ရက်ထပ်တိုးလိုက်ရပါတယ်။
နာဂိုယာမှာတော့ နာဂိုယာကာဆယ်လ်ဟိုတယ်မှာတည်းရပါတယ်။ နောက်ပြီး နာဂိုယာအင်မီဂရေးရှင်းဗျူရို ကို သွားလေ့လာရပါတယ်။ နောက် ဘရာဇီးလ်တွေ အနေများတဲ့ ကန်နီ (Kani) မြို့မှာ Migrant worker တွေ မြို့ကို အသစ်ရောက်လာသူတွေအတွက် ဘယ်လို service မျိုးတွေရှိတယ်ဆိုတာ သွားလေ့လာရပါတယ်။

နောက်တစ်မြို့ကတော့ Fuji City ပါ။ ဖူဂျီမြို့ဟာ သိပ်ကိုလှပါတယ်။ ဖူဂျီမီးတောင်ဟောင်းကိုေ၀၀ါးဝါးမြင်နေရတဲ့ရှုခင်းဟာ လွမ်းမောစရာပါ။ နောက် အိမ်လေးတွေရဲ့ ရှေ့တွေ လှေခါးပန်းလေးတွေ အိမ်ပြတင်းပေါက်လေးတွေမှာ ပန်းပင်လေးတွေနဲ့။ အဲသည်ကို ရထားနဲ့သွားကြပါတယ်။ ရထားပေါ်မှာ အလုပ်ကလဲ ပါပါသေးတယ်။ ထူးထူးခြားခြား နေ့လည်စာကို ရထားပေါ်မှာစားရတဲ့ ဘန်းကယော လို့ခေါ်တယ် ထင်တာပဲ။ ထမင်းဗူးနဲ့ပါ။ အရမ်းကို လှပချစ်စဖွယ်ကောင်းအောင် ထုပ်ပိုးထားတဲ့ကဒ်ထူစကူသားနဲ့လုပ်ထားတဲ့ ထမင်းဗူးကလေးပါ။ စားပြီးတော့ ရထားက ခုံတွေကို မျက်နှာချင်းဆိုင်ဖြစ်အောင် လုပ်ပြီး ကိုယ့်အုပ်စုနဲ့ကိုယ် ဆက်ဆွေးနွေးရပါတယ်။ ပြီးရင် ဂရုပ်ပရက်ဇန်တေးရှင်းလုပ်ရဦးမှာကိုး။

ဖူဂျီမြို့မှာ Machi no Eki လို့ခေါ်တဲ့ လမ်းဘူတာလေးဆိုတဲ့ပရောဂျက်တစ်ခုရှိပါတယ်။ အဲဒါကတော့ တနိုင်တပိုင်စားသောက်ဆိုင်လေးတွေ၊ ရေနွေးကြမ်းဆိုင် ကိမိုနိုဆိုင်၊ ဆာကေးဆိုင် ကလေးတွေက သူတို့ဆိုင်ကို မချိနော့အေးခိ လို အသတ်မှတ်ခံလိုက်တယ်ဆိုရင် ဒီမြို့ကိုရောက်လာတဲ့ လူစိမ်း၊ နိုင်ငံခြားသား တွေကို အကူအညီပေးပါတယ်။ ရင်းနှီးဖော်ရွေစွာနဲ့ မြို့မြေပုံပေးတာတို့ အခြားသော သတင်းအချက်အလတ်ပေးတာတို့ နောက်ပြီး မြို့ခံလူတွေနဲ့ရင်းနှီးဝင်ဆံ့ဖို့ ကူညီပေးတယ် ဆိုပါတယ်။ ကိုယ်တို့က ရေနွေးခြမ်းဆိုင် တစ်ဆိုင်ရယ် ကီမိုနိုဆိုင် တစ်ဆိုင်ရယ်ကို ၀င်လေ့လာရင် သူတို့ရဲ့ဖော်ရွေနွေးထွေးမှုကို ရခဲ့ပါတယ်။




ဒီပုံကတော့ ရေနွေးကြမ်းပြုလုပ်ပုံကိုပြေနေတာပါ။



ဒီပုံကတော့ အားလုံး ကီမိုနိုကို အစမ်းဝတ်ဆင်ခံစားကြည့်ကြတာပါ။ ကိုယ်တို့လူအုပ်ကို ဆိုင်ရှင်က မညည်းမညူ တစ်ဦးချင်းစီ ကီမိုနိုစမ်းသပ်ဝတ်ဆင်ခွင့်ပြုပါတယ်။ အလွန်ပဲဈေးကြီးလှတာကြောင့် လက်ကိုင်ပုဝါတစ်ထည်တောင် မ၀ယ်လာနိုင်ခဲ့ပါဘူး။






နောက်တစ်ရက်မှာ တိုကျိုကိုပြန်ရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကို courtesy call သွားကြရပါတယ်။ လက်ခံတွေ့ဆုံတဲ့ အရာရှိများကို လူငယ်များကနေ ဂျပန်နိုင်ငံရဲ့ Migrant နိုင်ငံခြားသားရွှေ့ပြောင်းနေထိုင်သူတွေနဲ့ပတ်သတ်တဲ့ သိလိုတဲ့ မူဝါဒ တွေအကြောင်းမေးမြန်းခွင့်ရခဲ့ကြပါတယ်။ dress code က formal နဲ့ပါ။ အဲဒါ နိုင်ငံခြားရေးဝန်ကြီးရုံးက ပြန်အထွက် ရိုက်ထားတာပါ။

ပြန်ရောက်တာနဲ့ Group Work လုပ်ခိုင်းထားပါတယ်။ နေ့လည်ပိုင်းမှာ တခါတည်း Group Presentation လုပ်ရပါတယ်။

Coffee break နားတဲ့အချိန်မှာတော့ အခန်းပေါ်ခဏပြန်တက်လိုက်ဦးမယ် ဆိုပြီး ခဏလှဲလိုက်တာ မေ့ခနဲအိပ်ပျော်သွားပါတယ်။ ခရီးစဉ်တစ်လျှောက် ကိုယ်ပိုင်အချိန်နည်းလွန်းစွာနဲ့ ဆက်တိုက် ပင်ပန်းခဲ့တာကြောင့် ထင်ထားမိတာထက် ပိုအိပ်ပျော်သွားတာ နောက်ဆုံးပိတ် Group photo ရိုက်တဲ့အထဲ မပါလိုက်ရပါဘူး။

အဲသည်နေ့ညနေ ဟာ နောက်ဆုံးညနေပိုင်းဖြစ်တာကြောင့် အားလုံး တူတူထွက်စားကြသောက်ကြမယ့်အစီ အစဉ်ရှိပေမယ့် မြန်မာပြည်မှာ ရင်းနှီးခဲ့ရတဲ့ ညီမငယ် ခိုင်နဲ့ကလဲ တွေ့ချင်လှသလို တွေ့ကြဖို့ကလဲ အဲသည်တညနေပဲမို့ သူနဲ့ထွက်တွေ့ဖြစ်ပါတယ်။ သူနဲ့စကားပြောရတာ တအံ့တသြရှိလှပါတယ်။ ကိုယ်နဲ့ သိကျွမ်းစဉ်က ကလေးသာသာပဲရှိတဲ့ကလေးဟာ အခု တိုကျိုတက္ကသိုလ်မှာ Phd ကျောင်းသူကြီးဖားဖားဖြစ်နေသလို အတွေ့အကြုံတွေကလဲ ရင့်ကျက် တကယ့်ကို လူကြီးလေး တစ်ယောက်ဖြစ်လို့နေပါတယ်။ သူလဲ ကိုယ့်လို IR major ကဖြစ်ပြီး ကိုယ့်ရဲ့ Junior ဖြစ်ခဲ့ပေမယ့် အခုတော့ ကိုယ်က ဘက်ချလာဒီဂရီမှာ ရပ်နေခဲ့ပြီး သူက Phd အထိ တက်လှမ်းနိုင်ခဲ့ပြီးဖြစ်သလို.. တကယ့်ကို သူ့အတွက် ဂုဏ်ယူဝမ်းသာရပါတယ်။

1 comment:

Thet Su said...
This comment has been removed by a blog administrator.