(ပျောက်ဆုံးနေတဲ့ မိန်းမတစ်ယောက်ရဲ့ ဘ၀တဲ့..။ ချစ်ရသူအတွက် တဘ၀တာ ပေးဆပ်ရင်း .. ချစ်သူကို ပံ့ပိုးဖြည့်ဆည်းရင်း သားသမီးများကို ပြုစုပျိုးထောင်ရင်း....... ပျောက်ဆုံးနေခဲ့တဲ့............... )
ပျောက်ဆုံးနေသော...........
(ဂျူး)
တစ်ချိန်တုန်းက ပျော်ရွှင်ကျေနပ်စွာ ရယ်မောခဲ့ဖူးသော မိန်းမတစ်ယောက်သည် အခန်းထဲမှာ ရက်ပေါင်းများစွာ လပေါင်းများစွာ တိတ်ဆိတ် နေခဲ့သည်။
အခန်းသည် ကျယ်ပြန့်သည် ဟု သူမတစ်ချိန်တုန်းက ထင်ခဲ့ဖူးသော်လည်း တကယ်တော့ ကျဉ်းမြောင်းလှပါသည်။ မှောင်မည်း တိတ်ဆိတ်သော အခန်း ထဲတွင် စီးကရက် မီးခိုးများသာ ကခန်ုပျော်မြူးလျက်ရှိသည်။ အပြင်လောက၏ လှပသော ပန်းများ၊ လတ်ဆတ် သော မွှေးရနံ့များသည် အခန်းထဲသို့ ရောက်လာတော့မလိုလိုနှင့် ရောက်မလာကြပါ။
မနေ့က သူမသည် မြတ်လေးပန်းပင်ကလေးတစ်ပင်ကို စိုက်ပျိုးခဲ့သည်။ ယနေ့တော့ မြတ်လေးပန်းပင်ကြီးသည် ခြောက်သွေ့ တွန့်လိမ်သော ချုံနွယ်ပင်ကြီးဘ၀သို့ ပြောင်းလဲသွားခဲ့သည်။
အခန်းထဲသို့ တစ်စုံတစ်ယောက် ၀င်လာတိုင်းထိုသူက တစ်ခုတည်းသော ပြတင်းပေါက်ကို သွားဖွင့်ပေးလေ့ရှိသည်။ ထိုသူကို သူမက အမြဲတမ်း မေးခွန်းတစ်ခုမေးလေ့ရှိသည်။
"ငါဘယ်သူလဲ"
ထိုမေးခွန်းသည် အခန်းထဲတွင် ထပ်ကာတလဲလဲ ပဲ့တင်ထပ်လျက်ရှိသည်။
သူမသည် တစ်ခဏအတွင်း ဖျက်လတ်သွက်လက်စွာ အခန်းထဲတွင် လမ်းလျှောက်နေပြီးနောက် တစ်ခဏမှာတော့ အိပ်ယာပေါ်မှာ အ၀တ်စတစ်ခုလို ပုံလျက်သား လဲလျောင်းနေပြန်သည်။ အခန်းထဲမှာ တစ်ခါတစ်ခါ သူမတစ်ယောက်တည်းရှိ၏။
တစ်ခါတစ်ခါ မှာ တော့ မိန်းကလေးပေါင်းများစွာ သူမနှင့်အတူ ရှိနေပြန်သည်။ ဆံပင်ကို ထိပ်တည့်တည့်မှာ သေးသေး ကျစ်ကျစ်ကလေး စုစည်းထားသည့် သျှောင်ပေစူးမကလေး၊ အုပ်လုံးသိမ်းခါစ ဆံတောက်ဖားဖားနှင့် အပျိုပေါက်ကလေး၊ တစ်ပတ်လျှိုဆံထုံးနှင့် ပန်းပန်ထားသည့် ဆယ်ကျော်သက်အရွယ် မိန်းကလေး၊ အရွှယ်အမျိုးမျိုးသော မိန်းကလေးများသည် အခန်းထဲတွင် တိတ်ဆိတ်စွာ ရောက်လာလိုက်၊ တိတ်ဆိတ်စွာ ပြန်ပျောက်သွားလိုက်ရှိသည်။
အခန်းထဲသို့ အသက် ခြောက်ဆယ် အရွယ် လူကြီးတစ်ယောက် ၀င်လာသည်။
"ဟာ.. မှောင်လှချည်လား"
ထိုသူသည် အမှောင်ကို သေခြင်းတရားလိုပင် ကြောက်ရွံ့နေလေသလား။ အမှောင်ထဲက မိန်းမသည် တိတ်ဆိတ်စွာ ရယ်မောလေသည်။
ထုံးစံအတိုင်း ထိုသူက ပြတင်းပေါက်ကို ခပ်သွက်သွက် သွားဖွင့်၏။ အခန်းထဲသို့ လတ်ဆတ်သော လေများ ဖြည်းညင်းစွာ ၀င်ရောက် လာသည်။ အလင်းရောင်အောက်တွင် မိန်းမသည် အခန်းအလယ်တွင် မတ်တပ်ရပ်လျက်ရှိ၏။
"ငါ့ရဲ့ အခုနောက်ဆုံးထုတ်မယ့် စာအုပ်မှာ မင်းနာမည်ကို ‘ယ်’ီကေးရှင်း ရေးထားတယ်ကွ။"
ထိုသူက ၀မ်းသာအားရ အသိပေး၏။ သူမသည် ပျော်ရွှင်တတ်သော မိန်းမငယ်လေး ဖြစ်ခဲ့သည်။
"ဟုတ်လား.. ကျွန်မက ဘယ်သူမို့လဲ.."
"မင်းက ငါ့ဇနီးပေါ့"
အခန်းသည် တိတ်ဆိတ်သွား၏။ သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင်`၍ အကြာကြီးငြိမ်သတ် နေကြသည်။ အခန်းထဲမှာ အရိပ်များ။ အရောင်များ စတင်လှုပ်ရှားလာချိန်တွင် ခင်ပွန်းဖြစ်သူက တစ်လုံးချင်း စကားစပြောလေသည်။
"မင်းဟာ အလွန်အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာကြီးတစ်ယောက်ရဲ့ ဇနီးလေ၊ ငါတို့လက်ထပ်ပွဲမှာ မင်းက ပန်းရောင်ဝတ်စုံ ၀တ်ခဲ့တယ် မဟုတ်လား.."
သူမ မပြုံးပါ။ သို့သော် လိုက်လျောစွာ ခေါင်းညိတ်၏။
"ဟုတ်တယ်.. ကျွန်မတို့ လက်ထပ်ခဲ့ကြတယ်။ ကျွန်မတို့ လက်ထပ်တဲ့နေ့တုန်းက မကြင်လှတို့ စပါးကျီတောင် မီးစွဲခဲ့ပါသေးရော.."
ခင်ပွန်းသည်က သူ့ဇနီး၏ မှတ်ဥာဏ်အတွက် ကျိတ်ရ်ျ ချီးကျူးမိ၏။ သူ့ဇနီးသည် အလွန် ဥာဏ်ရည်ထက်မြက်သော မိန်းမတစ်ယောက် ဖြစ်သည်။
ထို့နောက် အချိန်ကာလသည် အခန်းထမှ ပျောက်ကွယ်သွားသည်။
အချိန်ကာလ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူမသည် ပျိုမျစ်နုနယ်သော မိန်းမရွယ်တစ်ယောက် ဖြစ်သွားသည်။ မိန်းကလေး သည် သူမ၏ ချစ်သူကို အလွန် ချစ်မြတ်နိုးလေသည်။ မြတ်လေးပန်းကုံးများကို သူမ၏ ဆံတောက်တွင် ဝေဆာလှပစွာ ပန်းပေးခဲ့သော ချစ်သူသည် စာရေးဆရာတစ်ယောက်ဘ၀သို့ ရောက်ရှိရေးအတွက် ရွာက ဆန်စက် မန်နေဂျာရာထူးကို စွန့်လွှတ်ခဲ့လေသည်။ ထိုအခါ သူမသည် သူမ၏ ယက်ကန်းစင်များကို စွန့်လွှတ်၍ သူ့နောက်သို့ ရဲဝံ့စွာ လိုက်ပါခဲ့သည်။
လောကတွင် တွေ့ကြုံရသော အခက်အခဲများကို သူမသည် ခင်ပွန်းသည်၏ ရှေ့က ရင်ဆိုင်ဖြေရှင်းခဲ့သည်။ ရက်ကန်း ချည်ရောင်စုံများကို လှပဆန်းကြယ်သော အဆင်အသွေးများ အဖြစ် ဖန်တီးနိုင်စွမ်းသော သူမသည် ဆေးဆိုးပွင့်ရိုက်လုပ်ငန်းကို အောင်မြင်စွာ အုပ်ချုပ်နိုင်စွမ်းသော လုပ်ငန်းရှင်တစ်ယောက် ဖြစ်သွားသည်။ ထို့အတူပင် ခင်ပွန်းသည်၏ ၀ါသနာ၊ အချိန်ကာလ၊ ပညာ စသည့် အရာများအတွက် သူမ စိတ်ရော ကိုယ်ပါ ၀င်ရောက်ဖန်တီးပေးခဲ့၏။ ခင်ပွန်းသည် စာကြည့်နေသည့်အချိန်တွင် သူမသည် မျက်လုံးများ တောက်ပရွှင်လန်းလျက်ရှိသည်။ ခင်ပွန်းသည်၏ လက်ရေးစာမူများကို တတ်စွမ်းသမျှ အသိဥာဏ်လေးဖြင့် ကူညီဖတ်ရှု အားပေးသော အချိန်တိုင်း သူမ၏မျက်နှာသည် ပြုံးရွှင်လျက်ရှိသည်။
"ရှင်ဟာ နိုင်ငံကျော် စာရေောစးောစးးဆရာ ဖြစ်ရမယ်.. ဖြစ်ကို ဖြစ်မှာ အမှန်ပဲ.."
ယုံကြည်မှုများသည် သူမ၏ ရင်ထဲမှ အခိုးအငွေ့အဖြစ် ထွက်ပေါ်လာပြီး ခင်ပွန်းသည်၏ ဦးနှောက်ထဲသို့ သစ်ပင်အမြစ်များသဖွယ် စိုက်တွယ်ခိုင်မြဲသွားလေသည်။ နေ့သစ်၏ အရုဏ်ဦးများကို နှစ်ယောက်အတူ ဖြတ်သန်းခဲ့ကြသည်။ မှောင်မည်းသော ညများကို နှစ်ယောက် အတူ ရင်ဆိုင်ခဲ့ကြသည်။ ကြယ်ရောင် လရေောစားင်များ၊့ န်းရနံ့များနှင့်အတူ ပူပြင်းသော မျက်ရည်များ၊ ဃါးသည်းသော အမှန်တရောစားးများကို ခံစားခဲ့ကြသည်။ အကြိမ်ကြိမ် အခါခါ သူပြိုလဲတိုင်း သူမက ဆွဲထူတည့်မတ်ပေးခဲ့သည်။ သူစိတ်ပျက်သောအခါ သူမက ငိုကြွေးသူဖြစ်၏။ သူကျေနပ်တက်ကြွသောအခါ သူမက ပျော်ရွှင်ရယ်မောသူဖြစ်၏။ သူဒေါသတကြီးဖြစ်သောအခါ သူမသည် မင်စုပ်သော စက္ကူပ်တစ်ခုပမာ သူ့ဒေါသများအားလုံးကို စုပ်ယူပေးခဲ့သည်။
"ငါ့စာအုပ်ကို မင်းသဘောကျမှာပဲ"
ထိုသူသည် မိမိရှေ့မှာ မတ်တပ်ရပ်နေသော မိန်းမကို မိမိဇနီးဟူသော အမှတ်ဖြင့် အားရ၀မ်းသာစွာ ပြောနေသည်။ ထိုမိန်းမသည် သူ့ဇနီး မဟုတ်ပါ။ မည်သူ၏ ဇနီးမှ မဟုတ်ပါ။ ထို့ကြောင့်လည်း သူ့စကားကို ကန့်ကွက်မှု ထောက်ခံမှု များမပြုလုပ်ဘဲ ငြိမ်သက်စွာ နေခဲ့၏။
"လိမော်သိးစားရရင် ကောင်းမယ်ထင်တယ်"
တိုးတိတ်သော သူမ၏ စကားသံကြောင့် သူပခုံးတွန့်လိုက်၏။ အခန်းသည် ချက်ချင်းပင် လေဟာနယ် တစ်ခုလို လွင့်မျောလျက်ရှိသည်။ မျက်နှာကြက်မှ ပင့်ကူမျှင်လေးတစ်ခုသည် ပင့်ကူနှင့်အတူ တွဲလောင်းကျလာပြီး သူမ၏ ပခုံးပေါ်မှာ ခိုတွဲနေသည်။
အချိန်အနည်းငယ် ကြာသောအခါ အခန်းထဲတွင် သူမတစ်ယောက်တည်း ရှိတော့သည်။ နောက်ထပ် အချိန်အနည်းငယ်ကြာပြန်သောအခါ အခန်းထဲသို့ လူတစ်ယောက် ၀င်လာသည်။ ထိုလူသည် လက်ထဲမှာ လိမော်သီးများကိုင်ထားသည်။ လိမော်သီး နံ့သည် အခန်းထဲမှာ မွှေးပျံ့လာသည်။ ထိုအချိန်မှာပင် သူမသည် လိမော်သီး စားချင်တာ တကယ်မှ ဟုတ်ရဲ့လား ဟု သံသယ ဖြစ်မိသွားသည်။
"မေမေ .. လိမော်သီး စားမယ် မဟုတ်လား"
ထိုအသံကို ကြားလိုက်ရသော အခါ သူမသည် အမှန်တကယ် လိမော်သီး စားချင်တာ မဟုတ်မှန်း သေချာသွား၏။
"မစားချင်ဘူး"
"ဟောဗျာ.. ဖြစ်ရပြန်ပြီ မေမေကလဲ"
သားအသံမှာ နူးညံ့ချိုမြသော်လည်း အေးစက်နေ၏။ သူမသည် ထိုသား၏ မိခင်ဖြစ်သည်။ သားသမီးတိုင်းသည် ပညာတတ်များ ဖြစ်ကြသည်။ ထိုမိန်းမသည် သူမ သားသမီးများ၏ အောင်မြင်မှုကို သူမ၏ အောင်မြင်မှုအဖြစ် ဂုဏ်ယူဝံ့ကြွားခဲ့လေသည်။
တယ်လီဖုန်းမြည်သံ၊ တံခါးခေါင်းလောင်းမြည်သံများ၊ ဗီရိုတံခါး ဖွင့်သံ ပိတ်သံများ၊ တံခါး ဖွင့်သံ ပိတ်သံများ၊ ရုပ်မြင်သံကြားစက်မှ ဂီတသံများ အားလုံးသည် နံရံများကို စိမ့်ဝင်ဖောက်ထွင်းလျက် အေးစိမ့်သော အခန်းထဲသို့ ပျံ့နှံ့လာ၏။ မည်သူသည် မည်သည့်အသံကို ဖြစ်ပေါ် စေသူ ဖြစ်သလဲ ဆိုတာတော့ သူမ မခွဲခြားနိုင်ပေ။ ထိုအသံများကို ဆူညံသံများအဖြစ်သာ သူမ ယူဆသည်။ သူမသည် အရာရာအပေါ် သည်းညည်းခံနိုင်စိတ် မရှိတော့ပေ။ သူမ၏ မျိုသိပ်ထိန်းချုပ်မှုများသည် နှစ်ပေါင်းများစွာ ကြာငြမ့်ခဲ့ပြီဟု သူမထင်နေသည်။ စိတ်ပျက် ငြိးငွေ့မှုသည် သူမ၏ ကိုယ်ခန္တာ ထဲတွင် ကပ်ပါးကောင်များလိုပင် ပွားများ ခိုတွယ်လျက်ရှိနေသည်။
"ဒါနဲ့ မေမေ.. မနက်ဖြန် ကျွန်တော် ဘုန်းကြီး ဘယ်နှပါး ပင့်ရမလဲ.. ဖေဖေက မေးခိုင်းလိုက်တယ်.."
သူမသည် ခုတင်ဆီလျှောက်သွားရာမှ ဖျက်လတ်စွာ လှည့်ကြည့် လိုက်သည်။
"ဘုန်းကြီး.. ဟုတ်လား.. ဘာအတွက်လဲ.."
သူမ၏ အခန်းပေါက်ဝတွင် လူသေထည့်သည့် ခေါင်းတစ်လုံး ရောက်နေပြီလား။ သူမသည် မကြာသေးမီက ထိုအခေါင်းထဲသို့ တစ်စုံတစ်ယောက်ကို ကိုယ်တိုင်ထည့်ခဲ့ရသေးသည် ဟု မှားယွင်းစွာ မြင်ယောင်လာ၏။
"မနက်ဖြန် ကျွန်တော့်မွေးနေ့လေ မေမေရဲ့"
သား၏ အသံတွင် စိတ်ပျက်မှု နှင့် အနည်းငယ် ထူးဆန်းအံ့သြမှု ကို ဖော်ပြလိုက်သည့်အခါ သူမ ငြိမ်သက်သွားသည်။ မွေးနေ့..၊
မွေးနေ့ဟူသော အသိတရားသည် ကြယ်ရောင်ပြက်လိုက်သလို ဖျက်ခနဲ လင်းတော့မလိုနှင့် ပြန်၍ မှောင်ပိန်းသွား၏။ သား၏ မွေးနေ့သည် ဘယ်နှနှစ်မြောက်မွေးနေ့ပါလိမ့်။ သားဖြစ်သူ၏ နှစ်ဆယ့်တစ်နှစ်မြောက် မွေးနေ့သည် သူမအတွက် ပူလောင်သော မျက်ရည် များကို သယ်ဆောင်ပေးခဲ့၏။ အရပ်အလွန်ရှည်သော မာနခပ်ကြီးကြီး ချွေးမတစ်ယောက်ကို သား၏ နှစ်ဆယ့် တစ်နှစ်မြောက်မွေးနေ့မှာ သူမ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုသားသည် သူမ ရှေ့မှောက် ရောက်နေသော သားပဲလား.. ထိုမွေးနေ့သည် ဘယ်နှကြိမ် လွန်မြောက်ခဲ့ပြီလဲ.. သူမ မသိ။
"နေစမ်းပါဦး.. ဘယ်နှနှစ်မြောက်မွေးနေ့လဲကွဲ့.. "
သား၏ သက်ပြင်းရှိုက်သံသည် လိုအပ်သည်ထက် ပိုရ်ျ ကျယ်လောင်သွားသည်။
"လေးဆယ်ပြည့်မွေးနေ့လေ မေမေ"
"သြော်သြော် .. ဒါဖြင့် ဘုန်းကြီး အပါးလေးဆယ် ပင့်ပေါ့ သားရဲ့.."
"ဟာ.. မဟုတ်ဘူးမေမေ.. အိမ်မဆံ့ဘူး။ ဆယ်ပါးလောက်.."
သူမ တိုးတိတ်စွာ ရယ်၏။
" ဒါဖြင့်လည်း ပြီးရောပေါ့.."
လူသားတစ်ယောက်သည် လောကအတွက် ဘယ်အရွယ် အထိ လိုအပ်ပါသနည်း .. လူသားတစ်ယောက်သည် လောက၏ ၀ါးမြိုမှုကို ဘယ်အရွယ်အထိ အားတင်းပြိး ခံနိုင်ပါသနည်း။
ညစာစားချိန်တွင် အိမ်ရှေ့ခန်းဆီ တိတ်ဆိတ်သွားသည်။ ရထားတစ်စီးခုတ်မောင်းသွားသော အသံ ခပ်သဲ့သဲ့သည် တဖြည်းဖြည်း နီးလာ၏။ သူမ အခန်း၏ နံရံများ တဖြည်းဖြည်း တုန်ခါလာသည်။ ရောစးထားသံသည် ပို၍ပို၍ ကျယ်လောင်လာပြီး သူမ အခန်းဗဟို တည့်တည့်မှ ဖြတ်ခုတ်မောင်းသွားသောအခါ နံရံ၏ ကြွက်လျှောက်တန်းပေါ်မှ ဖန်ပုလင်းကလေးများ တစ်ခုနှင့်တစ်ခု ထိခိုက်သံပင် ထွက်ပေါ်လာ၏။ သူမကိုယ်ပေါ်မှာ ရထားဖြတ်သွားသည် ဟုထင်သည်။ သို့သော် သူမ အသက်ရှင်လျက် ရှိပါသေးသည်။
အခန်းထဲသို့ အရိပ်တစ်ရိပ် ၀င်လာ၏။ ထိုအရိပ်သည် ခပ်ပုပုပျပ်ပျပ်ဖြစ်သည်။ ထိုအရိပ်သည် ဆံပင်များ တွန့်ကွေးဖွာကြဲလျက် ရှိသည်။ ထိုအရိပ်နှင့်အတူ ငါးကြော်၏ ရနံ့ ကြက်သွန်ဖြူနံ့များ တွဲလျက်ပါလာ၏။ သူမ အော်ဂလီ ဆန်လာသော အချိန်တွင် ထိုအရိပ်ကို သူ တိုးတိုးကလေး မေးလိုက်သည်။
"ငါဘယ်သူလဲ"
"မေမေက သမီးတို့ မေမေပေါ့"
ဖန်ချောင်းမီးရောင် ဖျက်ခနဲ လင်းထိန်သွားသောအခါ ခုတင်ပေါ်မှ မိန်းမသည် စူးစူးရှရှတစ်ချက် အော်လျက် ထထိုင်လိုက်သည်။ သူမရှေ့ စားပွဲ ပေါ်တွင် ထမင်းဟင်း ပန်းကန်များ တင်ထားသော လင်ပန်းတစ်ချပ်ရှိသည်။ အမျိုးသမီးတစ်ယောက်ရှိသည်။ အနီရောင်ရှိသည်။ ဘယ်တုန်းကမှ မယဉ်ပါးသော ကြောင်နက် တစ်ကောင်ရှိသည်။
အဆင်အသွေးစုံသော ချည်ထည်ရောင်စုံများရှိသည်။ လက်ဖြင့်လှည့်ရသော ဗိုင်းငင်သည့် ရစ်ဘီးတစ်ခုရှီသည်။ ချည်မျှင်တန်းများကြား ဟိုဘက် သည်ဘက် ပြေးလွှားနေသော အနီရောင် ချည်ရစ်ထားသည့် လွန်းကလေးနှင့် အပြာရောင် ချည်ရစ်ထားသည့် လွန်းကလေးရှိသည်။ ချည်မျှင်ရောင်စုံများသည် အခန်းထဲတွင် တွဲလွဲကျလျက် ယိမ်းကသလို ညီညာစွာ လှုပ်ရှားနေကြသည်။
"မေမေ့ပခုံးပေါ်မှာ ပင့်ကူကြီး"
သမိးက လွှတ်ခနဲ အော်ကာ သူမဆီ ချက်ချင်းရောက်လာ၏။
သူမ၏ လက်က ပိုရ်ျ လျင်မြန်စွာ ပင့်ကူရှိရာသို့ အုပ်ကိုင်ထားလိုက်သည်။
" ဒီပင့်ကူက သူ့သားသမီးတွေ အတွက် အသက်ရှင်ဖို့ သေပေးရမှာ.. ခဏကြာရင် သူသေတော့မှာပါ.."
သို့သော် သူမ ညင်သာစွာ ကိုင်လိုက်သော ပင့်ကူသည် ပင့်ကူအမ မဟုတ်ဘဲ အထီးဖြစ် နေနိုင်သည်။ သူမသည် ပင့်ကူကို လက်မှ ကိုင်လျက် စေ့စေ့စပ်စပ် ကြည့်နေသည်။ ပင့်ကူအထီးနှင့် အမကို သူမ မခွဲခြားတတ်။ သူမ၏ ချစ်လှစွာသော ခင်ပွန်းသည် စာရေးဆရာကြီးများ ခွဲခြားတတ်လေမလား၊ သို့မဟုတ် သူမ၏ သား ဆရာဝန်များ ခွဲခြားတတ်မလား။ သို့မဟုတ် အထက်တန်းပြဆရာမ ဖြစ်သော သမီးက ခွဲခြားတတ်မလား၊ သို့မဟုတ်.. ထို့နောက် သူမသည် တိတ်ဆိတ်စွာ ရယ်မောလျက် ပင့်ကူကို လက်နှင့် ပုတ်ထုတ် ပစ်လိုက်လေသည်။
သမီးသည် ထမင်းပွဲလင်ပန်းကို သူမရှေ့သို့ အနည်းငယ် တိုးပေးပြီးနောက် ပြန်ထွက်သွား၏။ သူမသည် ထမင်းပန်းကန်ကို စိုက်ကြည့်သည်။ သူမ၏ ဘ၀တွင် ထမင်းဘယ်လောက်များများစားခဲ့ပြီးပြီလဲ.. သူမ၏ လက်သည် ထမင်းပန်းကန်များကိုကိုင်ကာ သားသမီးဘယ်နှယောက်ကို ဘယ်နှကြိမ် ခွံ့ကျွေးခဲ့ပြီးပြီလဲ.. သူမကိုင်လိုက်သော ထမင်းလုတ်တိုင်းကိုသားသမီးများအတွက်နှင့် သူမအတွက် ဟူ အချိုးချကြည့်လျင် မည်သည့်အချိုးက များနေပြီလဲ.. သူမသည် ထမင်းစားချင်စိတ် လုံးဝမရှိသောကြောင့် ထမင်း ပန်းကန်ကို ကြည့်ကာ မျက်ရည်ဝဲရလေသည်။ မျက်ရည် ဆိုသည်မှာ သူမ၏ ဘ၀တွင် သူစိမ်းပြင်ပြင်မဟုတ်ပါ။ အလွန်ရင်းနှီးသော မိတ်ဆွေဖြစ်သည်။ သူမခင်ပွန်းသည် ၀မ်းနည်းလျှင် သူမ မျက်ရည်ကျရောစးောစးသည်။ သားသမီးများ၏ ဝေ’နာများအတွက် သူမ မျက်ရည်ကျရည်။ သားသမီးများ၏ ဆုံးရှံးအားငယ်မှုများအတွက် သူမ မျက်ရည်ကျရသည်။ သို့သော် သူမကိုယ်တိုင်အတွက်တော့ သူမ မျက်ရည် မကျခဲ့ဖူးပါ။ ထို့ကြောင့်လည်း ယခုတစ်ကြိမ် တွင် သူမအတွက် ကျရမည့် မျက်ရည်သည် သူမဘ၀တွင် သူစိမ်းပြင်ပြင်သာ ဖြစ်သည်။
အပြင်မှာ တိတ်ဆိတ်ရန် အားယူစပြုလာချိန်တွင် အခန်းထဲသို့ အရိပ်တစ်ရိပ်ဝင်လာ၏။ ရှည်မျောသော အရိပ်သည် သူမ ခုတင်ဆီသို့ လျင်မြန်စွာ နီးကပ်လာသည်။
"ဘာဖြစ်လို့ဒီလောက် မှောင်နေတာလဲ " ပြောပြောဆိုဆို တစ်ခုတည်းသော ပြတင်းပေါက် ပွင့်သွားသည်။
"ဘွားဘွား.. ထမင်းလည်း မစားသေးပါလား"
လူငယ်လေးသည် ခုတင်ပေါ်မှာ ထိုင်နေသော မိန်းမကို ရယ်ပြသည်။ သူမ ပြန်မပြုံးပါ။ သူမစားချင်သော ထမင်းကို ချွဲတတ်သော မြေးကလေးကသာ ခွံ့ကျွေးမည် ဆိုလျှင် စားသင့်သလား ဟု သူမ တွေဝေစွာ စဉ်းစားနေ၏။ သို့သော် မည်သူကမျှ သူမကို ထမင်းခွံ့ရန် စိတ်ကူးမရှိပါ။
"ဘွားဘွား.. ကျွန်တော့်မွေးနေ့လည်း ရောက်တော့မှာ"
"အင်း.. အင်း"
"ဖေဖေက ကျွန်တော့်ကို ဂစ်တာ ၀ယ်ပေးမှာတဲ့။"
"အင်း.. အင်း"
ဤလူကလေးသည် ဂီတကို ကလေးအရွယ်ကတည်းက သာယာတတ်သူဖြစ်သည်။ ဤမြေးကလေးအတွက် ကမ္ဘာပေါ်မှာ မရှိသော သီချင်းသံစဉ်များကို သူမ ရွတ်ဆို ညည်းခဲ့ရဖူးသည်။ သူမ ပင်ပန်းခဲ့ပါသလား.
"ဘွားဘွား .. ညီမလေးက ဘွားဘွားဆီ လာချင်လို့တဲ့.."
"အလိုတော်.. ရှုပ်ရှုပ် ယှက်ယှက်၊ မလာရဘူးလို့ ပြောလိုက်"
တစ်ခဏအတွင်း သာယာသော ရယ်သံလေးတစ်ခု သူမ အနီးမှာ ရောက်လာသည်။ ငွေဆည်းလည်း သေးသေးကလေး တစ်ခု ကောင်းကင်ဆီမှာ လှုပ်ခတ်နေသလို ထင်ရ၏။ အဖြူရောင် ဂါဝန်ပွပွကလေး၊ အနီရောင် ခေါင်းစည်းကြိုးကလေး၊ မြင်းမြီးပုံစံ ဆံပင် နီကျင်ကျင်ကလေး၊ ပေါင်ဒါနံ့ သင်းသင်းကလေး။ သူမ အိပ်မက်များကို တစ်စစီ ဖဲ့ခြွေပစ်သော သားသမီများလိုပင် စွမ်းအားရှိသော မြေးကလေး။
"မီးကို ပုံမပြောတာ ကြာလှပြီ ဘွားဘွားရဲ့."
သူမ ထိုအရွယ်တုန်းက သူမ မိဘများ ၏ ပုံပြင်ကို နားထောင်ခဲ့ရလေသလား .. စဉ်းစားတော့ ၀ိုးတ၀ါးသာ ထင်၏။ မအေ၏ ချည်ခင်ကို ယူဆော့မိ၍ ခေါင်းခေါက် ခံရတာ ဘယ်သူပါလိမ့်။ သူမသည် ခပ်တိုးတိုးကလေး ရယ်လိုက်သည်။
"ဘွားဘွား.. မီးကိုခေါင်းတုံး တုံးပေးတဲ့ ပုံပြင်ကလေး ပြောပြပါဦး။ "
တင်းမာအေးစက်သော စိတ်နှလုံးသည် တစ်စတစ်စ အရည်ပျော်သွား၏။
"ကဲ..ကဲ.. ဓာတ်ပုံ အယ်လ်ဘမ် တွေ ယူခဲ့"
ခဏ အကြာတွင် သူမခုတင်ပေါ် ဓာတ်ပုံများ ပြန့်ကျဲနေတော့သည်။ မြေးမလေး ခေါင်းတုံးတုံးစဉ်က ရိုက်ထားသော ဓာတ်ပုံ ကို သူမ ရွေးထုတ်လိုက်၏။ နာရီသံ သဲ့သဲ့ကြားရသည်။ ဘယ်နှချက် မှန်းမသိ။ ဘယ်နှကြိမ် ပြန်ပြောနေမှန်း မသိ။ နောက်ဆုံးတော့ မြေးကြီးက ကလေးမလေးကို ပွေ့ချီခေါ်သွားသော အခါ အခန်းသည် တိတ်ဆိတ်စွာ ကျန်ခဲ့သည်။ ဆေးရောင်စုံဓာတ်ပုံများ .. အဖြူအမည်း ဓာတ်ပုံများ .. သူမသည် ပြန့်ကျဲနေသော ဓာတ်ပုံများကို စုသိမ်းဖို့ ကြိုးစားရင်း ပိုမို ဖြန့်ကျဲကာ တစ်ခုချင်း စေ့စေ့စပ်စပ် ကြည့်မိပြန်သည်။
ဓာတ်ပုံများသည် အဖြစ်အပျက်ပေါင်းများစွာ.. အခြေအနေပေါင်းများစွာကို သူမအား နည်းနည်းချင်းရှင်းပြပေးနေသည်။ သူမ ခင်ပွန်းနှင့် သူမ၏ ဓာတ်ပုံများ၊ သူမသားသမီးများနှင့် သူမ၏ ဓာတ်ပုံများ၊ သူမ မြေးများနှင့် သူမ၏ ဓာတ်ပုံများ၊ စိတ်ကျဥ်းကျပ်နေသော နေ့ရက်များ၊ အားတင်းထားရသော နေ့ရက်များ၊ ပျော်၇ွှင်ကြည်နူးရသော နေ့ရက်များ.. ။
ဓာတ်ပုံပေါင်းစုံကို ကြည့်ရောစးင်း သူမ၏ ဘ၀ဖြစ်ရပ်ပေါင်းစုံကို သူမ ပြန်လည်ရင်းနှီးရသည်။ သူမ၏ ဇနီးသည် ဘ၀ကို သူမ မြင်ရသည်။ သူမသည် စွမ်းအင်ပြည့်သော ဇနိးတစ်ယောက်ဖြစ်သည်။ သူမ၏ မိခင်ဘ၀ကို သူမ မြင်ရသည်။ သူမသည် ကိုယ်ကျိုးစွန့်လွှတ်ကာ သားသမီး များကို ပြုစုပျိုးထောင်ပေးခဲ့သော အောင်မြင်သည့် မိခင်တစ်ယောက်ဖြစ်သည်။ သူမ၏ ဘွားအေ ဘ၀ကို သူမမြင်ရသည်။ သူမသည် စိတ်ရှည် လက်ရှည် နူးညံ့သိမ်မွေ့သော ဘွားအေ တစ်ယောက်ဖြစ်သည်။
သို့သော် သူမသည် သူမကိုယ်တိုင်ကိုတော့ ရှာဖွေ မတွေ့ချေ။
အဘယ်ကြောင့်ဆိုသော် သူမသည် သူမကိုယ်တိုင် အဖြစ် တည်ရှိ ခဲ့သူ မဟုတ်သောကြောင့်ဖြစ်သည်။ လူတစ်ယောက်သည် ကိုယ် ကိုယ်တိုင်၏ ဘ၀အတွက် တစ်ချိန်မဟုတ် တစ်ချိန်မှာ ဖြစ်တည်ခဲ့ဖူးသည်ဆိုလျှင် ထိုလူများထဲတွင် သူမ မပါဝင်ပါ။ သူမ၏ များပြားလှသော ဘ၀များတွင် သူမ၏ ကိုယ်ပိုင်ဘ၀ မပါဝင်ပါ။
သူမသည် ရုတ်တရတ် ရလာသော အသိတရားကလေးဖြင့် စိတ်သက်သာရာရသွားသည်။ သူမ၏ ဘ၀ကို သူမကိုယ်တိုင်ပင် ပြန်လည် ဖန်တီး ယူရမည်။ ထိုအခါ သူမ၏ ကိုယ်ခန္ဓာသည် ၀ါဂွမ်းကလေးတစ်စလို တိမ်တိုက်ကလေးတစ်ခုလို ပေါ့ပါးစွာ လွင့်မျောလာ၏။ တက်ကြွ ရွှင်လန်းလာသော သူမသည် အခန်းထောင့်သို့ တရွေ့ရွေ့လျှောက်သွားသည်။ ထိုနေရာတွင် ကြည့်မှန်တစ်ချပ်ရှိသည်။ သူမသည် သူမကိုယ်သူမ ရှာဖွေတွေ့ရှိရန် ပထမဦးဆုံး လှုပ်ရှားမှုအဖြစ် မှန်ထဲသို့ ကြည့်လိုက်၏။
ရေငွေ့များ ပိတ်ဆီးထားသော မှန်ချပ်၏ တစ်ဖက်ကို လှမ်းကြည့်ရသကဲ့သို့ ခပ်ဝါးဝါးဖြစ်နေသည်။ ထိုမှန်ထဲမှ မျက်နှာတစ်ခုသည်လည်း ခပ်လှမ်းလှမ်း နှင်းငွေ့ကြားထဲမှ ထွင်းဖောက်ကြည့်ရသော မျက်နှာလိုပင် ဘာမျှ မသဲကွဲဘဲ မှုန်ဝါးလျက်ရှိသည်။ ထိုမျက်နှာတွင် မျက်စိ ရှိသည်။ နှာခေါင်းရှိသည်။ ပါးစပ်ရှိသည်။ အလွန်ပုံပန်းကျန လှပသော ပါးစပ်ရှိနေရမည်။ သို့သော် ထိုအရာများကို သူမမမြင်ရပါ။ သူမ မြင်နေရသည်မှာ အနားရစ် မသဲကွဲသောေ၀၀ါးသည့် မျက်နှာတစ်ချက်ပင် ဖြစ်သည်။
သူမသည် မှန်ထဲမှေ၀၀ါးလာသော မျက်နှာကို ငေးကြည့်လျက် မျက်ရည်များ လိမ့်ဆင်းကျလာသည်။ နောက်ဆုံးတော့ အချိန်ကာလသည် သူမကို ကောင်းကောင်းအနိုင်ရသွားပါပြီ။
သူမ၏ မိန်းမသား အဖြစ်ကို သူမ ဘယ်တော့မှ ပြန်မရနိုင်တော့ပါ။ အရာရာသည် သူမအတွက် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
Saturday, November 11, 2006
ပျောက်ဆုံးနေသော (ဂျူး)
Posted by Maw at 5:56 AM
Labels: ခံစားမိသမျွ ဆရာမ ဂျူး၏ စာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment