ဘာရယ်မဟုတ်ပါဘူး.. တူမလေးရဲ့ ဓာတ်ပုံလေးတွေ ပြန်ကြည့်ရင်း သည်ဝတ်စုံလေးနဲ့ ပုံပြန်တွေ့လို့.. သားသားပုံနဲ့ ယှဉ်ပြီး အမှတ်တရ တင်ထားချင်လို့ပါ။ တူမလေးက သူ့တုန်းက အကျီ င်္လေးကို သားသားဖို့ ဆိုပြီး ဟိုနေ့က လာပေးတယ်။ သူက အခု ၄ နှစ်ရှိနေပြီ။ သားသားကတော့ ၄ လပေါ့..။
အဲသည်အကျီ င်္လေးက သူ ၉လ ၁ နှစ်ဝန်းကျင်က ၀တ်တာကလေးလေ...။ ဒါက တူမလေး ပေါ့။
သူ့တုန်းက ၉လ-၁နှစ် ၀တ်ခဲ့တာလေးက အခု သားသား ၄ လမှာ အတော်ပဲဖြစ်နေတယ်။
နောက်ပြီး ပုံလေးတွေကို ကြည့်ရင်း သူတို့ မောင်နှမ ၂ ယောက် ရုပ်ကလေးတွေ ခပ်ဆင်ဆင်ပဲ လို့တွေးမိသေးတယ်။း)
ဒါလေးက သားသား..
Monday, December 29, 2008
သားသားနဲ့ သူ့မမ
Posted by
Maw
at
6:12 PM
1 comments
Labels: သားသားလေး
Sunday, December 28, 2008
သားသား ခေါင်းရိတ်သောနေ့
သားက ဆံပင်သန်တယ်။ မွေးကတည်းက ဆံပင်တွေမည်းနေတာပဲ။ အရင်က တစ်ခါ ရိတ်ဖူးပြီးသားပါ။ ခုတော့ သားက ၄ လကျော်ပြီဆိုတော့ နည်းနည်း သိတတ်စပြုပြီလေ..။ ငယ်တုန်းကတော့ သူ့ခေါင်းရိတ်တာကို သိပ်ခံစားရပုံမပေါ်ဘူး။ ခုတော့ သူတော်တော်ခံစားရပုံပဲ..။ ငိုလိုက်တာ ၀က်ဝက်ကွဲ။ ငါ့ကို နှိပ်စက်နေကြတယ်လို့များ တွေးလေသည်လားမသိ... တကယ့်ကို ၀မ်းနည်းပက်လက်ပဲ။ ကြည့်ကြပါဦးတော်..။
အားလုံးပြီးလို့ သူ့ကိုမှန်သွားပြတော့ မဲ့မဲ့.. မဲ့မဲ့နဲ့လေ..။
တကယ်က ကတုံးရိတ်ဖို့အထိ မရည်ရွယ်ပါဘူး။ ဒါပေမယ့် သားဆံပင်တွေကရှည်နေတော့ .. သူက ကုတ်ကုတ်နေလို့.. နည်းနည်း ပါးလိုက်မယ်ဆိုပြီး ဆံပင်ပါးတဲ့ ဂျုတ်ဓားလေး Spirit ကသွားဝယ်လာတယ်။ မေမေက စမ်းသပ်လုပ်တယ်။ ဖေဖေက အားမရလို့ ကတ်ကြေးနဲ့လိုက်ညှပ်တယ်။ ပုံဆိုးပန်းဆိုးလေး ဖြစ်သွားတော့ ဘွားဘွားက ငါ့မြေးကို ဒီပုံစံကြီးနဲ့တော့ မထားဘူးအေ.. ရိတ်ရင်အပြောင်ရိတ်မယ် ဆိုပြီး ခေါင်းရိတ်တဲ့စခန်းကို ရောက်သွားတော့တာပါ။
Posted by
Maw
at
10:36 PM
3
comments
Labels: သားသားလေး
Saturday, December 13, 2008
သူလိုလူ (သူငယ်ချင်းတစ်ဦး)
မော်မော်ရယ် မသီလေ..တစ်ခုလောက်တိုင်ပင်ချင်လို့ပါ..။ ဒီတစ်ပတ်ပိတ်ရက် စာအုပ်စင်ရှင်းလိုက်တာ.. စာအုပ်တစ်အုပ်ပြန်တွေ့တယ်။ သိလား။ အဲသည်စာအုပ်က လွန်ခဲ့တဲ့ ၃ နှစ်လောက်က သူငယ်ချင်းတစ်ယောက်ဆီက ငှားထားတာ..။ ခုမှ ပြန်မပေးရသေးတာသိတယ်။ အဲသည်သူငယ်ချင်းကလဲ စာအုပ်တွေ အရမ်းတန်ဖိုးထားတာ။ မသီ ပြန်လဲ ပေးချင်တယ်။ ပေးရင်လဲ စိတ်ဆိုးမှာ ကြောက်တယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲ တဲ့။
အဲဒါများ မသီရယ်။ ပြန်ပေးလိုက်ပေါ့..။
ပေးလိုက်မှ စိတ်အရမ်းဆိုးသွားမှာကြောက်လို့.. တဲ့။
ပြန်ပေးလိုက်ပါမသီရယ်.. ။သူလဲ မမှတ်မိလို့ပြန်မတောင်းတာပေါ့။ သိပ်ကြီးစိတ်ဆိုးတော့မယ် မထင်ပါဘူး..။ ဆိုပြီးစကားစပ်ပြတ်သွားပါတယ်။
နောက်တစ်ရက်... ။ ကိုယ်နဲ့ ပရိုဂရမ်အရာရှိတစ်ယောက်နဲ့ .. ဘတ်ဂျက်တစ်ခု ထိုင်ဆွဲနေကြတုန်း လာပြန်တယ်။ မအေးသန်းရော မော်မော်ရောကိုလေ.. အကြံဥာဏ်လေးတောင်းချင်လို့.. ဆိုပြီး အဲသည်ကိစ်စပဲ ထပ်ပြောပြန်တယ်။ အလုပ်ကလဲ ရှုပ်နေရာကနေ.. မသီရယ်.. ဘာလို့ ဒီကိစ်စကို ဒီလောက် ဦးနှောက်ခြောက်နေရတာလဲ..။ ပေးစရာရှိတာ ပြန်ပေးလိုက်..။ မပေးချင်လဲ မေ့လက်စနဲ့ မေ့ထားလိုက်တော့.. ။ ဦးနှောက်ထဲ ထည့်မနေနဲ့.. လို့ ပြောလိုက်တယ်။
ကျွန်မဆိုရင်တော့ မသီရယ်.. ဟိုတုန်းကတော့ တစ်မျိုးပေါ့။ တန်ဖိုးထားတဲ့စာအုပ်တွေ ပျောက်ပေါင်းကလဲ များပြီ။ ခုဆို အလုပ်ကတစ်ဖက်၊ အိမ်ထောင်နဲ့ ကလေးက တစ်ဖတ်၊ အလုပ်ကပြန်ရောက်ရင် စာအုပ်တွေ လှည့်ကြည့်ဖို့နေနေသာသာ.. ကလေးနဲ့ နေလို့တောင်မ၀ဘူး။ စာအုပ်စင်က ဘာစာတွေပျောက်လို့..ဘာတွေဖြစ်နေမှန်းလဲ သိတော့တာမဟုတ်ဘူး။ စိတ်လဲ ဆိုးဖြစ်တော့မယ် မထင်ပါဘူး။ လို့ ပြောတော့မှ.. အဲသည် မသီဆိုတဲ့ ပြား ၁၀၀ မပြည့်တပြည့် အပျိုကြီးက... အမလေး ခုလိုကြားရတာ ၀မ်းသာလိုက်တာ မော်မော်ရယ်.. မသီပြောနေတဲ့ စာအုပ်က မော်မော့်စာအုပ်... တဲ့..။ ခုမှ ပဲ အသက်ရှူ ချောင်သွားတော့တယ်တဲ့...။
ဖြစ်မှဖြစ်ရလေ.. မသီရယ် လို့..ပဲ ပြောနိုင်တော့တယ်။ အေးလေ... စိတ်လဲ ဆိုးလို့ မှ မရတော့တာ.. ။ သူက ချည်ပြီးတုပ်ပြီးကိုး။
အင်း.... သူက ပြား၁၀၀ ပြည့်ရုံမက ၅ မတ် လူစားမျိုး.. ၅ မတ်လူစားမျိုး.. လို့ပဲ ကောက်ချက်ချမိတော့တယ်...။
Posted by
Maw
at
12:18 AM
0
comments
Labels: သူလိုလူ
Monday, December 8, 2008
သူလိုလူ
ကိုယ့်ယောက်ျားအကြောင်းလေးတွေ ရေးမှာမို့လို့.. ဂျာနယ်ကျော်မမလေး ရဲ့ စကားလေး ငှားသုံးပါတယ်။
ဂျာနယ်ကျော်မမလေးကိုတော့.. ယောက်ျားတော်ကြောင်းတွေ ကြွားတယ်လို့တော့ သူငယ်ချင်းအစ်ကိုကြီးတစ်ယောက်က ဝေဖန်ဖူးတယ်။ ကိုယ်ကတော့ တော်ကြောင်းကြွားမှာ မဟုတ်ပါဘူး .. သူ့ရဲ့ အချို့အချို့သောထူးခြားတဲ့ အမူအကျင့်အချို့ အကြာင်းများရေးမလို့ပါ။
ယောက်ျားနှင့် သူ၏ အကျီ င်္များ
ကိုယ့်ယောက်ျားရဲ့ ဗီဒိုရှင်းရင်းနဲ့ အေ၇ာင်တူ၊ တံဆိပ်တူ၊ ဆိုဒ်တူ အကျီ င်္တွေ ၄ ထည်လောက်တွေ့ပါတယ်။ ဂျော်ဒန်းနိုး ခပ်ညစ်ညစ် ရှပ်လက်တိုတွေပါ။ တော်တော်ကြိုက်ပုံရပါတယ်။ အဟောင်းလေး ၂ ထည်က ဂုတ်တွေစုတ်နေပြီ။ တစ်မျိုးတည်းကို ၂ထည် ၃ ထည်တစ်ပြိုင်တည်းဝယ်ထားတာမျိုးပါ။ မေးကြည့်တော့ ကြိုက်လို့တဲ့။
ဟိုနေ့ကပဲ နောက်ထပ် တစ်ထည် ထပ်ဝယ်လာသေးတယ်။ ဒီအရောင်၊ ဒီတံဆိပ်၊ ဒီရှပ်လက်တိုပါပဲ။ တွေးနေမိတယ်။ ကိုယ့်မှာ အမွှာညီမများရှိရင် .. အကျီ င်္တွေလိုမျို တစ်လက်စတည်း ဟောင်းသွားရင် နောက်တစ်ထည် အသင့်ရှိအောင် ဆိုတဲ့ပုံစံမျိုး ယူထားလေဦးမလား မသိ..။ ခွိခွိ
Posted by
Maw
at
10:14 PM
1 comments
Labels: သူလိုလူ
Thursday, November 13, 2008
ကိုယ့်အ၀တ်ကိုယ် ချုပ်ဝတ်ပါတော့မည်။
သားလေးမွေးပြီးကတည်းက ဘယ်လိုက ဘယ်လိုဝလာတယ်မသိ ၀ိတ်က ပေါင်၂၀လောက်တက်လာပါတယ်။ ဒီကိုယ်ခန်ဓာကြီးမှာ အရင်တုန်းက အ၀တ်အစားတွေ ဘယ်လိုမှ ၀တ်လို့မရတော့ပါ..။ ဆိုတော့ အကျီ င်္ အသစ်တွေ အပ်ရပါတယ်။ ဆိုင်ရောက်တုန်းတော့ ကတ်တလောက်လေးတွေ ကြည့်ရင်း (ဈေးဝယ်ထွက်ဖို့လဲ ပျင်းတာနဲ့) သူ့ဆီက အစတွေနဲ့ ပဲ ပြန်အပ်ခဲ့တာ ၈ စုံစြဖ်သွားတယ်။ အရင်ချုပ်ဖူးနေကျဆိုင်ဆိုတော့ ဈေးတွေလဲ မေးမနေတော့ဘူးပေါ့။ နောက် စလုံးကသူငယ်ချင်းတစ်ယောက် လာရင်း အကျီ င်္အပ်ဦးမယ်ဆိုတော့ အဲသည်ဆိုင်ကိုရောက်တယ်။ သူနဲ့ကိုယ်ကလဲ အကျင့်ကခပ်ဆင်ဆင်ဆိုတော့ ဈေးတွေမမေးခဲ့ဘူးပေါ့။ သူက ပြန်မယ့်ရက်ကပ်နေတော့ သူ့ဟာလေးတွေ အရင်လုပ်ပေးလိုက်ပါဆိုပြီး သွားခါနီး ဒရိုင်ဘာကို သွားရွေးခိုင်းလိုက်သတဲ့။ ချုပ်ခတွေချည်းပဲ ၉သောင်းကျော်ရှင်းခဲ့ရတယ်ဆိုပြီး ကိုယ့်ဆီ ဖုန်းလှမ်းဆက်တယ်။ အမလေး အကျိုးတော့နည်းပြီ..။ ငါက ၈စုံတောင် အပ်ထားတာဟဲ့.. မြန်မြန်ဘရိတ်အုပ်ခိုင်းမှ ဖြစ်မယ် လို့..
စကတ်တစ်ထည် ချုပ်ခ ၁၀၀၀၀ ယူပါတယ်။ ဘလောက်စ် တစ်ထည်ချုပ်ခ ၈ထောင်ပါ။ ဂါဝန်တစ်ထည် ချုပ်ခ ၂သောင်းခွဲယူပါတယ်။..
စက်ချုပ်အခြေခံသင်ထားပေမယ့် အပျင်းပြေလောက်ပဲ ချုပ်နေပြီး ကောင်းကောင်းမလိုက်စားခဲ့လို့.. ခုလို သူများကို ပိုက်ဆံပေးနေရတာ... အဟင့်..။
နောက်ဆို ကိုယ့်ဟာကိုယ်ပဲ ချုပ်ဝတ်တော့မယ်။
Posted by
Maw
at
7:58 PM
1 comments
Monday, November 10, 2008
ကုသိုလ်ကံ
ညကယောက်ျားနဲ့ ဒင်နာလိုက်သွားပါတယ်။ အဲသည်မှာ လက်ပ်တော့ ၄ လုံးမဲဖောက်တယ်။
ကိုယ်တစ်လုံးမှ မပေါက်ပါဘူး . .. (ဟီး)
ဒါပေမယ့် ပေါက်မဲနံပါတ် ၄ လုံးထဲက ၃ လုံးက ကိုယ်မဲနဲ့ ပွတ်ကာသီကာတွေ ချည်းပဲ။
ကိုယ့်မဲက ၁၉၉
ပေါက်သွားတာက ၁၉၆ (ဘယ်လောက်နဲစပ်သလဲနော်..)
နောက်တစ်မဲက ၀၉၉၊ နောက်တစ်မဲကတော့ သူ့ထက်နီးစပ်တာမရှိတော့ဘူး ၂၀၀ တဲ့တော်..။
အဲလိုပါပဲလေ.. ဘ၀မှာ အလကားရဖို့ကံက ပါကိုမလာဘူး။
လူတိုင်းကံထူးနိုင်တဲ့ ဗလာမပါ ကံစမ်းမဲဆိုရင်တောင် အညံ့ဆုံးဆုဟာ ကိုယ်ရမယ့်ဆုဆိုတာ သေချာသလောက်ပဲ။
လက်ဆောင်လဲကြတာမျိုးဆိုရင်တော့ .. မပြောချင်ပါဘူး။ ဒါပေမယ့် ပြောရဥိးမယ်။
၂၀၀၄ ဒီဇင်ဘာတုန်းကပေါ့။ အဲသည်တုန်းက ကိုယ် က WHO မှာလုပ်နေတယ်။
နယူးယီးယားပါတီပေါ့။ ၀န်ထမ်းအားလုံး လက်ဆောင်တွေ ထည့်ကြတယ်။ ပြီး ပြန်မဲဖောက်ကြတယ်။ တစ်ချို့ဆို ကိုယ်က တော်ရုံတန်ရုံလေး ထည့်ပေမယ့်.. လက်ဆောင်ကောင်းကောင်းတွေ ပြန်ပေါက်ကြတယ်။
ကိုယ်လား... ဟွန်း.. မပြောချင်ပါဘူး။ ယုံမလားတော့မသိဘူး။ ကိုယ့်မဲကိုယ် ပြန်ပေါက်တယ်လေ..။
စံပါယ်ဖြူက ၀ယ်တဲ့ ၇၀၀၀ တန် စားပွဲတင် သစ်ပင်ပုလေး။
အဲလို..
အဲလို...
Posted by
Maw
at
7:31 PM
1 comments
Labels: ကြုံရ ဆုံရ နေ့စဉ်ဘဝ
သူငယ်ချင်းများ နှင့် စကားစမြည် ၃
သည်တစ်ခါကတော့ အဝေးရောက်သူငယ်ချင်း မိန်းကလေးတစ်ယောက်နဲ့ ဂျူးရဲ့ စာတွေ ပြောင်းလဲလာတာနဲ့ မိန်းမဘ၀အကြောင်း ပြောဖြစ်တယ်။ သူက၃၀ ကျော် စင်ဂဲလ်၊ ကိုယ်က ၃၀ကျော် (ဒက်ဗယ်လ် တော့မဟုတ်ဘူး..။ ခွိ) အိမ်ထောင်သည်၊ နောက်ပြီးကလေးအမေ။ သူ့ကို ကိုယ်က နောက်လေ့ရှိပါတယ်။ ငါက နင့်ထက် ၂ ၀ါ ကြီးတယ်နော်။ အိမ်ထောင်သည် ဖြစ်ရတာက တစ်ဝါ၊ ကလေးအမေဖြစ်တာက ၁ ၀ါ၊ လေးလေးစားစား ဆက်ဆံလို့..။ မကြာမီအိမ်ထောင် ပြုတော့မယ့် သူငယ်ချင်းစုံတွဲကိုကြည့်ရင်း သူ့အတွေးကို သူကပြောပါတယ်။
သူငယ်ချင်း ။ ငါဖြင့် သူတို့ကိုကြည့်ပြီး အိမ်ထောင်ဆိုတာကြီး ပြုဖို့ မလွယ်မှန်း၊ လူတစ်ယောက်ကို သည်းခံနိုင်ဖို့ ဆိုတာ တော်ရုံချစ်ရုံနဲ့ မရမှန်း သိတယ်။ အချစ်အပြင် ဦးနှောက်ကောပါပဲ.. တဲ့။
၃၀ကျော်ပြီး အချစ်ရေး . အိမ်ထောင်ရေးတွေကို သိပ်စိတ်ဝင်စားပုံမရတော့တဲ့သူငယ်ချင်းပါ။ သူငယ်ချင်း အသိုင်းအ၀ိုင်းမှာတောင် အတော်ညှိရနှိုင်းရခက်ပြီး တချို့ကိစ်စတွေမှာ နားလည်မှုရဖို့ အခက်ခဲဆုံးတစ်ယောက်ပါပဲ။ သူ့အတွက် တော့ အလျှော့အတင်းတွေနဲ့ အနုပညာမြောက်စွာ တည်ဆောက်ရတဲ့.. အိမ်ထောင်ရေးဆိုတာထဲကို ၀င်ဖို့ ဘယ်လိုမှ စိတ်ရှည်သည်းခံနိုင်မယ့် သူမျိုးမဟုတ်ပါဘူး။ အဲ.. ပရဟိတ ကိစ်စတွေမှာတော့ သူက တက်ကြွနေတတ်သူပဲ။ မိဘမဲ့ကလေးတွေကိစ်စပေါ့။ ကိုယ်တို့ သူငယ်ချင်းတွေ စုပြီး အဲသလို ဂေဟာတွေကို ကူညီပံ့ပိုးတဲ့ ပရဟိတလေးတွေ လုပ်ဖြစ်ခဲ့ကြတဲ့ အချိန်တွေတုန်းကဆို ကိုယ်ရေးကိုယ်တာကိစ်စနဲ့များ တိုက်နေခဲ့ရင် အဲသည်ပရဟိတအလုပ်ကိုသာ အမြဲ ဦးစားပေးလေ့ရှိတဲ့သူပါ။ လတ်တလော ထွက်ထားတဲ့ဂျူး ၀တ်ထုထဲက အိတ်ခ်ျအိုင်ဗွီကလေးတွေ စောင့်ရှောက်တဲ့ဂေဟာလေးကလည်း ကိုယ်တို့အဖွဲ့နဲ့ မကင်းခဲ့သလို အဲသည်ထဲက တိုးတိုးလေးကို သွားထားတဲ့ ၀ိသာခါကျောင်းကလဲ.. ကိုယ်တို့အဖွဲ့ရောက်ခဲ့တဲ့ကျောင်းပါပဲ။ သတိတရ သူ့ကိုမေးဖြစ်တယ်။
ကိုယ် ။ ဂျူးဝတ်ထုဖတ်ပြီးပြီလား။ အဲဒါနဲ့ပတ်သတ်လို့ ဝေဖန်ထားတဲ့ဟာတွေရော ဖတ်ဖြစ်လား (ဘလော့ဂ်အချို့ကိုရည်ညွှန်း)
သူငယ်ချင်း၊ အေး.. ဖတ်ဖြစ်တယ်။
ကိုယ်။ ငါတို့လို အသက်အရွယ်မှ နင်အိမ်ထောင် မပြုဖြစ်တော့ရင် ဂျူးလိုဖြစ်သွားနိုင်တယ်။ ဂျူးလည်း ချစ်တာ၊မေတာတွေ၊ ယောက်ျားမိန်းမကိစ်စတွေ၊ ရင်ဘတ်နဲ့ခံစားတာတွေ ဘာတွေ မရတော့ဘူးထင်တယ်ဟ။ သူမရေးနိုင်တော့ဘူး.။ (မရေးချင်လို့..မရေးတာဖြစ်ဦးတော့.. အဲသလို ရေးချင်စိတ်မရှိတော့တာကိုပဲ မရေးနိုင်တော့ဘူး လို့ကိုယ်ကယူဆပါတယ်။) သူအာရုံရတဲ့ဟာကိုပဲ လုပ်တော့တယ်။
ငါဆိုလဲပြောမယ့်သာ ပြောရတာ အရင်ကလို နင့်နင့်နဲနဲတွေ သိပ်မရှိတော့ဘူး။ မရှိရဘူး မပြောဘူးပေါ့ဟာ.. အရွယ်ကစကားပြောလာတာလည်းပါတယ်။ အတွေ့အကြုံကစကားပြောလာတာလည်းပါတာပေါ့။
သူငယ်ချင်း။ အသက်ကြီးလာတော့ဟယ်.. it’s not big deal ဆိုတာတွေ များလာပြီး ဘာက big deal မှန်းလည်း သေချာမသိတော့ပါဘူး။
ကိုယ်။ အဲဒါပေါ့ .. ဘာက big deal မှန်းမသိတော့တဲ့အခါကျတော့ စာဝတ်နေရေးအတွက်ကလည်း မပူရတော့ ဘေးက ကိစ်စတွေကို ပိုစိတ်ဝင်စားလာတာပေါ့။ သူကတော့ တာဝန်ယူချင်စိတ်ပေါ့။ ကိုယ့်အတွက် ဘာကမှ သိပ် big deal မဟုတ်တော့တဲ့အခါကျတော့ ဘေးကဟာတွေကို တာဝန်ယူချင်လာတာမျိုးပေါ့။
သူငယ်ချင်း ။ အေးပေါ့လေ.. လူဆိုတာ စိတ်ဝင်စားစရာလေး တစ်ခုရှိနေမှ ဟ။ ငါတို့လိုဟာတွေပေါ့။ အထူးသဖြင့်..။ အဲဒါတွေက အသက်ကြီးလာတဲ့အပြင် အိမ်ထောင် သားသမီးဆိုတာတွေလည်း မရှိတော့ .. ကိုယ့်ပတ်ဝန်းကျင်ပဲဖြစ်သွားတယ် ထင်ပါရဲ့….။
ကိုယ်။ မရှိတာကတော့ ကိုယ့်ရွေးချယ်မှုပဲပေါ့။
သူငယ်ချင်း။ ငါကတော့ ကြောက်တာပါ။ ငါနဲ့ ဖြစ်နိုင်ဖို့ကမလွယ်ဘူး။
သည်လိုပဲ ဟိုရောက်သည်ရောက်ပြောဖြစ်တာလေးပေါ့။
Posted by
Maw
at
7:13 PM
0
comments
Labels: သူငယ်ချင်းများနှင့်စကားစမြည်
Sunday, November 9, 2008
ဟင်းခွက် ၄၀၀ ကိစ်စ
သိပံမောင်ဝ ၀တ်ထုတိုပေါင်းချုပ်ထဲက ကောက်နုတ်ထားတာပါ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြုံးဖို့ကောင်းတဲ့ အတွေးလေေးတွပါ။
တစ်ခုသောညတွင် အခန်းသား ၅ ယောက် စာကြည့်စားပွဲတွင် ၀ိုင်းကာ စာကြည့်ရ်ျနေကြလေသည်။ တိတ်လျက်နေ၏။ ၁၀ မိနစ်ခန့်ကြာသောအခါ ၄င်းအငြင်းဆရာကိုလှသော်က လှမ်းတဲ့ရ်ျ အိုင်ဆေး..ကိုလူအေး၊ ခင်ဗျား မြန်မာရာဇ၀င် တော်တော်ခေါက်မိပလား ဟုမေးလိုက်၏။
မောင်လူအေး။ ။ ဘာလုပ်မလို့လဲ (ခပ်ဆဆဖြေ)
ကျန်သုံးယောက်ကားစာဖတ်မြဲပင်။
ကိုလှသော်။ ။
ကိုလှသော်။ ။
ကိုလှသော်။ ။
ကိုလှသော်။ ။
မောင်လူအေး။ ။ကျယ်မှာပေါ့။ နန်းတော်မှာ နေရာအကျယ်သားကပဲ။ ခင်ဗျားက ပုဂံလက်ထက်က ရှင်ဘုရင်တွေရဲ့ နန်းတော်တွေဟာ ကျွန်တော်တို့ အခန်းလောက် မကျယ်ဘူးဆိုချင်သလား။
ကိုလှသော်။ ။ မဆိုချင်ပါဘူးဗျာ။ နန်းတော်တွေ ကြီးကျယ်တာကိုတော့ အသိသားပေါ့။ တစ်ဖက်စွန်းမှာထားတဲ့ ဟင်းခွက်ကို ထိုင်ရာကနေပြီး လှမ်းနှိုက်နိုင်မယ် မဟုတ်ဘူးပေါ့နော်။
Posted by
Maw
at
9:38 PM
0
comments
Labels: ဖတ်မိဖတ်ရာ ထိုထိုစာ
Sunday, October 19, 2008
သူငယ်ချင်းများနှင့် စကားစမြည် ၂
ကိုတာရဲ့ ခေါင်းစဉ်လေးကြိုက်လို့ ယူသုံးထားတာပါ။ သူငယ်ချင်းများနဲ့ အပြင်မှာဆုံဖြစ်ရင် ဖြစ်ဖြစ်၊ အဝေးရောက်သူငယ်ချင်းများနဲ့ ချက်ဖြစ်ရင်ဖြစ်ဖြစ်.. ထူးထူးခြားခြားပြောဖြစ်တဲ့ အကြောင်းအရာလေးများ ပြန်ပြောင်းဖတ်ချင်တဲ့အခါ ဖတ်ရအောင် သည်ထဲမှာ လာရေးထားဖြစ်ပါလိမ့်မယ်။
တစ်ရက်မှာတော့ ငယ်သူငယ်ချင်းတစ်ယောက်အိမ်ကို ရောက်လာတယ်။ အရင်က သူနဲ့ စကားတွေအများကြီးပြောနေကျ၊ အကြောင်းအရာ ပေါင်းစုံဆွေးနွေးနေကျ..။ သူကယောက်ျားလေး၊ ကိုယ်က မိန်းကလေးဖြစ်ပေမယ့် ကိုယ်တို့ကြားမှာ ရွေးပြောရမယ့်စကား၊ ဂျန်ဒါမတူလို့ ထိန်ချန်ပြောဆိုရမယ့်အကြောင်းအရာဆိုတာမျိုး မရှိလောက်အောင် .. ရင်းနှီးခဲ့တဲ့သူငယ်ချင်းပါပဲ။ ကဘာသတင်း၊ မြန်မာသတင်း၊ ကြီးကြီးတွေရဲ့သတင်း၊ အတင်း တွေရော.. ကုန်ဈေးနှုန်းအကြောင်း၊ ဟိုအကြောင်း၊ သည်အကြောင်း စာအုပ်တွေအကြောင်း၊ စာရေးဆရာတွေအကြောင်း၊ အချစ်အကြောင်း.. ရုပ်ရှင်ဇာတ်ကားတွေအကြောင်း.. လူတွေအကြောင်း..စုံကလုံစိပါပဲ။ အဲသည်နေ့က ရောက်လာပြီး အားတက်သရောသတင်းထူးစပေးတယ်။ ဟဲ့.. ဦးဥာဏ်ဝင်းက ယူအန်န်မှာ တောင်းဆိုလိုက်ပြီနော် တဲ့။ ဟုတ်လား .. ဘာတဲ့တုန်း လို့ကိုယ်က ပြန်မေးတော့. နင်မသိဘူးလားတဲ့။ ဟေ့အေး.. ဘာတောင်းတာတုန်း လို့မေးတော့.. ပိတ်ထားတာတွေ ပြန်ဖွင့်ပေးဖို့လေ.. တဲ့။ အော်.. ဟုတ်လားပေါ့။ ငါအခုပဲ အင်တာနက်ဆိုင်က ပြန်လာတာဟ။ ဒီမှာလေ.. ဒါလေး ပရင့်ထုတ်ခဲ့တယ် ဆိုပြီး သူ့ကို ကိုယ်ထုတ်လာတဲ့ စာရွက်ပြလိုက်မိတယ်။ အဲဒါဘာလဲတဲ့ … လှမ်းယူကြည့်ရင်းမေးတယ်။ တရုတ်ကထုတ်တဲ့ မယ်လ်မင်းပါတဲ့ နို့မှုန့်စာရင်း။ ဟမ်… နင်ကလဲ.. ။ ဆိုပြီး ပြန်ပေးတယ်။ (လောလောဆယ်မှာ သူက အိမ်ထောင်ကျထားပေမယ့် ကလေးမရှိသေးဘဲ.. စီးပွားရေးတွေလုပ်နေတဲ့သူ)
ငါက အခု ကလေးအမေလေ၊ ရုံးကနေ မီးဖွားခွင့်ယူထားတဲ့ အချိန်မှာ ငါ့ခေါင်းထဲမှာ ငါ့သားနဲ့ ပတ်သတ်တဲ့ကိစ်စပဲရှိနေတယ်။ လောလောဆယ်တော့ ငါ့အဖို့ အရေးအကြီးဆုံးသတင်းက အဲဒါပဲဟ.. လို့ပြောမိတော့ သူကလဲ… ပြောစရာစကားမရှိတော့သလို ငြိမ်သွားတယ်။ အရင်ကဆို.. ကိုယ်လဲ နိုင်ငံရေးတွေ၊ ကဘာ့အရေးတွေ စိတ်ဝင်စားတယ်။ ဟိုကဟိုလိုဖြစ်နေတယ်နော်။ ဟိုဟာတွေက ဒီလိုဆို ဒီဟာတွေက ဒီလိုဖြစ်လာမယ်ထင်တယ်နော်… ဘာညာ သာရကာတွေပေါ့လေ…။ အခု အိမ်ထောင်ကျပြီးကလေးလေးမွေးထားတဲ့ အိမ်ထောင်သည်မိန်းမတစ်ယောက်ရဲ့ စိတ်ဝင်စားမှုဘောင်က ကျဉ်းများသွားလေသည်လား… တွေးနေမိတယ်။ ခဏနေတော့ အမျိုးသားရုံးကပြန်ရောက်လာတော့ .. သူနဲ့ စကားဆက်ပြောလေရဲ့..။
Posted by
Maw
at
3:22 AM
0
comments
Labels: သူငယ်ချင်းများနှင့်စကားစမြည်
Monday, October 13, 2008
၁၀ရက်နေ့ညက သူငယ်ချင်းက ဖုန်းလှမ်းဆက်တယ်။ နို့မှုန့်တွေကြေငြာပြီတဲ့။ ဒူးမက်စ်ပါတယ်တဲ့။
အစပိုင်းက ဒူးမက်စ်တိုက်ထားတော့ .. လန့်သွားတယ်။ နောက်နေ့ သတင်းစာထဲမှာကြည့်တော့မှ.. ဒူးမက်စ်က ထုတ်တဲ့ ဒူးလက် ဆိုတာသိရတယ်။ ကိုယ်တို့ တိုက်တာက မားမက်စ်၊ ဒူးလက်က သူများ လက်ဆောင်ပေးလို့ တစ်ဗူးပါသွားတာပေါ့လေ..။ ဒါတောင်သားသားအတွက် တော်တော် စိတ်မကောင်းဖြစ်မိတယ်။ အမျိုးသားက လက်ရှိတိုက်နေတဲ့ Similac ကို ရအောင် ထွက်ရှာတယ်။ စီးတီးမက်ပေါင်းများစွာ သွားပြီးသကာလ ရလာတဲ့အင်ဖော်မေးရှင်းက ပစ်စည်းပြတ်သွားလို့ပါတဲ့။
ဗူးကြီးတွေ ပြတ်သွားပြီတဲ့။ ရောက်လာတဲ့ကွန်တိန်နာက တခြားနို့မှုန့်ကိစ်စတွေနဲ့ရောပြီး ထုတ်လို့မရသေးဘူးတဲ့။ ဗူးသေးလေးတွေကတော့ ဒီဇင်ဘာအိတ်စပါယာမို့ သိမ်းလိုက်တယ်တဲ့။ လိုချင်ရင် ကုမ်ပဏီမှာ လာဝယ်ပါတဲ့။ သူတို့ဟာက မယ်လမင်းမပါတာသေချာတယ်ဆိုတော့.. အမျိုးသားက ဗူးသေး ၄ဗူးပြေးဝယ်ထားလိုက်သေးတယ်။ တော်သေးတယ်။
ဒီ ၄ ဗူးကိုပဲ အမေနို့များများဖိတိုက်ပြီး ထိန်းထားရမယ်။ ရုံးပြန်မတက်ရခင်။
Posted by
Maw
at
3:29 AM
0
comments
Wednesday, October 8, 2008
ခြောက်လအောက် ကလေးနို့မှုန့်များ နှင့် ပတ်သတ်ရ်ျ
တရုတ်ကစလိုက်တဲ့ ဇာတ်လမ်းကြောင့် နို့မှုန့်တွေ ရုတ်ရုတ် ရတ်ရတ် ဖြစ်တော့ ကိုယ်လည်း စိတ်ပူရတာပေါ့..။
မွေးစမှ ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ရမယ် ဆိုတဲ့ ယူနိဆက်ဖ် ရဲ့ အိတ်စ်ကလူှးဆစ်ဖ် ဘရက်စ်ဖိဒင်းအရ.. ကိုယ်လည်း ကြိုးစားပမ်းစား မိခင်နို့ကိုပဲ တိုက်တာပါပဲ။ ဒါက ပထမဆုံးကလေးဖြစ်တော့ ရုတ်တရတ်ကြီး နို့က မထွက်သေးတော့ ဆရာဝန်ညွှန်ကြားချက်နဲ့ ဖော်မျူလာ ကူရတာပဲ။ နို့ကောင်းကောင်းထွက်လာတော့လည်း မကြာခင်ရုံးပြန်တက်ရမှာဖြစ်တဲ့အတွက် နို့ဗူးကျင့်ပေးတဲ့အနေနဲ့ အမေနို့ကို သူဆနဒရှိသလောက် အချိန်ပြည့်တိုက်ပြီး ဗူးနို့ကို အချိန်နဲ့ သတ်မှတ်ပြီး ကျင့်ပေးတိုက်ပေးတောကြောင့် ကလေးနို့မှုန့် ၀ယ်သုံးတဲ့လူတွေထဲမှာ ကိုယ်တို့လည်း ပါတာပေါ့လေ..။
မွေးစမှာပဲ အမေနို့ကောင်းကောင်းမထွက်သေးတော့ ဖော်မြူလာကူရမယ် ဆိုလို့ ယောက်ျားက အပြေးအလွှားသွားဝယ်လာတယ်။ ဒူးမက်စ်က ထုတ်တဲ့ ဂိုးလ်စီးရီးစ်။ ဒါနဲ့ အဲဒါကို ပဲ ဆက်တိုက်ဖြစ်တယ်ပေါ့လေ..။ တရုတ်ကနို့မှုန့်ထဲ မယ်လ်မင်းဓာတ်တွေ ပါတယ်ဆိုတဲ့ပြသနာဖြစ်တော့.. ဒီနည်းကို တခြားကုမ်ပဏီတွေကလည်း သိချင်သိမယ်၊ သုံးထားချင်သုံးထားမှာပေါ့ လို့တွေးမိပြီး နို့ဗူးတိုက်ရတာ စိတ်မချမ်းသာလို့ ဗူးလျှော့ပြီး အမေနို့ကို ပိုတိုက်ဖြစ်ပါတယ်။ နောက်တော့.. ဈေးကွက်ထဲမှာ ရှိတဲ့ အကောင်းဆုံး နို့မှုန့် ဖြစ်ပြီး ကုမ်ပဏိကလည်း နံမည်ကြီးစိတ်ချရမယ်ထင်တဲ့ Abbott ကထုတ်တဲ့.. Similac infant formula Stage 1 (0-6months) ကို ပြောင်းတိုက်ပါတယ်။
ပြောင်းတိုက်ရင်းကပဲ.. ထပ်ဝယ်ဖို့ရှာတော့ မရှိတော့ဘူးတဲ့။ မနေ့ကတော့ ယောက်ျားက စီးတီးမာတ်တွေပတ်ပြီး နို့မှုန့်ရှာတာ.. ၀-၆ တစ်မျိုး ကို ကုမ်ပဏီက လာပြန်သိမ်းသွားတယ်တဲ့။ အိတ်စ်ပိုင်ယာဖြစ်နေလို့ လို့.. ၀န်ထမ်းကောင်မလေးက ပြောလိုက်တယ်တဲ့။ သည်တော့ ပြီးခဲ့တဲ့ တစ်ပတ်ကမှ ၀ယ်တဲ့ အိမ်ကဗူးကို ကြည့်တော့ ၂၀၁၀ မှ အိတ်စ်ပိုင်ယာဖြစ်မှာ။ ဘယ်လိုဖြစ်တာလဲပေါ့။ သိပ်မသင်္ကာတော့ဘူးလေ..။ ဒါနဲ့ ညက စိတ်မချလို့ ဗူးချိန်မှာ ဗူးမတိုက်တော့ဘဲ.. အမေနို့ပဲ တိုက်ဖြစ်တယ်။ ဒီနေ့မှ အွန်လိုင်းမှာ လိုက်ရှာကြည့်တော့.. အောက်ပါသတင်းကိုတွေ့တော့တာပဲ။
http://www.abbott.com.sg/family/features/infant_products_termination.asp
Dear Customers,
Infant (0-6 months) Milk Powder
In line with new guidelines set by Singapore Infant Foods Ethics Committee, Singapore and Abbott’s affirmation to support breastfeeding for as long as possible during infancy,we will not be making available infant formulas (meant for infants 0-6months) through Abbott’s e-store with immediate effect.
These infant formulas include Similac Infant Milk Powder, Similac Neosure Milk Powder and Isomil Milk powder.
We apologize for any inconvenience caused.
Similac Infant Milk Powder, Similac Neosure Milk Powder and Isomil Milk powder are available at all leading supermarkets, hypermarkets and at selected pharmacies.
Please contact us at our Nurse Advisor Hotline: 62786220 should you have any further enquiries.
Best regards,
The Abbott Family
Breast Milk is best for infants and is recommended for as long as possible during infancy.
အီးစတိုးမှာ အရောင်းရပ်လိုက်တယ်ဆိုတာ ပရိုဒက်ရှင်းကိုပါ ရပ်လိုက်သလား မပြောတတ်ဘူး။ ဒါကြောင့်ပဲ ဒီက စတိုးဆိုင်တွေကလည်း ပြန်သိမ်းလိုက်သလား လို့ ယူဆရတော့တာပဲလေ..။ အရင် ယောက်ျားကို လှမ်းအကြောင်းကြားတော့.. ဒူးမက်စ်ကိုပဲ ပြောင်းသုံးရတော့မှာပေါ့တဲ့။ အဲဒါကလည်း ဆက်ထုတ်ဦးမယ်ထင်ရတာပါပဲ။ မိခင်နို့ကို ၆ လအထိ တိုက်ချင်သော်ငြားလည်း အလုပ်ပြန်ဝင်ရဦးမှာ ဆိုတော့ ဘယ်ဖြစ်မလဲ..။ ဒီမှာဆို ကလေးတွေ နို့တိုက်ဖို့ အခန်းပေးတာ UNICEF တစ်၇ုံးပဲ၇ှိတယ်။ ဒါကလည်း သူတို့က အိတ်စ်ကူးဆစ်ဖ် ဘ၇က်စ်ဖိဒင်း အော်နေတော့ သူတို့ဝန်ထမ်းတွေအတွက် အိတ်စကလူးဆစ်ဖ် ဘ၇က်စ်ဖိဒင်း လုပ်လို့၇အောင် ပေးထား၇တာပေါ့လေ..။ ကိုယ်တို့၇ုံး၇ဲ့ ပေါ်လစီအ၇တော့.. ၆လအောက် ကလေးငယ်ရှိတယ် အမျိုးသမီးဝန်ထမ်းတွေအတွက် အလုပ်ချိန် ၈နာရီအစား ၆ နာရီပဲ လုပ်ရင် ရပြီ။ သည်တော့ ၅ နာရီ ရုံးဆင်းမယ့်အစား ၃ နာရီ ဆင်းပေါ့။ ဒီအထိပဲ ခွင့်ပြုထားတယ်။ မနက်အစောပိုင်းလေးပဲ မိခင်နို့တိုက်ခဲ့ရတယ်။ အဲသည်တော့.. သူတို့လုပ်ပုံအရဆိုရင်.. ၆လအောက်ကလေးများအတွက် မထုတ်တော့ဘူး။ မရောင်းတော့ဘူးဆိုရင် တနေကုန် ကလေးကို အငတ်ထားရမလားကွယ်.. ။
WHO ရဲ့ DGမ ကြီးက ဆိုသတဲ့။
``I don't know why young women these days don't breastfeed,'' Chan said in an interview yesterday in Manila. ``We need to try our very best to tell them the difference. Of course breastfeeding is the best food for babies.''
မိခင်နို့အကောင်းဆုံးဖြစ်မှန်း.. ကျုပ်လည်း သိပါ့တော်..။ working mom တွေအတွက် မစဥ်းစားကြတော့ဘူးလား။ သည် ၆ လအောက် နို့မှုန့်က အော့ပ်ရှင်တစ်ခုအနေနဲ့ ရှိသင့်တာပေါ့။ အလုပ်မလုပ်တဲ့ မိခင်များ ၆လအထိ အမေနို့တစ်မျိုးတည်းကိုသာတိုက်ပေါ့။ တိုက်ချင်လိုက်တာမှ..။ အမေနို့ချည်းပဲ။ နို့ဗူးတစ်ဗူး ၄ သောင်းနီးပါးပေးရပြီး တစ်လ ၃-၄ဗူးကုန်မယ့်ကိစ်စ ထက်.. ကိုယ့်ကထွက်တဲ့အကောင်းဆုံးနို့ရည်ကိုပဲ ကလေးကို တိုက်ချင်သပေါ့။ အလုပ်က ပြန်ဝင်ရဦးမယ့်ဟာကို။
မက်တာနတီလိဖ်ကလည်း ၃ လပဲလေ..။ သည်လိုဆို.. သူတို့က မက်တာနတီလိဖ်ကို ၆ လအထိ လို့ တိုးပေးမလား။ ကဲ...။
Posted by
Maw
at
3:14 AM
1 comments
Friday, October 3, 2008
ဒေါသနည်းအောင်နေနည်း (ဦးဇောတိက)
အရေးမကြီးတဲ့ ရပိုင်ခွင့်တချို့ကို မရမကရအောင် မလုပ်ပါနဲ့။ သူ့ထက်အရေးကြီးတဲ့ ကိစ္စတွေကို အချိန်ပေးပါ။ မဖြစ်လောက်တဲ့ ကိစ္စလေးကို မရမကလုပ်ရင်းနဲ့ အဆင်မပြေဖြစ်ရရင် အချိန်ကုန်လူပန်းပြီး တစ်ခြားပိုပြီးအကျိုးရှိ တဲ့အလုပ် ပျက်တာပဲအဖတ်တင်မယ်။ တစ်ထောင်ဖိုးရအောင်လုပ်ရင်း အချိန်ကုန်မယ့်အစား တစ်သိန်းဖိုးရ အောင်လုပ်ပါ။ ကိုယ့်အချိန်နဲ့ ကိုယ့်အင်အားကို ပိုပြီးအကျိုးများမယ့်နေရာမှာ သုံးပါ။ အသေးအမွှားရပိုင်ခွင့်ကို အချိန်ကုန်ခံပြီး မရမကရအောင်လုပ်နေရင် ကိုယ့်စိတ်ထားပါ နိမ့်ကျသွားမယ်။ ဘာမှအရေးမကြီးတဲ့ ကိစ္စလေးတွေက တစ်ခါတစ်လေ ကိုယ့်ကိုအကြီးအကျယ် ဒေါသဖြစ်သွား စေတာမျိုး ကြုံရတတ်တယ်။ နောက်မှစိတ်အေးသွားတဲ့အခါ ဒီလောက်အသေးအမွှား ကိစ္စလေးလောက်နဲ့ ဣနြေ္ဒသိက္ခာမဲ့သွား လောက်အောင် ဒေါသဖြစ်မိတဲ့အတွက် ကိုယ့်ကိုယ်ကို အံ့သြမိတာ၊ ရှက်တာ ကြုံဘူးမှာပါ။ အဲ့ဒါမျိုး မဖြစ်အောင် သတိထားပါ။ တစ်ရာတန်လောက် ကိစ္စကြောင့် ဒေါသဖြစ်နေရင် တစ်သိန်းတန်လောက် ကိစ္စမှာလစ်ဟင်း သွားနိုင်တယ်သိပ်ပင်ပန်းလွန်းတဲ့အခါမှာလည်း စိတ်မရှည်ဘူး။ ဒါကြောင့် ပင်ပန်းလွန်းသွားတာမျိုး မဖြစ်အောင်စီစဉ်ပါ။ မလွဲသာ မရှောင်သာ ပင်ပန်းလွန်းတဲ့ အခြေအနေကို ကြုံရရင် စကားများများမပြောပါနဲ့။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ကိုလည်း ပြောစရာရှိတာကို နောက်မှအေးအေးဆေးဆေး ပြောမယ်ဆိုတဲ့အကြောင်း မှာထားပြီး အနားယူပါ။ဘယ်သူ့ကိုမှ အလွန်အကျွံအလိုမလိုက်ပါနဲ့။ အလိုလိုက်လွန်းရင် ကြာလေပိုပြီး အလိုက်မသိလေဖြစ်တတ်တယ်။ အလိုလိုက်တာများလေ ရတာနဲ့ မကျေနပ်လေ ဖြစ်တတ်တယ်။ ကြာရင်မတတ်နိုင်တဲ့ အတိုင်းအတာရောက် အောင် တောင်းဆိုလာမယ်။ အဲ့ဒိအခါမှာ စိတ်တိုမယ်။ ဆက်ဆံရေး အဆင်မပြေဖြစ်မယ်၊ စိတ်ဆင်းရဲရမယ်။သူတစ်ပါးရဲ့ရိုင်းဆိုင်းတဲ့အမူအရာ၊ အဆင့်အတန်းနိမ့်တဲ့ အမူအရာကြောင့် ကိုယ်မှာဒေါသယမ်းအိုး မပေါက် အောင်သတိထားပါ။ (ယခုခေတ်မှာ လူတော်တော်များများဟာ ကိုယ်အမူအရာ ယဉ်ကျေးသိမ်မွေ့မှုကို အလေး မထားကြဘူး။ ယဉ်ကျေးတဲ့သူဖြစ်ရတာကို တန်းဖိုးထားတဲ့စိတ်၊ ဂုဏ်ယူတဲ့စိတ်မျိုးကို မွေးပေးရမယ်။ လူငယ်တစ် ချို့ဟာ ရိုင်းစိုင်းတဲ့ အမူအရာမျိုးကို လုပ်ပြတဲ့ ဗီဒီယိုတို့ကို ကြည့်ပြီးတော့ အတုယူမှားကြတယ်။)တစ်ယောက်ကို တစ်ယောက် အထင်လွဲနေလို့ စိတ်ဆင်းရဲရတာ တော်တော်များပါတယ်။ ဒါကြောင့် အထင်လွဲစ ရာ မဖြစ်အောင် သတိထားသင့်တယ်။ တစ်ယောက်နဲ့တစ်ယောက် အထင်လွဲတာမျိုး မဖြစ်အောင် တတ်နိုင်သ လောက် ကြိုတင်စဉ်းစားပြီးရှင်းထားပါ။ ပြောသင့်တာတွေကို ကြိုကြိုတင်တင်ပြောထားပါ။ သိလောက်ပါတယ် လို့တွေးပြီးမှ တစ်ဖက်က မသိလို့မလုပ်တာမျိုး ကြုံရတဲ့အခါ သိရက်နဲ့ တမင်မလုပ်ပေးတာလို့တွေးပြီး စိတ်ဆိုး မိတတ်တယ်။လူတစ်ယောက်နဲ့ လူတစ်ယောက် စရိုက်မတူဘူး။ ဖြတ်သန်းလာရတဲ့ ဘ၀အတွေ့အကြုံမတူဘူး။ ဒါကြောင့် အခြေ အနေတစ်ခုကို မြင်ပုံခံစားပုံ အဓိပ္ပါယ် ကောက်ပုံမတူဘူး။ ကိုယ်မြင်သလို သူလည်းမြင်မယ်လို့ ပုံသေ မတွေးပါနဲ့။ ငါ မြင်သလို မမြင်ရကောင်းလားဆိုပြီး စိတ်မဆိုးပါနဲ့။ စိတ်ရှည်ရှည်ထားပြီး ရှင်းပြပါ။အလုပ်တစ်ခုကို ခိုင်းတဲ့အခါမှာ တတ်နိုင်သလောက် လိုအပ်သမျှ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံပေးပါ။ ခဏခဏ ကိုယ့်ဆီကိုလာပြီး မေးမနေရအောင် ကြိုကြိုတင်တင် ပြောပြပေးထားပါ။ ကိုယ်က ရာထူးကြီးကြီးလေလေ အောင်မြင်လေလေ ကိုယ့်ဆီက အကူအညီတောင်း မည့်သူတွေ အခွင့်အရေး တောင်းမည့်သူတွေ များလာလေပဲ။ တစ်ခါတစ်လေ အဲ့ဒိလူတွေကြောင့် စိတ်အနှောက်အယှက် အများကြီး ဖြစ်ရ တတ်တယ်။လူတွေရဲ့ကောင်းတဲ့အချက်လေးတွေကို မကြာမကြာတွေးပါ။ အထူးသဖြင့်လူတစ်ယောက်ကို မကျေမနပ်ဖြစ် နေရင် သူ့အကြောင်းကောင်းတာလေးတွေ တွေးဖြစ်အောင်တွေးပါ။ဘယ်လိုအလုပ်မျိုးပဲဖြစ်ဖြစ် ပြိုင်ဖက်ရှိပါတယ်။ ပြိုင်ဖက်တွေအပေါ်မှာ မနာလိုတဲ့စိတ် ဖြစ်တတ်တယ်။ ဒေါသစိတ် ဖြစ်တတ်တယ်။ ပြိုင်ဖက်တွေက ကိုယ့်ကိုဒုက္ခပေးနေတယ်လို တွေးတတ်တယ်။ တစ်ကယ်လည်း ဒုက္ခပေးတတ် ပါတယ်။ ရေရှည်မှာ အဆင်ပြေချင်ရင် ပြိုင်ဖက်တွေကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာနဲချင်ရင် ပြိုင်ဖက်တွေ အပေါ်မှာ သဘောထားကြီးကြီးထားပါ။ ပြိုင်ဖက်ရှိတာ ကောင်းတယ်လို့ သဘောထားပါ။ ပြိုင်ဖက်တွေကိုလည်း ကိုယ်တတ်နိုင်တဲ့ အကူအညီပေးပါ။အလုပ်လုပ်တာ ငွေရဖို့တစ်ခုတည်း အတွက်အဟုတ်ပါဘူး။ စိတ်ချမ်းသာဖို့၊ မိတ်ဆွေကောင်းများဖို့၊ ကိုယ့်အလုပ်နဲ့ လူ့အသိုင်းအ၀ိုင်းကို အကျိုးပြုဖို့၊ ကိုယ့်အရည်အချင်းတွေကို သုံးရဖို့၊ ပါရမီဖြည့်ဖို့ဆိုတဲ့ ရည်ရွယ်ချက် လေးတွေလည်းပါမှ လေးနက်မယ်။ အဓိပ္ပါယ်ရှိမယ်။ ကျေနပ်မှုရှိမယ်။အသွားရှိရင် အပြန်ရှိတတ်တယ်လို့ သဘောထားရမယ်။ အဲ့သလိုသဘောထားတဲ့အခါ ကိုယ့်ဘက်က အသွားရှိပေမယ့် သူ့ဖက်က အပြန်မရှိတဲ့အခါ ဒေါသဖြစ်တတ်တယ်။ စိတ်ပျက်တတ်တယ်။ ဒါကြောင့်ဒေါသဖြစ်တာ နည်းချင်ရင်၊ စိတ်ညစ်ရတာ၊ စိတ်ပျက်ရတာနည်းချင်ရင် အသွားရှိတိုင်း အပြန်မရှိနိုင်ဘူး ဆိုတာကို မမေ့ပါနဲ့။ ကိုယ် တတ်နိုင်တဲ့အခါ ဘာမှပြန်မမျှော်လင့်ပဲ ကူညီလိုက်ပါ။
----------------------------
သူငယ်ချင်း နှင်းဆီနီ ဘလော့ဂ်မှ ကူးယူထားပါသည်။
Posted by
Maw
at
3:07 AM
0
comments
Labels: ဖတ်မိဖတ်ရာ ထိုထိုစာ
Wednesday, September 24, 2008
သားကလေး ကိုသိန်းတန်
သားကလေးမွေးတော့.. ဆေးရုံမှာ ခင်ရာမင်ရာ မိတ်ဆွေများက လာကြည့်ကြ၊ လာတွေ့ကြပေါ့လေ..။ လက်ဆောင်တွေနဲ့လာကြည့်ကြတော့.. သူကလေးအတွက် အသုံးအဆောင်ပစ်စည်းတွေ အတော်စုံစုံရတယ်။ စောင်တွေ ဘာတွေ အ၀တ်အစား၊ အိမ်သာအိုးကလေးကအစ၊ ပေါင်ဒါဗူးတို့.. ကလေးသုံးပစ်စည်းတွေ ပေါ့..။ အများကြီးမှ အများကြီးကို ရပါတယ်။ ခင်ရာမင်ရာမိတ်ဆွေများ သူငယ်ချင်းများ အားလုံးကို တော်တော်ကျေးဇူးတင်ရပါတယ်။
ကိုယ့်ရုံးကဆို.. ငွေစုထည့်ကြပြီး အသစ်ခန့်ထားတဲ့ကလေးမလေးကို သွားဝယ်ခိုင်းကြတယ်တဲ့။ ရောက်လာတော့.. စုံလိုက်တာမှ ချိုလိမ်ကလေးကအစ၊ လေးဘက်ထောက်သွားတဲ့အရွယ်သုံးဖို့ ဒူးမပွန်းအောင် စွပ်ပေးထားရတဲံအစွပ်ကလေး..၊ လျှာကလေးမှာ နို့ချိုးစွဲရင် မိခင်လက်ညှိုးကလေးမှာ စွပ်ပြီး သန့်စင်ပေးလို့ရတဲံဟာ.. စသဖြင့် စုံစီနဖာ အများကြီး ကို ရောက်လာတာပါ။ ကလေးသေးခံလေးဆို for new born က တစ်ထုတ်၊ သူ့ထက်ကြီးတဲ့ size က တစ်ထုတ်၊ အဲလိုမျိုး.. စေ့စေ့စပ်စပ်တွေးပြီး ၀ယ်လာပေးတာမို့ တော်တော်ကျေးဇူးတင်ရပါတယ်။
ယောက်ခမကတော့ပြောတာတော့.. သားကလေးဟာ အတော်ဒါနများခဲ့တဲ့ကလေးပဲ တဲ့။ သူ့အတွက် အကျီ င်္လေးတွေဆိုတာ ဆန်းဆန်းပြားပြားလှလှပပလေးတွေမှ အရွယ်စုံပါ။ ၉ လအရွယ်လောက်အထိ ထပ်ဝယ်ဖို့တောင် မလိုဘူးဆိုရမယ်။ မေမေကတော့ သူ့အထုတ်နဲ့သူလာတဲ့ကလေးဆိုတာ ဒါမျိုးပဲ.. တဲ့..။
ထားပါလေ..။ အဲလို အလိုလိုနေရင်း သူ့ကုသိုလ်နဲ့ရောက်လာတဲ့ လက်ဆောင်တွေ (အမေတို့အခေါ်အရ.. သူ့အထုတ်) ထဲမှာ မပါခဲ့တာတွေကြောင့် သားကလေးကို အခု နံမည်ပြောင် ကိုသိန်းတန်ကလေးလို့ ခေါ်နေရတယ်။ မွေးတုန်းက အဲကွန်းခန်းထဲမွေးခဲ့ပြီး.. ဆေးရုံမှာ တစ်ပတ်နေခဲ့တြာေ့ကာင့် အိမ်ရောက်တာနဲ့ ပြသနာက သူမနေတတ်တော့တာပါ။ ပူလို့လေ..။ ဒီလိုပဲ အသားကျသွားမှာပါ ဆိုပြီး နေပေမယ့်.. နောက်ပိုင်း နေ့ခင်းဘက်တွေ အရမ်းပူရင် မနေတော့ပါဘူး။ နာဂစ်ကြောင့် အပင်ကြီးတွေကြွသွားလို့ အပူချိန်တိုးတာကြောင့်လဲပါတာပေါ့..။ ချိုချိုစို့တာတောင်မှ.. သူ့ပါးကလေး ကိုယ်ကလေးနဲ့ ကပ်နေတဲ့ အမေရဲ့ ကိုယ်ကို မထိချင်လို့... ချိုချိုကို သွားဖုံးကလေးနဲ့ ဖိကြိတ်ပြီး.. ဆွဲဆွဲယမ်း၊ ကိုယ်ကို လက်ကလေးနဲ့ တွန်းထုတ်... `ချိုချိုပဲ လိုချင်တယ် မေမေ့မလိုချင်ဘူး` ဆိုတဲ့ ပုံစံမျိုး... ပါးနဲ့ ချိုချိုနဲ့ ထိနေတာကို ပူလို့.. ချိုချိုကို ဆွဲဆွဲယမ်းပစ်လိုက်တာများ.. ပိုက်ကြီးလို.. ခပ်ဝေးဝေးထိ အရှည်ကြီးပါလာမယ်မှတ်ပုံပဲ။ ရယ်စရာလည်းကောင်း၊ သနားစရာလဲကောင်းမို့ သူ့အဖေခမျာ မကြည့်ရက်လို့.. အဲကွန်းတပ်လိုက်ရတယ်။ ဒါက ကိုသိန်းတန်ဖြစ်ရခြင်း အကြောင်းတစ်ခုပေါ့..။ နောက် အစားကလေးကလဲ ပုတ်သေးတာကြောင့် .. နို့မှုန့်ဖိုးကလဲ မသေးလှ.. တစ်ဗူး၃သောင်းနို့မှုန့်ကို တစ်လ ၃ ဗူးလောက်စို့နေတာကြောင့် .. ဒါသည်လဲ နောက်ထပ်သိန်းတန်ခြင်းတမျိုး..။ သူ့မွေးတုန်းက ကလေးအထူးကုက ချက်ကြွေရင်လာပြပါ၊ ၁ လပြည့်ရင် လာပြပါ၊ ၄၅ ရက်ပြည့်ရင်လာပြပါ ဆိုပြီး.. ကာကွယ်ဆေးထိုးတွေချိန်းတိုင်းသွားရပါတယ်။ ...ပထမ ကာကွယ်ဆေးတွေက ဒီလောက်မကျတာကြောင့်.. ၄၅ရက်ပြည့်မှာ ပြန်ချိန်းတော့.. အိတ်ထဲမှာ ငွေ ၂ သောင်းခွဲနဲ့ ဆေးခန်းသွားပြမိပါတယ်... ငါးပါးမှောက်တော့တာပဲ။ ဆေးစာရေးပေးပြီး ဆေးယူပြီးပြန်တက်လာခဲ့ပါ ထိုးပေးမယ်ဆိုတော့.. ငွေသွင်းကောင်တာရောက်ပြီး စာအုပ်ကလေးပြပြီး ကောင်မလေးတွက်ချက်တာစောင့်ရင်း ပိုက်ဆံအိတ်ကလေး ထုတ်ခါရှိသေး.. ၄သောင်း ၉ ထောင်အစ်မ ဆိုတော့.. ဟမ်.. ဟမ်.... ဆိုပြီး နားကြားများမှားသလား လန့်သွားပါတယ်။ အတူပါလာတဲ့အဒေါ်ကလဲ ကလေးချီရင်း မျက်လုံးပြူးလို့...။ ၄သောင်းနဲ့ ၉ ထောင်ပါ လို့ ထပ်ပြီး အတည်ပြုတော့မှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အကျပ်ရိုက်ရပါရော..။ ရောက်ပြီးမှ မထူးဘူး.. ကာကွယ်ဆေးထိုးထားမှ ရောဂါမဖြစ်မှာ.. ကိုယ့်သားလေး စိတ်ချရမှာဆိုတော့.. သူ့အဖေကို ဖုန်းဆက်ပြီး ပိုက်ဆံလာပို့ခိုင်းထားတုန်း ဆေးကို အကြွေးနဲ့ ထုတ်ပြီး ဆေးထိုး ယောက်ျားလာမှ ပိုက်ဆံရှင်ြး့ပီး ပြန်ခဲ့ရပါတယ်။ ဆေးဖို့ရော ဘာရော ပေါင်း ၅သောင်းနဲ့ ၄ထောင်ရှင်းရပါတယ်။ အဲသည်ဆေးက နောက်ထပ် ၂ ကြိမ်ကျန်သေးတယ်တဲ့တော်တို့ရေ..။ တကယ်တော့ အဲသည်ကာကွယ်ဆေးထဲက ဆုံဆို့၊ကြက်ညှာ၊မေးခိုင် (ဆကမ)ရယ်၊ ပိုလီယိုရယ်က စီမံချက်နဲ့ထိုးပေးနေတာရှိပေမယ့် အဲဒါကို တစ်မျိုးတည်း ဆေး ထိုးပေးလိုက်တယ်။ ဟိုမှာ သွားထိုးစရာမလိုတော့ဘူးတဲ့။ နောက်တစ်မျိုးကတော့ ဦးနှောက်အမှေးရောင်ကာကွယ်ဆေး၊ ဟင်း...မ်.....
သားကလေး ကိုသိန်းတန်... ကိုသိန်းတန်..
ခုတော့.. လမကုန်ခင် .. လက်ထဲမှာ တော်တော်လေးတောင် ပြောင်သလောင်တောင်တောင် ဖြစ်နေပြီလေ..။
(ယောက်ျားက မျက်မှောင်ကြီးကုတ်ပြီး.. သည်လိုသာဆို..ပိုက်ဆံမရှိတဲ့ကလေးတွေ ဆို သေရမှာပဲလားတဲ့။ မကျေမချမ်းရွတ်တယ်..။ အဒေါ်က .. ရွာမှာတော့.. ဦးနှောက်အမှေးရောင် ဆို သေကြတာများတာပဲတဲ့။ စီမံချက်နဲ့ ထိုးပေးတာမရှိတော့.. မထိုးကြဘူးပေါ့။ ကိုယ့်ကလေးထိုးထားတော့ ကောင်းတာပေါ့တဲံ။
ဒါပေါ့လေ..။ ကာကွယ်ဆေးအစုံထိုးမထားလဲ.. ကံကောင်းလို့ ဘာရောဂါမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူးပေါ့။ ကံဆိုးလို့.. တစ်ခုခုဖြစ်၇င် ကလေးသေးသေးလေး ဆိုတာ ကုလို့လွယ်တာမှ မဟုတ်တာ။
ကိုယ်လဲ ဖြစ်နိုင်ရင် ရှိသမျှရောဂါအားလုံးရဲ့ ကာကွယ.်ဆေး ထိုးထားလိုက်ချင်တာ..။ သားကလေးကို ဘာကလေးတစ်ခုမှ နေမထိ ထိုင်မသာမဖြစ်စေချင်ဘူး။ ကာကွယ်ဆေးကို အပ်နဲ့ထိုးရတာတောင် တော်တော်သနားနေရတယ်။ ချစ်လိုက်၇တာ အရူးလိုပါပဲ။
ဒါကြောင့် သားဦး အရူးလို့ ဆိုကြတာဖြစ်မယ်...။)
Posted by
Maw
at
4:47 AM
2
comments
Labels: သားသားလေး
Monday, September 15, 2008
စပါယ်ရှယ်နာ့စ် ဈေးကွက်
ကိုယ့်သားကလေး မွေးဖွားဖို့ ဆေးရုံတက်တုန်းက ကိုယ့်ရဲ့ နာ့စ်လေးတွေနဲ့ စကားစမြည်ပြောရင်းက သိခဲ့ရတာလေးတွေပါ။
ဆေးရုံပေါ်မှာဆိုရင် နေ့ဂျူတီကို ၃၀၀၀၊ ညဂျူတီကို ၃၀၀၀ ပေးရတယ်။ တစ်ယောက်ကို တစ်ဂျူတီပဲဝင်တယ်ဆိုတော့ ၂ ယောက်ခေါ်ရတာပေါ့။ သူတို့ ၂ ယောက်လုံးနဲ့ ပြောဖြစ်တာလေးတွေပါ။ ပထမတုန်းက ကိုယ်ထင်တာက သူတို့လေးတွေက ဆေးရုံရဲ့ အတည်ဝန်ထမ်းမဟုတ်ဘူးဆိုတော့.. ပေးရှန့်ရှိမှ အလုပ်ရှိမယ်။ အဲသည်တော့မှ ပိုက်ဆံရတယ် ထင်ထားတာ။ သူတို့ကို နေ့တိုင်းငွေရှင်းပေးရတော့ နေ့စားသဘောမျိုးပေါ့။ သည်ဆေးရုံနဲ့ ဘယ်လိုချိတ်ထားတာလဲ.. ဘာညာ မေးမိတာပေါ့။ သူတို့ က သူနာပြုတကသိုလ်ဆင်းမဟုတ်ဘူး။ သားဖွားသင်တန်းဆင်းပေါ့။ သားဖွားသင်တန်းဆင်းတဲ့အခါ အတော်ဆုံး အယောက်၂၀ ကို အဲသလို ဆေးရုံကြိးတွေကရွေးတယ်တဲ့။ ပြီးတော့ ပေးရှန့်ရှိတိုင်းသူတို့ကို ခေါ်တယ်ပေါ့။ သူတို့က နယ်ကတွေလဲ ပါတယ်။ အဆောင်စုငှားနေတဲ့သူကနေတယ်။ ပေးရှန့်က အမြဲရှိလားဆိုတော့.. ရှိတယ်တဲ့။ နားတောင်မနားရဘူးတဲ့။ တစ်ယောက်ကတော့ သဘောကျလို့ အိမ်ခေါ်တာကို မလိုက်လို့ရရင် မလိုက်တော့ဘူးအစ်မရယ်တဲ့။ ဟိုတစ်ယောက်ကို ခေါ်လိုက်ပါတဲ့။ ကျွန်မက ရွာပြန်ဖို့ စီစဉ်ထားပြီးသားမို့ပါတဲ့။ ရွာမပြန်ရတာ တစ်နှစ်လောက်ရှိပြီဆိုတယ်။ အလုပ်တွေ ဆက်တိုက်ရှိနေလို့တဲ့။ ဟယ်.. တယ်ဟုတ်ပါလားပေါ့။
ဆေးရုံမှာဆင်းတဲ့ရက်တွေက တစ်ရက် ၃၀၀၀ ရတယ်။ အိမ်လိုက်ရင် ၆၀၀၀ ရတယ်။ တစ်ခါတစ်လေ..နားချင်ရင် ငြင်းရတယ်တဲ့။ ၀င်ငွေအတော်ကောင်းတဲ့အလုပ်ပါလားလို့ တွေးမိတယ်။ ဒါတောင် သူက ပို့စ်တင်းဝင်ဖို့စောင့်ရင်း လုပ်တာတဲ့။ သူတို့ကလဲ ဆရာဝန်တွေလိုပဲ ၃ နှစ်ပို့စတင်းသွားရတယ်တဲ့။ အဲသလိုသွားမှ ရဂျစ်စတာနာ့စ်ဖြစ်မယ်တဲ့။ (ဆရာဝန်တွေကို ၃ နှစ်လုပ်ပြီး မှ ဆမ ထုတ်ပေးသလိုပေါ့)။ အဲအဲ.. အဲသည် ပို့စတင်းကလဲ ကိုယ်လိုချင်တဲ့နေရာရဖို့ လိုက်ရင် ၁၀သိန်းလောက် ဈေးပေါက်သတဲ့...။ သားဖွားဆရာမနော်..။ သင်တန်းက ၁နှစ်ခွဲ တက်ရတယ်။ ကွန်ပြူတာဘာညာ တတ်စ၇ာမလိုဘူး တစ်လကို ရက်၂၀ လောက်ပဲ အလုပ်လုပ်.. ၆ သောင်းပဲ။ ဒါတောင် ၆၀၀၀နှုန်းနဲ့ အိမ်လိုက်ရတဲ့ ပေးရှန့်တွေ မပါသေးဘူး။ တစ်ချို့တွေဆို ကလေးမွေးပြီး ဆေးရုံကဆင်းရင် ၁ လလောက်လဲ ခေါ်တယ်တဲ့။ တချို့ကတော့ နှစ်နဲ့ချီပြီးတောင်ခေါ်တယ်တဲ့။ တစ်လလုံးခေါ်ရင်လဲ.. အဲသည် ၆၀၀၀ နှုန်းကို ရက်၃၀ နဲ့ မြှောက်လိုက်တာပဲတဲ့။ တချို့ကြာကြာခေါ်မယ့်သူတွေနဲ့တော့ ညှိလို့ရတတ်တယ်တဲ့။ မနည်းတဲ့ ၀င်ငွေပဲနော်...။ ကိုယ့်သူငယ်ချင်းတစ်ယောက်လဲ.. ကလေးကို ဗိုက်ခွဲမွေးထားရတော့ ၁ လခေါ်တယ်လေ..။ နေ့ရော ညရော။ တစ်ရက် တစ်သောင်းကျတာပေါ့။ တစ်လဆိုတော့.. ၃ သိန်း။ ဟုတ်နေတာပဲနော်..။ အဲဒါတွေစုပြီးမှ ပို့စတင်းကျရင် တောမှာ ၃ နှစ်လုပ်ပေးရဦးမယ်။ အဲလို တောမှာ ၃ နှစ်လုပ်ဖို့အတွက်ကို ကိုယ့်မြို့နယ်ထဲက ရွာတွေပြန်ကျဖို့အတွက်ဆို ၁၀သိန်းလောက်ပေးရတယ်ဆိုတာကို အံ့သြလို့ မဆုံးဘူး။
သူနာပြုတွေတောင်မှ သူတို့လောက် ဈေးကွက်ရှိမယ်မထင်ဘူး။ ခုခေတ်က ကလေးမွေးရင် ဗိုက်ခွဲမွေးကြတာများတော့ သူတို့ကိုလဲ အိမ်အထိ တစ်လလောက်အနည်းဆုံးခေါ်တဲ့သူတွေချည်းပဲ။ (ကိုယ်တို့ကတော့ အဲလောက်လဲ မတတ်နိုင်သလို ကိုယ့်အဒေါ်တစ်ယောက်လုံးလဲရှိနေတာမို့.. လိုလဲမလိုလှဘူးလေ... ။ဒါတောင် တစ်ပတ် ခေါ်ဖြစ်လိုက်သေးတာကိုး။)
လုပ်ရတဲ့အလုပ်ကလဲ မပင်ပန်းလှပါဘူး။ မနက် ၇ နာရီအိမ်ကို ရောက်လာတယ်။ သားလေးကို သန့်စင်ပေးတယ်။ အမေကို ရေပတ်တိုက်ပေးတယ်။ ဗိုက်ကချုပ်ရိုးကို အရက်ပျံနဲ့သုတ်ပြီး ဗိုက်စည်းစည်းပေးတယ်။ ပြီး အမေက နို့တိုက်ရတယ်။ သူကထိုင်စောင့်ရုံပဲ။ သားအိပ်သွားရင် ပုခက်ထဲ ပြောင်းထည့်ထားလိုက်တယ်။ သူက အနားက ခုံမှာ စာအုပ်လေးဖတ်ပြီး ထိုင်စောင့်။ သေးပေါက်လိုက်ရင် အနှီးလေးထလဲ..။ ဒါပဲလုပ်ရတယ်။ ကလေးက တချိန်လုံးအိပ်နေတာဆိုတော့ သူလဲ ထိုင်နေရတာပါပဲ။ ကိုယ်ကလဲ ဗိုက်ခွဲထားတော့ ငြိမ်ငြိမ်လေးနေရတာပဲ။ ကိုယ့်လက်နဲ့ကိုယ် စားနိုင်သောက်နိုင်ပဲဆိုတော့ .. ည ၇ နာရီဆို ပြန်တယ်။ အဲဒါ ၆၀၀၀ ပဲ။ သူတို့ဈေးကွက် မဆိုးဘူးနော်..။
Posted by
Maw
at
11:18 PM
0
comments
Labels: တွေးမိတွေးရာလေးများ
ဓမာ သောက အင်းဝ ရာဇာ
ယုံကြလားတော့မသိဘူးနော်.. မြန်မာ အဆိုတွေလေ..
ဓမာ သောက အင်းဝ ရာဇာ ဆိုတာရယ် ဥသာ စိန်ပန်း ဒန်းလှ ကို ရှာ ဆိုတာရယ်ပေါ့။
အဲသည် အဆို ၂ ခု အရ ဆိုရင် .. ကိုယ်က ကြာသပတေးသမီးလေ။ သည်လိုဆိုရင် စနေသား အိမ်ထောင်ဘက်ကို ရှောင်ရမယ်။ ´ဓမာ´ ဆိုတာကိုး။
နောက်ပြီး စိန်ပန်း ဆိုတဲ့အတွက် ကိုယ်က အင်္ဂါသား အိမ်ထောင်ဖက်ကို ရှာရမယ်ပေါ့။
အဟက်.. ဘယ်သူက ရည်းစားထားခါနီး ဘာနေ့သားပါလိမ့် .. ငါနဲ့ ကြိုက်လိုက်ရင် နေ့နံ တည့်ပါ့မလား တွေးခဲ့မတုန်းနော်..။ ဒုက်ခ။ အိမ်ထောင်ပြုမယ်ဆုံးဖြတ်မှ.. ဟယ် .. စနေသားကြီးတော့.. ငါနဲ့ မတည့်ဘူး။ တော်ပြီ တော်ပြီ ဆိုလို့ ရမလားနော်..။ သည်တော့ အဲသည် မတည့်တဲ့နေ့နံ စနေသားကြီးကို ဘာမှ ဂရုမစိုက်ဘဲ ယူခဲ့တာပေါ့..။
ပြောရဦးမယ်..။ သားကိုဗိုက်ခွဲမွေးလိုက်ရတာဆိုတော့.. ကိုယ်က ဗိုက်ချုပ်ရိုးကိုလည်း ဂရုစိုက်ရဦးမယ်။ သားကိုလည်း ဂရုစိုက်ရဦးမယ်ဆိုတော့.. အညာက မေမေ့ရဲ့ ညီမ (ကိုယ့်ရဲ့ အဒေါ်) ပင်စင်ယူထားတဲ့ သားဖွားဆရာမ က လာနေပေးပေမယ့် သားအဖေက ဆေးရုံက စပါယ်ရှယ်နာ့စ်ကိုလဲ အနည်းဆုံး ၁ ပတ်လောက်တော့ ခေါ်ပါ ဆိုလို့ .. ဆရာမ အိမ်ခေါ်ဖြစ်တယ်။ ဆေးရုံမှာတုန်းက တစ်ဂျူတီကို ၃၀၀၀ နဲ့ နေ့တစ်ယောက် ညတစ်ယောက် ဆိုတော့ ၆၀၀၀ ကျတယ်။ အိမ်ခေါ်ရင် ၂ ဆပေးရတယ်တဲ့။ တစ်ဂျူတီကို ၆၀၀၀ ပေါ့..။ ၂ ယောက်လုံးခေါ်ရင် တစ်ရက်ကို ၁၂၀၀၀ သေရချည်ရဲ့နော်..။ အဲဒါနဲ့ သူ့အဖေ ခေါ်စေချင်ရင်လည်း ခေါ်တာပေါ့။ ညဘက်ဆိုရင် ဆရာမအတွက်လည်း နေစရာစီစဉ်ပေးရတာ ဘာညာနဲ့ .. နေ့ဆရာမပဲ ခေါ်မယ်ဆိုပြီး တစ်ယောက်ကို အိမ်ခေါ်ပါတယ်။ မနက် ၆ နာရီက နေ ညနေ ၆နာရီအထိပေါ့။
ကိုယ်လိုချင်တာက နေ့ဘက်ဆင်းတဲ့တစ်ယောက်။ ဒါပေမယ့်သူကလဲ ရွာပြန်ဖို့ စီစဉ်ထားပြီးသားဆိုတော့ ညဘက်နာ့စ်ကိုပဲ နေ့ဖက် အိမ်မှာလာဆင်းပေးဖို့ ခေါ်ရတယ်။ (သူတို့တွေရဲ့ လောကအကြောင်းလဲ နောက်ပြောပြပါဦးမယ်။ ) ထားပါတော့..။ တကယ်ပြောချင်တာက အဲသည်နာ့စ်မက အိမ်မှာ စကားစမြည်ပြောရင်း ကိုယ့်ကိုဘာပြောလဲဆိုတော့.. အစ်မက ဘာနေ့သမီးလဲ တဲ့။ ကြာသပတေးပါ ဆိုတော့.. ကလေးအဖေက ဘာနေ့သားလဲတဲ့။ စနေလေ ဆိုတော့.. မချောကဘာပြောလဲဆိုတော့ `ဟယ်.. အဲဒါမကောင်းဘူး။ မတည့်ဘူးလေ။ စီးပွားမတက်ဘူးတဲ့။´ စီးပွားမတက်ဘူးလို့ ပြောချလိုက်ပါတယ်။ ကိုယ့်မှာ.. စိတ်ထဲက တော်တော် တင်းသွားပေမယ့်.. သားရဲ့ဆရာမ ဆိုတော့.. ပြုံးပြုံးလေးပဲ.. `ဟုတ်လား..။ အစ်မတို့ကတော့ အဲလို အယူတွေ မရှိပါဘူး` လို့ပဲ ပြောလိုက်ရတယ်။ ဒုက်ခနော်..။ အားအားယားယား.. သူများအိမ်မှာ မဟုတ်တာတွေလာပြောနေတယ်။
နောက် မေမေ့သူငယ်ချင်းများလာလည်ကြတယ်။ ဘွားတော်ကြီး ၂ ယောက်ပေါ့။ (ဖေဖေမြစ်ကြီးနား တာဝန်ကျတုန်းက ခင်ခဲ့မင်ခဲ့ကြတဲ့.. ဘာကတော် ညာကတော် ဟောင်းကြီးများပေါ့လေ..) ခုတော့ ပင်စင်တွေယူပြီး ရန်ကုန်ရောက်ကြတော့ အရမ်း ခင်မင်နေကြတာ။ သူတို့ကလာလည်တော့.. သားက ဘာနေ့သားလဲ တဲ့။ ဗုဒ်ဟူးပေါ့။ အဖေက စနေ ဆိုတော့.. ဟာ သိပ်ကောင်းတာ။ ဗုဒ်ဟူးနဲ့ စနေက ဘာဆိုလား။ အဆိုလေး တစ်ခုနဲ့ ပြောတာပါပဲ။ အရမ်းစီးပွားတက်မှာ တဲ့။
ဟုတ်လား အန်တီရယ်..။ သမိးကတော့ ကြသပတေး။ ဟိုဆရာမလေးကတော့ အဲလိုပြောသွားတာ လို့ ပြောမိတော့.. အမလေး သမီးရယ်.. ။ အဲဒါမှ ကို စီးပွားတက်တာတဲ့။ အန်တီနဲ့ မင်းအန်ကယ်နဲ့ဆို စနေနဲ့ ကြာသပတေးလေ..တဲ့။ ယူပြီးတာနဲ့ စီးပွားတွေ တက်လိုက်တာ... အရမ်းပဲတဲ့။
ဥစာ လို ရန်ဂြိုဟ်ရှာ တဲ့.. သမီးရဲ့။ ရန် ဂြိုဟ် နဲ့ ယူမှ စီးပွားတတ် တာ။ လူတွေက မသိလို့တဲ့။
သမီးတို့် လေ.. ကိုယ်ပိုင် တိုက် ကိုယ်ပိုင်ကားနဲ့ ကို ကြီးပွားကြဦးမှာတဲ့...။
အားရစရာကြီးနော်...
ဘာက အမှန်လဲ တော့မသိဘူး။ ကိုယ်က တော့ စီးပွားတတ်မယ်ပြောတာကို သဘောအကျဆုံးပဲ။ အဲဒါကိုပဲ အတည်ယူတော့မယ်။
ဟီဟိ။
Posted by
Maw
at
4:09 AM
1 comments
Labels: တွေးမိတွေးရာလေးများ
Tuesday, September 2, 2008
သားကလေး မွေးဖွားခြင်း အကြောင်း
သားကလေးကို ၆ ရက်နေ့က ဗိုက်ခွဲပြီးမွေးလိုက်ရတယ်။ အဲသည်နောက် အွန်လိုင်းမလာဖြစ်ခဲ့တာ ခုထိပဲ။ ဒီနေ့ သားကလေး ၂၇ ရက်မြောက်နေ့ပေါ့။ နို့တိုက်ပြီး သိပ်ထားခဲ့တယ်။ အခု အိမ်နားက အင်တာနက်ဆိုင်ကနေ ၀င်နေတာ။ အခု ပဲ အိပ်နေတဲ့ သားပုံလေးရိုက်လာခဲ့တယ်။ တစ်နေ့ထက်တစ်နေ့ ပိုပို ချစ်စရာကောင်းလာတဲ့သားကလေးပေါ့။
ရိုးရိုးမွေးဖို့ ရည်ရွယ်ထားပေမယ့်လဲ အိုဂျီက စမ်းသပ်ကြည့်တော့ ချက်ကြိုးလျှောနေတယ်တဲ့။
ရိုးရိုးမွေးတဲ့အထိစောင့်လိုက်ရင် အနရယ်ရှိတယ်ဆိုတာကြောင့် ခွဲမွေးလိုက်ရတယ်။
၅ရက်နေ့က စမ်းသပ်ကြည့်ပြီး ၆ ရက်နေ့ သြဂတ်စ် မနက် ၅ နာရီမှာ ခွဲမွေးမယ်ဆိုပြီးဆုံးဖြတ်လိုက်တဲ့အတွက် (အိုဂျီက ဆုံးဖြတ်တယ်ဆိုပေမယ့် သဘောတူလားမေးပါသေးတယ်။ မတူလို့မှမရတာနော်.. ကလေး အနရယ်ရှိတယ်ဆိုတော့.. ဟုတ်ကဲ့။ တူပါတယ်ပေါ့။) ၅ ရက်နေ့ ညနေ ၄ နာရီက စလို့ ဘာဆိုဘာမှ မစားရ။ရေလည်း မသောက်ရ။ နောက် ညဘက်ကို ၀မ်း ၂ ကြိမ်ချူရသေးတယ်။
မနက် ၃ နာရီလောက်ကျတော့.. နာ့စ်က နှိုးပေးပြီး သန့်ရှင်းရေးလုပ်ပေး၊ ခွဲစိတ်ခန်းဝင်တဲ့ ၀တ်စုံကြီးလဲ ပေး.. နောက် ဆေးတည့်မတည့်စမ်းတဲ့အနေနဲ့ ဆေးလာထိုးသေးတယ်။ ယောက်ျားက ဓာတ်ပုံနဲ့ မှတ်တမ်းတင်ပေးထားသေးတယ်။ခွဲခန်းဝတ်စုံစိမ်းကြီးနဲ့ အမှတ်တရပေါ့လေ...။ နောက် လမ်းလျှောက်လို့ရရက်သားနဲ့ တွန်းလှည်းနဲ့ လာခေါ်သွားပါတယ်။ ကိုယ်ကလဲ အကောင်းကြီးကို တွန်းလှည်းနဲ့ လာခေါ်တော့.. ကိုယ့်ဟာကိုယ် လျှောက်လို့မရဘူးလားဆိုတော့ မရဘူးတဲ့..။ အဲသလိုနဲ့ ယောက်ျားနဲ့ အမေနဲ့ကို တာ့တာပြပြီးခွဲခန်းဆီကို ပါသွားပါလေရော.. ။တကယ့်တကယ်ကြီးကျတော့ ကိုယ့်နား ဘယ်သူမှ မပါဘူး။ ကိုယ်တစ်ယောက်တည်းရင်ဆိုင်ရတာပါပဲ။ ကြောက်တော့ကြောက်မိတယ်။ လက်ကိုလဲ ဆေးသွင်းတယ်။ ခွဲကုတင်ပေါ်ရောက်တော့.. လက်တစ်ဖက်က ဆေးသွင်း။ တစ်ဖက်က ဟိုဟာဒီဟာတွေ ညှပ်ပေါ့လေ..။ ကိုယ်လဲ တစ်ထိတ်ထိတ်နဲ့ ဘာက ဘာလုပ်နေမှန်းမသိတော့ဘူး။ နောက်တော့ လူကို တစ်ဖက်စောင်းပြီး ကွေးခိုင်းထားရာကနေ ကျောအဆစ်ရိုးထဲကို ထုံဆေးထိုးထည့်လိုက်တယ်။ ထိုးပြီးလို့ ပက်လက်အနေအထား ပြန်ပြောင်းလိုက်တဲ့အချိန်မှာပဲ အောက်ပိုင်းတစ်ခုလုံးထုံသွားတော့တယ်။ နောက် ကိုယ့်မျက်လုံးကိုလည်း အုပ်လိုက်တယ်။ ဗိုက်ကို ဆေးတွေသုတ်နေတာတို့ ခွဲတာတို့ကို သိနေပေမယ့် ထုံတုံတုံနဲ့ မနာဘူး။ ကလေးကို ဆွဲထုတ်လိုက်တော့ အိုဂျီရဲ့ အသံကိုကြားရတယ။် ကလေးက မျက်နှာဖုံးလေးနဲ့တော့တဲ့။ ၀ါးခနဲ အော်ငိုတဲ့ကလေးသံလဲ ကြားရတယ်။ ကိုယ်က မေ့ချင်သလိုလို အိပ်ချင်သလိုလိုဖြစ်လာရင်းက မျက်နှာဖုံးဆိုတာဘာလဲ လို့ လှမ်းမေးလိုက်မိတော့... အရေပြားအဖုံးကလေးပါတာ။ သိမ်းထားဖို့ယူမလားတဲ့။ ကိုယ်လဲ ဘာမှန်းမသိတာနဲ့ ဟင့်အင်းလို့ ဖြေပြီး.. အိပ်ပျော်သွားတော့တယ်။ သတိပြန်ရလာတော့ အခန်းကိုပြန်ရောက်နေပြီး တအားတအားကို ချမ်းနေတယ်။ စောင်တွေနဲ့ ၀ိုင်ုးခြုံပေးနေတာသတိထားမိတယ်။ ကလေးကို ၀ိုင်းကြည့်ပြီး စကားပြောနေတဲ့အသံတွေလဲ ကြားနေရတယ်။ ကိုယ့်ယောက်ျားက သူဘာလို့ အဲလောက်ချမ်းနေတာလဲ လို့ မေးတဲ့အသံလဲကြားတယ်။ မေ့သလိုလို သတိရသလိုလို နဲ့ ခိုက်ခိုက်တုန်ချမ်းတာပဲ သိတော့တယ်။ ကောင်းကောင်းသတိလည်လာတဲ့အချိန်မှာ ကိုယ့်အစ်မလတ်နဲ့ အမေနဲ့က ကိုယ့်ခြေထောက်တွေကို ဆုပ်ဆုပ်ပြီး နှိပ်ပေးနေတယ်။ ထုံနေရာကနေ တဖြည်းဖြည်း ပြန်ကောင်းလာတယ်။ ချမ်းတာလဲ နည်းနည်းလျော့သွားတယ်။ ကလေးလေးကို ကိုယ့်နားလာပို့ပြီး နို့စမ်းတိုက်ကြည့်ကြတယ်။ သားလေးက အနှီးထုတ်ကလေးနဲ့.. မျက်လုံးလေးတွေဖောင်းအစ်အစ်နဲ့ နီတာရဲကလေးရယ်။
ပထမဆုံးနို့ရည်စတိုက်ကြတယ်။ သားကလေး ပထမဆုံးစသင်ယူရတဲ့အတတ်ပညာပဲ။ ပထမဆုံးဆိုတော့. နို့ရည်ကြည်လေးနည်းနည်းပဲ စထွက်တယ် ..။ နို့ဗူးလေးဖျော်တိုက်ရတယ်။ ကိုယ်ကတော့ အိပ်ယာပေါ်မှာ ခေါင်းအုံးမပါဘဲ ပက်လက်။ ခေါင်းလည်းမလှုပ်ရဘူး တကိုယ်လုံးမလှုပ်ရဘူး။ ဘာမှ မစားရမသောက်ရဘူး။ ၂၄ နာရီပြည့်မှ ပဲ ရေစသောက်ရတယ်။ ခေါင်းအုံးစအုံးရတယ်။
ကလေးလေးက ကျန်းကျန်းမာမာနဲ့ အသားဝါမပါလာဘူးဆိုပြီး ၀မ်းသာနေတုန်း ၅ ရက်မြောက်နေ့မှာ နည်းနည်းဝါချင်သလိုလို ဖြစ်နေလို့ မီးပြရသေးတယ်။ သားလေးက အော်အော်ပြီးငိုတယ်။ အနှီးလေးနဲ့ ပတ်ထား၊ လူက ပွေ့ထားပိုက်ထားမှ နေတတ်သေးတဲ့ သားကလေးကို ကိုယ်တုံးလုံးကလေး မီးချောင်းအောက်မှာ ထားရတော့.. သူလန့်တာပေါ့... လွတ်လွတ်ကြီးဖြစ်နေတော့ ကြောက်ပြီး ငိုရှာတယ်။ သူ့ကို သနားလို့ ကိုယ်ပါငိုရတယ်။
၇ ရက်မြောက်နေ့မှာတော့ ကလေးအထူးကုက ရပါပြီ။ ဆင်းလို့ရပြီဆိုတော့ .. ၁၂ ရက်နေ့မှာ ဆေးရုံက ဆင်းခဲ့တယ်။ မဆင်းခင် သူ့ရဲ့ ဒေးနဲ့ နိုက်ဆရာမလေး၂ ယောက်နဲ့ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့တယ်။
ဒါကတော့ ဆေးရုံရောက်ြ့ပြီး မှတ်တမ်းတင်ထားတဲ့ပုံပါ။ သားကလေးကို ခွဲမထုတ်ခင် အမှတ်တရပေါ့။
ဆေးရုံပေါ်နေစဉ် တစ်ပတ်မှာ သားအဖေက ညည ရုံးကနေပြန်လာပြီး ကလေးထိန်းတယ်လေ...။ သူကလေးချီပြီး ချော့နေတဲ့ပုံသဘောကျလို့ ကုတင်ပေါ်ကနေ လှမ်းရိုက်ထားတာ။
Posted by
Maw
at
1:00 AM
0
comments
Labels: သားသားလေး
ဒီနေ့ သားကလေး ၂၇ ရက်မြောက်နေ့ပေါ့။ နို့တိုက်ပြီး သိပ်ထားခဲ့တယ်။ အခု အိမ်နားက အင်တာနက်ဆိုင်ကနေ ၀င်နေတာ။ အခု ပဲ အိပ်နေတဲ့ သားပုံလေးရိုက်လာခဲ့တယ်။ တစ်နေ့ထက်တစ်နေ့ ပိုပို ချစ်စရာကောင်းလာတဲ့သားကလေးပေါ့။
Posted by
Maw
at
1:00 AM
0
comments
Labels: သားသားလေး
Wednesday, July 30, 2008
ဝေခွဲမရတဲ့ ပြသနာ
ဒီခေတ်ကြီးမှာ ရိုးရိုးမွေးမယ်ပြောရတာ တော်တော်မျက်နှာငယ်ပါတယ်။
ရိုးရိုးမွေးမယ်ဆုံးဖြတ်တာက ကလေးကို သဘာဝအတိုင်း သူထွက်ချင်တဲ့အချိန် ထွက်လာစေချင်တာပါ။ နာမှာကတော့ ရိုးရိုးမွေးလဲ နာမယ်။ ဗိုက်ခွဲမွေးလဲ.. ဗိုက်နာတဲ့ဒဏ်မခံရပေမယ့်.. ချုပ်ရိုးမကျက်မချင်း နာနေရဦးမှာပါပဲ။
ကိုယ်လဲ မကျေမလည် ဖြစ်သွားတယ်။ အမျိုးသမီးဆေးရုံဆိုတာက .. အခန်းတွေဘာတွေကလဲ ကောင်းချင်မှ ကောင်းတာ.. ။နောက်ပြီး နာ့စ်တွေကဟောက်ဦးမယ်...။
နောက်ပြီးစဉ်းစားမရတာက.. သူများနိုင်ငံတွေမှာ (ဥပမာ ကိုယ်နဲ့ ဧည့်ခံပွဲတစ်ခုမှာ ဆုံတဲ့ ပြင်သစ်အမျိုးသမီး တစ်ယောက် ပြောပြချက်အရ) ပြင်သစ်မှာလို့ပဲ ဆိုကြပါစို့။ ပြင်သစ်မှာဆိုရင် ရိုးရိုးပဲမွေးရတယ်။ ခွဲမွေးဖို့ဆိုတာ ခိုင်လုံတဲ့ခွင့်ပြုချက်နဲ့မှ ရတာ။ ကိုယ်တို့ဆီမှာ လို.. အကုန်လုံး ခွဲနေကြတာမဟုတ်ဘူး။ ခွဲချင်တိုင်းလဲ မခွဲရဘူး။ လိုအပ်လှပါတယ်ဆိုမှ ခွဲမွေးဖို့ ခွင့်ပြုတာ။
ကိုယ့်ရဲ့ အခု လက်ရှိ အိုဂျီ်ကတော့.. ကောင်းရှာပါတယ်။ သေချာရှင်းပြတယ်။ အမလေး.. အမျိုးသမီးဆေးရုံမှာ မမွေးနဲ့..။ ဘယ်မှာ မွေးမွေး တို့ရမယ့် ပိုက်ဆံက အတူတူပဲ။ အစိုးရဆေးရုံဆိုတာ.. ဘာမှ စိတ်ချရတာ မဟုတ်ဘူး။ မွေးခုံတွေ သန့်ရှင်းရေးဆိုတာကလဲ စိတ်မချရဘူး။ သုံးတဲ့ ဆေးရည်တွေရဲ့ concentration ချင်းကလဲ တူတာမဟုတ်ဘူး။ အပြင်ဆေးရုံတွေဆိုတာ နံမည်တလုံးနဲ့နေတာ။ နံမည်ပျက်မခံဘူး။ တို့တွေက သိတယ်။ သန့်ရှင်းရေးမကောင်းလို့ complain တက်ရင် အဲသည် ၀န်ထမ်းပြုတ်မှာ..။ အဲသည်တော့ ၀န်ထမ်းတွေကလဲ တာဝန်ကျေရတယ်။ အစိုးရဆေးရုံက အဲသလိုမဟုတ်ဘူး။ အားလုံးက အစိုးရ ၀န်ထမ်းတွေချည်းပဲ..။ ပိုးသတ်ဆေးရည်တွေလဲ ကျဲကျဲသုံးရင်သုံးမယ်။ နာ့စ်တွေ ကလဲ သူတို့ မျက်နှာ ကြည့်နေရမယ်။ ပေးလဲ ပေးရမယ်။ အောက်လဲ ကျို့ရမယ်။ အပြင်ဆေးရုံတွေက service က ပိုကောင်းပါတယ် တဲ့။
ရိုးရိုးမွေးတာကိုလဲ သူက လက်ခံပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ် ရောက်အောင် လာပေးမယ်ပြောတာပဲ။ လောလောဆယ်တော့ သူနဲ့ အပတ်တိုင်းပြနေတာ.. ၃ နာရီချိန်းထားရင် သူရောက်တဲ့ အချိန်က ၅နာရီ သို့မဟုတ် အဲသည်ထက် နောက်ကျမယ်မှတ်....။ ယောက်ျားဆိုရင် ကိုယ်ဆေးခန်းသွားတဲ့ နေ့တွေဆို အီစိမ့်နေတာပဲ။ လိုက်စောင့်ရတာ စိတ်မရှည်လို့..။
အဲ.. နောက် ရိုးရိုးမွေးမယ်ဆိုရင် ဘယ်ဆေးရုံမှာမှ အခန်းကြိုတင်ဘွတ်ကင်လုပ်လို့မရတဲ့ ပြသနာပါပဲ။ ရိုးရိုးမွေးက due date ထက် စောရင် စောမယ်။ နောက်ကျရင် နောက်ကျမယ်လေ..။ ရက်က ကွက်တိ ကျချင်မှ ကျတာကိုး.. ။ အဲဒါက တစ်ပြဿနာ။
ရိုးရိုးမွေးတာကို လိုလားပေမယ့်လဲ..။ အိုဂျီရဲ့ နောက်ကျတတ်တဲ့ပြသနာရယ်၊ အခန်း ဘွတ်ကင်လုပ်လို့ မရတဲ့ပြသနာရယ်၊ နောက် အချိန်မတော်ကြီး ဗိုက်ထနာနေလို့.. အိုဂျီကို ဖုန်းဆက်မရ၊ ပြုမရ ဖြစ်ခဲ့ရင် ဆိုတဲ့ အချက် တွေ တွေးပြီးသကာလ ခွဲမွေးရင်ပဲ ပိုကောင်းလေမလား.. ဇဝေဇ၀ါ ဖြစ်နေရပြန်ပါတယ်။
Posted by
Maw
at
12:56 AM
4
comments
Labels: မိခင်လောင်းဘဝ
မျှော်လင့်စောင့်စားနေရခြင်း
ခုဆိုရင်.. မေမေကိုယ်တိုင် ချုပ်ပေးထားတဲ့ အနှီး ၁၆ ထည်ရယ်၊ farlin ကချုပ်ပြီးသား အထုတ်လေးတစ်ထုတ် ထဲမှာ ပါတဲ့ ၅ ထည်ရယ်ဆိုတော့ အနှီး ၂၁ ထည်ရှိပြီ။ (လောက်မယ်ထင်ရတာပဲ)။ ကလေးအမေအတွက် အ၀တ်အစား ၄စုံ၊ ကလေး အကျိင်္ ပေါက်စလေး ၃ ထည်၊ ကလေးသုံးတဲ့ ဂွမ်းလုံးထုတ်လေးရယ်၊ ကလေး တစ်ရှူးအစိုထုတ်ရယ်၊ ပေါင်ဒါဗူး၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ပေါင်ဒါတို့တဲ့ တို့ပတ်ဗူး၊ ဂွမ်းတံ၊ ကလေးချက် မကြွေခင် ဆေးထည့်ပေးရတဲ့ ဂွမ်းတံထုတ်၊ လက်ညိုးမှာ စွပ်ပြီး ကလေး လျှာ သန့်ရှင်း ပေးရတဲ့ဟာ။ ကလေး လက်သည်းညှပ်၊ ကလေးမလန့်အောင် စည်းပေးရတဲ့ ရင်စည်း၊ ကလေးအမေ အတွက် ဗိုက်စည်း၊ ကလေးနို့ဗူး၊ နို့သီးခေါင်းအပို၊ ကလေးလက်စွပ်၊ ခြေစွပ်၊ ခေါင်းစွပ်၊တနေ့တနေ့ ခြင်းတောင်းကလေး တကြည့်ကြည့်နဲ့ပေါ့။ ရုံးကလဲ ခွင့်ယူထားပြီးပြီဆိုတော့.. အားနေရင် ဒါလေးတွေပဲ ထုတ်ထုတ်ကြည့်နေတယ်။
ခွင့်ယူထားရတော့ အချိန်အားတွေ တော်တော်များနေတော့.. ဘာတွေလိုနိုင်မလဲ တွေးလိုက်.. စိတ်ကူးရရင် ရသလို ဈေးဝယ်ထွက်လိုက် လုပ်နေမိတာပါပဲ။

အတွေ့အကြုံရှိတဲ့ သူငယ်ချင်းတွေက အများကြီးမ၀ယ်ထားနဲ့.. လက်ဆောင်တွေ ရဦးမှာ.. ထပ်ကုန်လိမ့်မယ် ဆိုလို့ မနည်းဘရိတ်အုပ်ထားရပေမယ့်လို့.. ခုကို တော်တော်ကြီး စုမိနေပြီ။
ကလေးပစ္စည်း ထွင်ရောင်းတဲ့ သူတွေကလဲ စုံနေအောင်ကို ထွင်ရောင်းကြပါပေတယ်။အမျိုးကို စုံနေတာပဲ။ ကလေး ရေချိုးတဲ့ ဇလုံလေးက ၃ သောင်း တစ်ထောင့်၆ ရာ ပေးရတယ်။ farlin က။ ကလေးလေး ကို တင်ပြီး ချိုးပေးဖို့ ပိုက်ပါပါတယ်။ အိမ်ရောက်တော့ ယောက်ျားနဲ့ပြောဖြစ်တယ်။ သက်သက် ထွင်ရောင်းကြတာပဲ။ ကိုယ်တို့ ငယ်ငယ်ကတော့ အဘွားက ခြေထောက် စင်းထားပြိး အဲသည်ပေါ် ကလေးလေးတင်ပြီး ခွက်နဲ့လောင်းချိုးလိုက် ပွတ်ပေးလိုက်နဲ့ သည်လိုပဲ ပြီးသွားတာပဲ တဲ့။ ရယ်ရတယ်။ ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် အဲသလို ကျကျနန ရေချိုးဇလုံလေးနဲ့ ဘာနဲ့ ဆိုတော့ အဆင်ပြေသွားတာပေါ့လေ..။
ကလေးပုခက်လည်း မ၀ယ်ဘူးလို့နေရာကနေ ၀ယ်လိုက်ပါတယ်။ သိပ်ဈေးကြီးတာကြီးတွေတော့ မတတ်နိုင်ဘူး။ ၄ သိန်းကျော်အထိရှိတယ်။ အကြာကြီးသုံးရမှာလဲ မဟုတ်ဘူး ဆိုတော့.. farlin ကပဲ ကိုးသောင်း၂ထောင်ဆိုတာ ၀ယ်လိုက်တယ်။ သောကြာနေ့ အိမ်မှာလာဆင်ပေးမယ်တဲ့။ နောက်ပြီး ကလေးထည့်တဲ့ အ၀တ်လက်ဆွဲကလေးလဲ farlin ကပဲ။ ၄သောင်းခွဲပေးရတယ်။ နီညိုရောင်လေးပေါ့။ ကလေးလေးကို ရုံးခေါ်သွားလို့ရတာပေါ့။ တွန်းလှည်းကတော့ မ၀ယ်တော့ဘူး သူကလဲ ဈေးမသေးဘူး။ ၁ သိန်းကျော်ကစတယ်။
ကလေးနို့တိုက်တဲ့ဘရာ ဆိုတာကရှိသေးတယ်။ အဲဒါက ၂သောင်းကျော်ပေးရတယ်။ ၀ါကိုးလ်က။ တရုတ်က လာတဲ့ ဈေးသက်သာတာတွေရှိတယ်ဆိုပဲ။ နောက်ထပ်တော့ မ၀ယ်တော့ဘူး။ သူငယ်ချင်း တစ်ယောက်က ၀ယ်ပေးမယ်ဆိုလို့။

ရယ်စရာ နောက်ပစ်စည်းတစ်မျိုးက နို့ညှစ်တဲ့ကိရိယာဆိုပဲ။ အဟက်။ အဲသဟာက ၁သောင်း ၂ ထောင့်နဲ့မှ ၂ရာ ပေးရတယ်။ နို့ညှစ်ပြီး နို့ဗူးလေးပါ တတွဲတည်းပါတယ်။ ၀ယ်သာဝယ်လိုက်ရတယ် စိတ်ထဲ အီတီတီနဲ့..။ ကိုယ့်ကိုယ်ကိုယ် နို့ညှစ်ရမယ်ဆိုတော့ နွားမကြီးလိုလို.. ဘာဂလိုတိုတို..။
နောက်တစ်မျိုးက ကလေးအမေများ အပြင်ထွက်တဲ့အခါ နို့သက်တယ်လို့ ခေါ်တဲ့.. မိခင်နို့ရည် တစိမ့်စိမ့်ထွက်နေတာမျိုးကို ကာကွယ်ပေးတဲ့ ပတ်ဒ် လေးတွေ တဲ့တော်..။ ဒါလဲ လိုပြန်တာပဲလေ..။ မလွယ်ပါလားနော်.. လို့ တရမယ့်ကိန်းပဲ။
ကလေးသေးခင်းလေးက ၃၂၀၀၊ ကလေးခေါင်းအုံးလေးက ၅၀၀၀၊ ယောက်ျားက ဘုရားတတယ်။ အောင်မလေး.. ကလေးခေါင်းအုံးလေးကို ၅ ထောင်တောင်ပေးရတယ်ဆိုပြီး ပြူးတူးပြဲတဲ ဖြစ်နေလေရဲ့။ ကလေး လက်သည်းညှပ် ကလေးက ၃၂၀၀၊ နို့ဗူးက ၄ထောင်ကျော်တယ်၊ နို့သီးခေါင်းအပို ၂ ခုက ၂၃၀၀။
ကလေးနေ့လည်နေ့ခင်းအိပ်ရင် အုပ်ပေးထားရမယ့် ခြင်ထောင်အုပ်ဆောင်း (ထီးလိုဖွင့်ရတဲ့ဟာ) က ၁သောင်း ၁ ထောင့်နဲ့ မှ ၅ရာ။ အဲဒါက စူပါဝမ်းက ၀ယ်တာ။
တော်တော်စုံသလောက်ရှိပြီ.. ပိုက်ပိုက်လဲ တော်တော်လေးကုန်ပြီးပြီ..ဆိုတော့... ရှော့ပင်းထွက်ရင်း မျှော်လင့်စောင့်စားခြင်းမှ အိမ်မှာ ငြိမ်ငြိမ်နေရင်း မျှော်လင့်စောင့်စားခြင်းအဖြစ် အသွင်ပြောင်း... အောင့်အည်းနေရပါပြီ။

ဒါတောင် ၀ယ်ချင်လွန်းလို့ လက်တယားယား ဖြစ်နေတဲ့ ပစ္စည်းတစ်ခုရှိသေးတယ်။ ကလေးနို့ဗူးနဲ့ စားသောက်ခွက်တွေ ပေါင်းတဲံ အိုးတဲ့။ farlin ကရောင်းတာ။ ၁သိန်းကျော်တယ်။ မေမေက သမီးရယ် ရေနွေးပွက်ပွက်ထဲ ထည့်လိုက်လဲ ရပါတယ်တဲ့။ ဈေးကြီးလွန်းပါတယ်တဲ့။ ဟုတ်တော့ဟုတ်ပါတယ်။ နို့ဗူးတွေဘာတွေလဲ farlin က၀ယ်ထားတာဆိုတော့ သူတို့ပြောတာပဲ သူတို့ ပစ်စည်းတွေက ရေနွေးနဲ့ ပြုတ်တာခံတယ်တဲ့။
Posted by
Maw
at
12:09 AM
4
comments
Labels: မိခင်လောင်းဘဝ
ကိုယ်ဝန်သည်
အရင်တုန်းက ကိုယ်ဝန်သည်တွေကို သတိထားစာနာတတ်ခဲ့ဖူးပေမယ့် အခု ကိုယ်တိုင် ကိုယ်ဝန်ဆောင်ဖူးမှ ပိုသိလာပါတယ်။
ဟိုးတုန်းက စာနာတတ်တယ်ဆိုပေမယ့် ... ကိုယ်တွေ့ခံစားဖူးတာနဲ့တော့ မတူနိုင်ဘူးလေ..။
ကိုယ်ဝန်ရှိတဲ့သူတွေ အစားအသောက်ပျက်တတ်တာ။ ညောင်းညာကိုက်ခဲတတ်တာ၊ ကြာကြာ မရပ်နိုင် ၊ မထိုင်နိုင်တာ၊ စိတ်လှုပ်ရှားလွယ်တာ၊ စသည် .. စသည်ပေါ့။
ကိုယ်ဝန်သည်ကို သာမန်လှုအချင်းချင်းထက် ဂရုတစိုက် ဆက်ဆံသင့်ပါတယ်။
Posted by
Maw
at
12:05 AM
1 comments
Labels: မိခင်လောင်းဘဝ
Tuesday, July 29, 2008
မိခင်လောင်းဘဝ
မိခင်လောင်းဘ၀က တကယ်ရင်ခုန်ကြည်နူးစရာကောင်းပါတယ်။
ကိုယ့်ဗိုက်ထဲက ကလေးလေး စလှုပ်လာခါစမှာ စိတ်လှုပ်ရှားရတယ်။ အသည်းတယားယားနဲ့..။ အခြားသော သက်ရှိလေးတစ်ခု ကိုယ့်ဗိုက်ထဲမှာ ရှိနေပါလားဆိုတဲ့ ခံစားချက် က တမျိုး။ ကိုယ့်ရင်သွေးလေး အသက်ရှိနေပြီ ဆိုတာကို သိနေရတာက ရင်တလှပ်လှပ်ဖြစ်စေတယ်။
ပထမလအစောပိုင်းက ဆက်ကနဲ ဆက်ကနဲ လှုပ်တတ်တဲ့ ကလေးလေးဟာ ၇ လကျော်လာတာနဲ့ သောင်းကျန်းတော့တာပါပဲ။ ဗိုက်ထဲမှာ သူကျပ်လို့ ရုန်းကန်တာလား။ အညောင်းဆန့်တာပဲလား မသိ။ ဗိုက်ပူပူဟာ ကြည့်နေရင် ဟိုနားက ဖောင်းလာလိုက် ဒီနားက ချွန်ထွက်လာလိုက်နဲ့.. ပုံအမျိုးမျိုးပြောင်းနေတာပဲ။
လက်သီးလေးတွေ ဒူးခေါင်းကလေးတွေ ဖြစ်မယ် မှန်းရတဲ့.. လုံးလုံး ဖုဖုလေးတွေ ထောင်ထွက်လာတတ်သေးတယ်။
သူ့ကို ပွတ်ပေးလိုက်ရင် နေရာရွေ့သွား ငြိမ်သွားပြန်ရော.. ဒါကိုပဲ ကြည့်ကြည့်ပြီး သဘောကျနေရတယ်။
ကလေးအဖေကို ပြရင် သူကြည့်တဲ့အချိန် ကလေး က ငြိမ်ငြိမ်သွားတတ်လို့ အသည်းယားရသေးတယ်။
ကြည့်နော်.. ကြည့်နော.်.. လှုပ်နေပြီ ဆိုပြီးပြလိုက်ရင် သူကငြိမ်သွားပြီး အကြာကြီးထပ်မလှုပ်တော့ပြန်ဘူး။ အဲဒါနဲ့ ဟိုက စိတ်မ၀င်စားတော့ဘဲ ဟိုဘက်လှည့်သွားရင် သူကလှုပ်ပြန်ပြီ။ နောက်နေလားတောင် အောင့်မေ့ရတယ်။ အဟက်။ နောက် မှ အဲလောက်လှုပ်တာ မျက်ဝါးထင်ထင်မြင်တော့တယ်။ သူ့အဖေက ဘောလုံးကြိုက်လို့ အထဲက ဘောလုံးကန်နေတာနေမှာပေါ့တဲ့။ ရယ်ရတယ်။
၆ လလောက်တုန်းက အာလ်ထရာဆောင်းရိုက်ကြည့်တော့ ယောက်ျားလေးတဲ့..။ ၀မ်းသာရပြန်တာပဲ။ ကိုယ့်တူမကလေးကို သမီးကလေးလို ချစ်နေရတော့.. သားကလေး ရတယ်ဆိုတော့ ပိုကောင်းတာပေါ့။ ယောက်ခမများဖို့ကတော့ မြေးဦးယောက်ျားလေး ရတာပေါ့။ ကိုယ့်မိဘများအတွက်က မြေးဦး မိန်းကလေးရပြီးသားကို မြေးယောက်ျားလေး ထပ်ရတော့ တစ်မျိုးစီ ချစ်ရတာပေါ့။ ကိုယ့်တူမအတွက်လဲ.. မောင်မောင်ကလေး ရတာပေါ့။
ကိုယ်ဝန်ရှိစ ၂ လ ၃ လလောက်တုန်းက ခံစားခဲ့ရတဲ့ ဒဏ်တွေကိုတောင် မေ့နိုင်သွားတယ်။ အဲသည်တုန်းကတော့.. မူးဝေ အော့အန်၊ အန်လိုက်ရတာမှ ဘာမှ စားမရ၊ သောက်မရ။ ရေချည်းသောက်ရင် ရေချည်းပဲအန်၊
အင်း.. ကလေးအဖေခမျာတော့ ဘာဝေဒနာမှ မခံရဘူး ဆိုတော့ မနာလို တောင် ဖြစ်မိသေး။ ပြီးရင် သူက အချောက်တိုက် အဖေ ဖြစ်ခွင့်ရလိုက်သေးတယ်။ ဟွန်း။
Posted by
Maw
at
11:42 PM
2
comments
Labels: မိခင်လောင်းဘဝ
Sunday, May 4, 2008
5 May 2008
ဘက်စ်ကားခက တစ်ကြောကို ၁၀၀၀ ပါ။ ရွှေပြည်သာကဘက်စ်ကားနဲ့ လာတဲ့သူက ၃၀၀၀ ပေးရတယ်လို့ပြောပါတယ်။ ၀န်ထမ်းအချို့နဲ့ ပြောကြည့်တာ။
ဆီဈေးက ၁သောင်းဖြစ်သွားပြီလို့ပြောပါတယ်။ တက်စီခက အရင် ၁၀၀၀ နဲ့လာတဲ့လမ်းကို ၃၀၀၀ တောင်းတယ်။ ကျောက်မြောင်းက အစ်မကြီးက ခါတိုင်း ၂၀၀၀ နဲ့လာတဲ့လမ်း ဒီမနက် တက်စီခ ၆၀၀၀ တောင်းတယ်ပြောပါတယ်။
အဓိက ပြသနာကတော့ သောက်ရေပါ။ ရေသန့်ဗူးတွေ လဲလို့မ၇တော့ပါဘူး။ လမ်းထဲမှာ ရေတွင်း တစ်တွင်း ရှိတာ မနက်က လူတွေ ပြုံနေတာ တွေ့ရတယ်။ ရေလာချိုးကြတာပါ။ အိမ်မှာတော့ အပေါ်တန့် ထဲမှာ ရေ ကျန်သေးသလို အောက် က အုတ်ကန်ထဲမှာရယ် လိုလိုမယ်မယ်ဆောင်ထားတဲ့ တိုင်ဂီထဲမှာရယ် ရေရှိနေ သေးတယ်။ အပေါ် tank ထဲက ရေကို သောက်ရေအဖြစ်သုံးဖို့ချန်ပြီး ဆေးတာကြောတာကို basin မှာ ပိုက်ဖွင့်မဆေးပဲ.. ရေဇလုံ နဲ့ ရေခြွေတာသုံးနေရတယ်။ မီးမလာလို့ ရေမရပါဘူး။
Emergency Lamp လေးကို ရုံးယူလာပြီး အားသွင်းရတယ်။ မနေ့ကတော့ City Mart (အောင်ဆန်းကွင်း) က နေ့လည် ၁ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်ပေးတယ်ဆိုလို့ ၄ နာရီလောက်ကရောက်တယ်။ လူတွေ အရမ်းများနေလို့ ပေးမ၀င်ပါဘူး .. ။အပြင်ကနေ တန်းစီရတယ်။ နာရီဝက်လောက် တန်းစီပြီးမှ ၁၀ ယောက်ချင်း ပေးဝင်ပါတယ်။ ၀ယ်လိုက်ကြတာအုံးအုံးကျွက်ကျွက်ပါပဲ။ .. ဈေးတွေ မတင်ထားဘဲ အရင်ဈေး အတိုင်းပဲ ရောင်းပေးတာကျေးဇူးတင်ရမယ်။ ဆီရယ်၊ ဆက်သား ခြောက်ဖုတ်တို့ဘာတို့ ရယ်ဒီမိတ် အစားအစာတွေ နည်းနည်းဝယ်တယ်။ နို့တို့ အသားတို့က ရေခဲသေတာကလည်း မီးမလာတာနဲ့ မ၀ယ်တော့ဘူး။ ငွေရှင်းဖို့ တန်းစီရတာ ၁ နာရီကြာတယ်။ ငွေရှင်းဖို့တန်းစီရင်းမှ ရှေ့က အစ်မကြီး တောင်းထဲမှာ ဖယောင်းတိုင်တွေ တွေ့လို့.. သူ့ကို ခြင်းအပ်ပြီး ခဏဖယောင်းတိုင်ပြေးယူရတယ်။ ကိုယ်ဖယောင်းတိုင်တွေ ယူပြီးပြန်လာတော့ နောက်က တန်းစီနေတဲ့ နိုင်ငံခြားသား လင်မယားက ကတွတ်ကတွက်ပြောပြီး မိန်းမက အပြေးအလွှားဖယောင်းတိုင်တွေ ပြေးယူကြပြန်တယ်။ ရယ်ရတယ်။
အပြင်ကဈေးလေးတွေကတော့ ရှိသလောက်ပစ်စည်းတွေနဲ့ ဖွင့်ကြ သေးတယ် ပြောတယ်။ ဒါပေမယ့် ဈေးတွေက အကုန်တက်တယ်ပြောတယ်။
ရထားလမ်းတွေပေါ်လည်း သစ်ပင်တွေလဲကျနေတာ ဆိုတော့ ကားလမ်းတွေ ရထားလမ်းတွေ ခက်ခဲမှာရယ်၊ ဆီဈေးတွေတက်တာရယ်ပေါင်းပြီး နယ်ကလာမယ့် ကုန်စည်တွေ အကုန်ဈေးတွေ ထပ်တက်ပါဦးမယ်။
ကိုယ်ကတော့ .. ၀ယ်လှောင်လဲ အလကားမို့.. နည်းနည်းပါးပါးပဲ.. ၀ယ်ပါတယ်။ အိမ်ကို ဖုန်းဆက်ကြည့်တော့ ဆန်ဆီရှိတယ်။ ပုစွန်ခြောက် ငါးခြောက်ကလည်း ရှိတာမို့ စိတ်ပူစရာမရှိပါဘူး။ အလွန်ဆုံး ၂ ပတ် ၃ ပတ်စာလောက်ရှိရယ် အဆင်ပြေမယ် ထင်တာပါပဲ။
အဲလောက်အထိပဲ ဒုက်ခများမယ် မှန်းထားမိတာပါ။ ပိုဆိုးရင်တော့ မပြောတတ်ပါ။ ပိုက်ဆံကတော့ တော်တော်ချွေချွေတာတာ သုံးရမယ်။ ကိုယ်တွေ လူလတ်တန်းစား မြို့ပေါ်နေတွေရဲ့ ဒုက်ခက ဒါပါပဲ။ အိမ်မိုးသွပ်တွေလည်း အခု လိုသလောက် မရတော့ဘူး တန်းစီရတယ် ကြားပါတယ်.။ ကိုယ်တို့ ခေါင်မိုးတော့ တက်မကြည့် ရသေးပါဘူး။
နောက်တစ်ခါ မိုးရွာရင်တော့ မိုးတွေ ယိုဦးမှာပါပဲ။ တစ်တိုက်လုံးနဲ့ တော့ စကားပြောရဦးမယ်။ ခေါင်မိုးတွေ ပွင့်ထွက်ကုန်လို့ အိမ်ဟောင်းလောင်းဖြစ်သွားတဲ့ သူတွေရဲ့ ဒုက်ခက ဘယ်လိုလဲ မသိဘူး။ မှန်းလို့တောင် မတက်ပါဘူး။ ရေနစ်တဲ့ နေရာကလူတွေ တဲတွေ နဲ့နေကြတဲ့သူတွေ .. ဘယ်လိုတွေဖြစ်မယ်မသိဘူး။ မနေ့ကတော့ ရေဒီယိုလေးတစ်လုံး ၀ယ်ခဲ့တယ်။ အဲဒါလေးနဲ့ သတင်းလေး ဘာလေး နားထောင်လိုက်ရတယ်။
၃ ရက်နေ့ ဖလိုက်နဲ့ ကာတာသွားမယ့် ညီမလေးလဲ မသွားဖြစ်လိုက်ဘူး။ သူ့ဖလိုက်တွေလည်း ဘယ်လိုလိုက်ပြန်ချိတ်ရမလဲ မသိသေးဘူး။ ရန်ကုန် လေဆိပ်တော့ ဒီမနက်ပြန်ဖွင့်တယ် လို့ သိရပါတယ်။ ယောက်ျားကတော့ ညည်းနေပါတယ်။ သူတို့ ကုမ်ပဏီ ပိတ်ထားရမလားမသိဘူးတဲ့။ အဲလောက် ကားခနဲ့ ၀န်ထမ်းတွေ အလုပ်ဆင်းခိုင်းဖို့လည်း မလွယ်ဘူး။ အဲသည် ဆီဈေးနဲ့ မီးစက်မောင်းပြီး ရုံးဖွင့်ရရင်လည်း သေမှာပဲ တဲ့။ ဖုန်းတွေကလည်း မကောင်းဘူး ....။ တော်တော်များများ ဒုက်ခရောက်ကြဦးမယ်။
Posted by
Maw
at
9:45 PM
0
comments
Labels: နာဂစ်
3 MAY 2008
မနေ့က မသေခဲ့လို့ ဒီနေ့ အွန်လိုင်းဝင်နိုင်ပါတယ်။
၂ ရက်နေ့က ရုံးစောစောဆင်းလို့ရတယ်ပြောပေမယ့် လုပ်စရာတွေ မပြတ်သေး တာကြောင့် ၄ နာ၇ီကျော်မှ ပြန်လာဖြစ်တယ်။ မောင်ရမ်းမင်္ဂလာဆောင်တောင် ယောက်ျားပဲ သွားလိုက်တယ်။ မိုးထဲလေထဲကနေ ရွှဲရွဲစိုပြိး အိမ်ပြန်ရောက်တော့ အိမ်သော့က မနေ့က ၀တ်ခဲ့တဲ့ ကုတ်အကျီ င်္ထဲမှာ ကျန်ခဲ့ပြီဆိုတာ သတိရတယ်။
မိုးကလည်း ကြီး...။ ယောက်ျားကိုလည်း ဖုန်းခေါ်မရ ရေရွဲရွဲစိုနဲ့ အိမ်ပေါက်ဝမှာ ငုတ်တုတ် ၄၅ မိနစ်လောက် စောင့်ရတယ်။
ချမ်းတာနဲ့ လေထဲမိုးထဲ စောစောအိပ်လိုက်တယ်။ တရေးနိုးတော့ ည ၁၁ နာရီ လေတွေ မိုးတွေ ၀ုန်းတိုင်း ကြဲနေပါပြီ။ ပြတင်းမှန်က ချောင်းကြည့်တော့ အုန်းပင်တွေယိမ်းထိုးနေတာတွေ့ရတယ်။ လေတိုက်သံတွေ ကလည်း တရွီးရွီးနဲ့။
ခနနေတော့ မီးတွေ ပျက်သွားပါရော.......။
ည ၂ နာရီဗလာက်ကျတော့ အိမ်ပါ သိမ့်ခနဲ သိမ့်ခနဲ ငလျင်လှုပ်သလို လှုပ်တော့ ပြန်နိုးလာပါတယ်။
ခေါင်မိုးသွပ်ချပ်တွေလည်း လန်ကုန်သွားမပြောတတ်ပါဘူး။ မိုးတွေ လည်း ဟိုနားကယို ဒီနားကယို နဲ့ လင်မယားနှစ်ယောက် ရှိသမျှ ပုံးတွေ ခွက်တွေ ခံရတယ်။ သုတ်စရာ ဂျာနယ်တွေ အပုံလိုက်ကို တစ်အိမ်လုံး လိုက်ခင်း..။ အိပ်ယာထဲလည်း မိုးတွေ ယို..။ နံ၇ံနဲ့ ကပ်နေတဲ့ ဗီဒိုတွေလည်း မိုးယိုမှာ စိုးလို့ ပလပ်စတစ် စကြီးတွေ လိုက်အုပ် နဲ့.. ဗျာများနေရတယ်။ အိမ်ထဲရေ၀င်တာတွေလည်း ခပ်တုတ်ရသေးတယ်။
အပြင် ကလည်း ၀ုန်းဒိုင်းတွေ ကြဲနေပါတယ်။ ဘာတွေ ကျကွဲမှန်းမသိတဲ့ တခွမ်းခွမ်း အသံတွေလည်း ကြားနေရတယ်။ သွပ်မိုးတွေပေါ်ကို ဒလိမ့်တုန်းနဲ့ လာလှီမ့်သလို အသံတွေလည်း ထွက်နေပါတယ်။
တော်တော်ကြမ်းတဲ့ နာဂီပါ။ အိမ်ကို ဖုန်းဆက်ကြည့်တော့ ကံကောင်းစွာ ဖုန်းလိုင်းက ရနေပါတယ်။ အိမ်ကလူတွေလည်း ငုတ်ထုတ်ထထိုင်နေကြတယ်ဆိုပါတယ်။
ကြောက်လိုက်ရတာများ အသက်ပါ ပါပြီမှတ်တာပဲ။.. နေတာက ခြောက်ထပ်တိုက် အပေါ်ဆုံး။ တိုက်က လှုပ်နေတော့ တိုက်များ ပြီုကျရင် ပြီးပါရော မှတ်တာပဲ ။ အောက်ဆင်းပြေးရအောင်ကလည်း အပြင်မှာက ဖြစ်ချင်တိုင်း ဖြစ် အုန်းဒိုင်းကျဲနေတာ။
ဒီဗလာက်ကြီးကြမ်းမယ့်ဟာကို ဘာမှ သတိပေးခြင်းမရှိခဲ့ဘဲ.. မဲရုံ မဲရုံ မဲရုံဆီသို့ ပဲ တချိန်လုံးလုပ်နေခဲ့တာကို တွေးပြီး ဒေါသတွေ ထွက်နေမိပါတယ်။
မနက် ၅ နာရီဗလာက်ကျတော့ နည်းနည်း လင်းလာတာမို့ အပြင်ကို မြင်ရပါတယ်။ လေကတော့ ကြမ်းတုန်းပဲ မို့ မှန်ပေါက်ကခြောင်းကြည့်ုလိုက် ရင် သွ့ပ်ချပ်ကြီးတွေ တ၀ှီးဝှိးလွင့်နေတာ မြင်နေရတယ်။ သစ်ပင်တွေလည်း ကြိုးတဲ့ဟာကြိုး။ လေသံကြီးကလည်း ရွှီးရွီး နဲ့နေတာပဲ။
ဘုရားခန်းလေးကမိုးလွတ်တော့ အဲနားမှာ ဖျာလေးခင်းပြီး မောမောနဲ့ တမှေးမှေးလိုက်ရသေးတယ်။ လူသံတွေ ကြားတော့ ပြန်နိုးလာတော့ မနက် မိုးလင်းနေပြီ။ လေနည်းနည်း ငြိမ်နေတာမို့.. လူတွေ အပြင်ထွက်ပြီး ရုံးစုရုံးစုနဲ့.. စကားတွေ ပြောနေကြပါတယ်။ ရုံးက ဒရိုင်ဘာဆီက ဖုန်းလာတယ်။ ဟန်းဖုန်းနဲ့ ဆက်တာ..။ (လိုင်းဖုန်းတော်တော်များများ ပျက်ကုန်ပါပြီ။ အပင်တွေလဲလို့) သူတို့အိမ်ပေါ် ကုကိုလ်ပင် လဲကျလို့.. ပြားသွားပါသတဲ့.. အိမ်ရှေ့ပိုင်းကို လူတွေ တော့ ဘာမှ မဖြစ်ဘူး ဘေးက အဒေါ်အိမ်မှာ ခဏနေရတယ် အကြောင်းကြားပါတယ်။ နောက်ဝန်ထမ်းတစ်ယောက် ဆီက ဖုန်းလာပြန်ပါတယ်။ အပေါ်ဆုံးထပ်မှာ နေတာမို့ .. အမိုးတွေ ပွင့်ထွက်သွားပြီဆိုပါတယ်။ ဘာမှ မတတ်နိုင်ဘူး...။ ဟုတ်လား။ စိတ်မကောင်းပါဘူး ပဲပြောရတယ်။
ဝမ်းရေးက ရှိသေးတာကြောင့် လေထဲမိုးထဲ ကပဲ ဂတ်စ်မီးဖိုလေးနဲ့ ချက်ပြုတ်စားရတယ်။ အားလုံး ညနေ ၃ နာရီ ခွဲလောက်မှ ငြိမ်သက်သွားပါတယ်။ အင်တာနက်ရှိတဲ့ တဲ့ ရုံးကို သွားချင်လိုက်တာ ရွနေတာပဲ။ ယောက်ျားက မထွက်သင့်သေးဘူး ဆိုလို့.. ပြတင်းပေါက်ကနေဘဲ အပြင်ကိုကြည့်တော့.. ဘုန်းကြီးကျောင်း ခေါင်မိုးတွေ လွင့်ထွက်ကုန်တာ.. အပေါက်တွေ အပေါက်တွေ နဲ့.. အင်တာနာတွေအကုန် ကျိုးကျ.. တိုးလိုး တန်းလန်း.. စလောင်းတေ လည်း ကျိုးတဲ့ဟာကျိုး.. တ၀က်တပျက် တန်းလန်းကြီးတွေ ကျတဲ့ဟာကျ .. အလုံးလိုက်ကြီး လမိးပေါ် ပြုတ်ကျနေတာတွေရော.. တလမ်းလုံး မွစာကြဲနေတာပါပဲ..။
ခေါက်ဆွဲလေး ပြုတ်စားပြီး အရမ်းကို အပြင်ထွက်ချင်နေတာနဲ့ ညနေ ၅ နာရီဗလာက် ထွက်လာခဲ့ပါတယ်။ တားမရတဲ့အဆုံး ယောက်ျားကလည်း သွားချင်ရင်လည်း သွားဆိုပြီး လွှတ်လိုက်ပါတယ်။ သူလည်း မိုးယိုတာ ဘာညာနဲ့ တစ်ညလုံး မအားရတာနဲ့ အိပ်ပျော်သွားတာနဲ့.. တစ်ယောက်တည်း ထွက်ချလာလိုက်တယ်။
နေတာက ဗဟန်း ၂ လမ်းဆိုတော့ လမိးထိပ်ထွက်လိုက်တာနဲ့ ကန်တော်ကြီး ပန်းခြံထဲက သစ်ပင်ကြီးတွေ အတုံးအရုံး လမ်းပေါ်လဲကျပြီးတစ်လမ်းလုံး ရစရာမရှိပါဘူး။ .. တက်စီငှားလို့ရတာနဲ့ ရုံးရှိတဲ့ မြို့ထဲဘက် ထွက်တာ.. လမ်းတိုင်းဟာ သစ်ပင်ကြီးတွေ ပြိုလဲ ထားလို့ ပိတ်နေပါတယ်။ ပြည်လမ်း တစ်လမ်းလုံးလည်း ရစရာမရှိအောင် ပျက်စီးလို့..။ တိုက်တန်းလျားတွေရဲ့ အပေါ်ဆုံးထပ် ခေါင်မိုးတွေ လုံးဝမရှိတော့ဘူး.. ဟောင်းလောင်း.. လူတွေ ဘယ်ရောက်ကုန်သလဲ မသိရ........။
ဓာတ်တိုင်တွေရော သစ်ပင်ကြီးတွေရော အတုံးအရုံးလဲပြီး လမ်းတွေ ဟာ မှတ်မိစရာမရှိအောင် ဖြစ်နေပါတယ်။ အဲဒါတွေ ရှင်းဖို့ ဆို အနည်းဆုံး ၂ ပတ်ကနေ ၃ ပတ်လောက်ကြာနိုင်တယ်။ အဲသည် ဟာကြီးတွေ မရှင်းနိုင်သေးရင် မီးကလည်း ပြန်လာမှာ မဟုတ်ပါဘူး။
ဖုန်းလိုင်းတွေလည်း တော်တော်များများပျက်ပါတယ်။ သစ်ပင်ကြီးတွေ လည်း ချက်ချင်း မဖယ်ရှားနိုင်သေးဘူး။ ဒီမနက် ထပ်ထွက်လာတော့.. အပင်ကြီးတွေ မဖယ်ရှားနိုင်သေးပေမယ့် လမ်းပေါ်လဲကျနေတဲ့ အပိုင်းတွေ လွှဲနဲ့ တိုက်ဖြတ် ထားတော့ တစ်စီးစား သွားလို့ရအောင် လုပ်ပေးထားတာ တွေ့ရတယ်။
အိမ်တွေကတော့ ကိုယ်ထူကိုယ်ထ သွပ်ပြားတွေဝယ် ခေါင်မိုးတွေ ပြန်မိုးဖို့ လုပ်နေကြတာတွေ့ရတာပဲ။ လမ်းတွေ က ပိတ်နေတော့ တစ်နေရာနဲ့ တစ်နေရာ သွားလာဖို့ကမလွယ်ပါဘူး။ ဖုန်းလိုင်းတွေလည်း ပြတ်၊ အင်တနာတွေ ကျိုးစလောင်းတွေပြုတ်ကျ၊ မီးကမလာဆို တော့ ဘာသတင်းမှ မသိရပါဘူး။ ရေဒီယိုလည်း မရပါဘူး။ မြို့ထဲ ကိုယ်နေတဲ့နေရာလောက်ပဲ သိရတယ်။ ကျန်တဲ့အပိုင်းတွေဘာဖြစ်ကြတယ်တော့ မသိရသေးဘူး။
Posted by
Maw
at
8:37 PM
0
comments
Labels: နာဂစ်
Tuesday, February 12, 2008
စက်ရုပ်
ရုံးပြေးလိုက်၊ အိမ်အလုပ်လုပ်လိုက်နဲ့.. တခါတလေ. ယောက်ျားက ဒင်နာရှိတဲ့နေ့တွေ အိမ်သွားစား၊ အဲသလို အဲသလို အလုပ်တွေရှုပ်နေရင်းနဲ့ လူဟာ စက်ရုပ်နဲ့တူလာတယ်..။
အသိစိတ်မပါဘဲ လုပ်စရာရှိတာတွေ လုပ်နေသလိုမျိုးကြီး။ ဟိုတစ်နေ့ကဆိုရယ်ရတယ်။ မနက်ကကိုယ်ရုံးသွားတုန်းမှာ လျှော်စရာအ၀တ်ခြင်းတောင်း ပြည့်နေတာကို တွေ့တယ်။ စိတ်ထဲမှာ ညနေပြန်လာရင် လျှော်မယ် လို့မှတ်ထားတယ်။
ညနေရုံးကပြန်ရောက်တော့.. အောက်ထပ်မှာ ရေတွေလာနေတာတွေ့တော့ ၀မ်းသာအားရတက်သွားတယ်။ (ညဖက်တွေမှ ရေလာတတ်တာ) အပေါ်ရောက်ရောက်ချင်း ရေတင်လိုက်တယ်။ နောက်ဖေးကိုပြေးဝင်၊ အ၀တ်လျှော်စက်ထဲကိုရေတွေဖြည့် .. အော်.. ဆပ်ပြာမှုန့် လို့သတိရတယ်။ ကုန်နေတာကိုလည်း သိတယ်။ မျက်စိလေးဝေ့၀ဲကြည့်လိုက်တော့ ဘေဇင်ပေါ်မှာ အီလန်တစ်ထုတ် ဖောက်ပြီးသားလေး တင်ထားတာတွေ့တယ်။ (ဒါကိုလည်း ခဏလောက်ရပ်ပြီး မစဉ်းစားမိဘူး။ ဆပ်ပြာမှုန့်ဘာ့ကြောင့်ရှိနေလဲ..။ ဖောက်ပြီးသား ဘာလို့ဖြစ်နေလဲ၊ ဘယ်သူသုံးထားလို့လဲ လို့လည်း မတွေးဘူး) ဟား. အတော်ပဲ ဖောက်ပြီးသားလေးဆိုပြီး စက်ထဲထည့်.. မွှေပါတယ်။ ဆပ်ပြာရေရပြီဆိုတော့ အ၀တ်ခြင်းတောင်းသွားယူတယ်။ မရှိတော့ဘူး။ ဟာ... ဆိုပြီးနောက်လှည်ကြည့်လိုက်တော့ အားလုံးလျှော်ပြီး လှမ်းပြီးသား.. အ၀တ်ခြင်းလျှော်တဲ့ ဇလုံက အနားမှာ... ကိုယ်က ရှုပ်လို့ ခြေထောက်နဲ့ ကန်ပြီး ဘေဇင်အောက် တွန်းထုတ်လိုက်သေးတယ်။ တကယ်တော့ ယောက်ျားက စောစောပြန်ရောက်ပြီး လျှော်ထားပြီးသား..။ ပြီးမှ ချိန်းထားတာရှိလို့ ပြန်ထွက်သွားတာ။ ကိုယ်ကမူးရှူးထိုးလုပ်မှာစိုးလို့ လျှော်ပြီးတာသိအောင် လျှော်တဲ့ ဇလုံကို အ၀တ်လျှော်စက်ရှေ့မှာ ကန့်လန့်ချထားခဲ့တာ။ ဆပ်ပြာမှုန့်ထုတ်မရှိတာလည်း သူ့ဟာသူ ၀ယ်ပြီး သုံးလက်စကို ချက်ချင်းမြင်အောင် တင်ထားခဲ့တာ။
သူစိုးရိမ်တဲ့အတိုင်းပဲ.. ပြန်ရောက်ရောက်ချင်း ကိုယ်က စက်ရုပ်တစ်ရုပ်လို ဒလစက်နဲ့ ဆပ်ပြာရည်တွေ ဖျော်ပစ်လိုက်ပြီးမှ လျှော်စရာအ၀တ်မရှိတော့မှန်းသိရတယ်။
ညသူပြန်ရောက်တော့... အဲသလိုတွေ တန်းလုပ်မယ်ဆိုတာသိလို့.. သတိထားမိအောင် တမင် လုပ်ထားခဲ့တာလဲ .. နည်းနည်းပါးပါး စဉ်းစားပါဦးတော့လားတဲ့..။ မရဘူး.. ။ရုံးမှာလည်းသိပ်ရှုပ်တာ အိမ်ရောက်ရင်လည်း ရေလာတုန်း ဒါတွေ ပြေးလုပ်ရတာကို အကျင့်ပါနေတယ်လေ..။ တကယ့် စက်ရုပ်မကြီးလိုဖြစ်နေတယ်။
စိတ်ပျက်စရာ..။
Posted by
Maw
at
12:04 AM
1 comments
Labels: လက်ထပ်ထိမ်းမမြားပြီးစီးခြင်း
Monday, February 11, 2008
အပြင်အလုပ်လုပ်သော အိမ်ထောင်ရှင်မ ဘဝ
မကြာသေးမီက အိမ်ထောင်ပြုလိုက်တဲ့အတွက် ခုတော့ အိမ်ထောင်သည်ဘ၀ကိုရောက်နေပါပြီ။
တချို့သူငယ်ချင်းတွေ ခုနောက်ပိုင်းနှုတ်ဆက်ရင် ဘယ်လိုလဲ.. .အိမ်ထောင်သည်ဘ၀က လို့ မေးကြတယ်။
အရင်နဲ့မတူတဲ့ အပြောင်းအလဲတွေတော့အများကြီး
အရင်က မနက်ဆို အိမ်မှာ ရုံးမသွားခင် breakfast က ready ပဲ။ ဘုရားစင်က သောက်တော်ရေဘာညာက ဖေဖေကလဲပေးပြီးသား။ ပန်းက မေမေလဲပေးထားပြီးသား။ ဘုရားရှိခိုးမယ်ဆိုရင် ဦးချ သွားရုံပဲ။
ကိုယ့်အိမ်မှာတော့ အလုပ်တွေ တာဝန်တွေကပိုလာတယ်။ မနက်စာလည်းလုပ်ရတယ်။ မနက်စာလုပ်တယ်ဆိုတာ အလွယ်ဆုံးကတော့ ကောင်ညှင်းပေါင်းပဲပြုတ် ဆိုတဲ့ အသယ်ခေါ်ဝယ်စားတာမျိုးပေါ့။ ဒါပေမယ့် နေ့တိုင်းလည်းမစားနိုင်ဘူး။ ရှမ်းဆိုင်က တို့ဟူးနွေးလည်းအတူတူပဲ။ အမြဲမစားနိုင်ဘူး။ စားတော်ပဲပြုတ်သယ်ဖြတ်သွားတဲ့အချိန် ကမန်းကတမ်းထ ပဲပြုပ်ဝယ်၊ ထမင်းပူပူလေး ကမန်းကတမ်းချက်၊ ပဲဆီလေးဆမ်းပဲပြုတ်လေးထည့် ဆားလေးထည့် နယ် စားရတဲ့ မနက်စာကလည်း တခါတရံပဲကောင်း၊ နေ့တိုင်းမကောင်း။ သည်တော့.. နေ့တိုင်းစားနေရတဲ့ဒီမနက်စာ စဉ်းစားရတဲ့ အလုပ်က အလွန်ကြီးကို ရှုပ်တာပါပဲ။ ပေါင်မုန့်ဝယ်ထားတယ်။ တူးနာဗူးရယ် မယောနီးစ်ရယ်၊ က ဆန်းဒွတ်ခ်ျ လုပ်စားတယ်။ ကြက်ဥပြုတ်၊ မယောနီးစ်နဲ့ ဆန်းဒွတ်ခ်ျ၊ လုပ်တဲ့တဲ့ ဟာက အဲသည် ၂ မျိုးပဲ။ ဒါလည်း နေ့တိုင်းမရတော့.. ကောင်ညင်းပေါင်းရယ်၊ ပဲပြုတ်ထမင်းနယ်ရယ်၊ ဆန်းဒွတ်ခ်ျရယ်၊ ၀က်အူချောင်းနဲ့ ထမင်းကြော်ရယ်၊ ကို လှည့်ပတ်ပြီး မနက်တိုင်းစားနေရပါတယ်။ သိပ်ပျင်းတာပဲ။ မနက်မနက် အဲဒါ ထလုပ်ရတာ။ မနက်စာစားဖို့ ဘုရားစင်က ဆွမ်းတော်ကလည်းရှိသေးတယ်။ ကော်ဖီကဖျော်ရသေးတယ်။ သည်တော့ စားပြိးရင် ဆေးရမယ့်ပန်းကန်တွေက ဆွမ်းတော်ပန်းကန်ရယ်၊ လူ၂ ယောက်စာပန်းကန်ရယ်၊ ကော်ဖီ ၂ ခွက်၊ ရေနွေးကြမ်းခွက်၊ ကော်ဖီအိုး၊ ထမင်းကြော်သို့မဟုတ် ထမင်းဆီဆမ်းနယ်တဲ့ အိုးတို့ ဇလုံ တို့။ ပျင်းတယ်ပျင်းတယ်။ မလုပ်ချင်ဘူး။ အဟုတ်။
နေ့လည်စာကတော့ စိတ်ကူးပေါက်တဲ့နေ့ ထချက်ပြီး ထမင်းဗူးထည့်တယ်။ မဟုတ်ရင်လည်း တခြားရုံးက စတာ့ဖ်ကန်တင်းကနေပဲ မှာစားလိုက်တယ်။ ညနေစာတော့ စားကောင်းသောက်ဖွယ်ချက်စားဖြစ်ပါတယ်။
အစားအစာကလည်း ဖြစ်သလို မစားတတ်၊ ကောင်းကောင်းလေးပဲ စားချင်တော့ အင်မတန်အလုပ်ရှုပ်ပါတယ်။
ချက်တာကို အစားကောင်းမတ်တော့ စိတ်ပါပေမယ့် ဆေးတာကိုမလုပ်ချင်ဘူး။ လျှော်တာဖွတ်တာကတော့ အ၀တ်လျှော်စက်ရှိတော့ လုပ်ချင်ပါတယ်။ မီးပူတိုက်ကတော့ လုံးဝမှကို စိတ်မ၀င်စားဘူး။ အိမ်မှာ ပန်းအိုးတွေ ဘာတွေ အလှထိုးတာစိတ်ဝင်စားပေမယ့် တမြတ်စည်းလှည်း ကြမ်းတိုက်တဲ့ဟာကိုတော့ လုံးဝမလုပ်ချင်ပါဘူး။ ဘုရားသောက်တော်ရေ ၁၀ခွက်လဲရတာကိုလည်း စိတ်မ၀င်စားဘူး (ကန်တော့ကန့်တော့) အဲဒါကတော့ ယောက်ျားပဲလုပ်တယ်။ သူက ကြုံရင်ကြုံသလို ပန်းကန်ကူဆေးပေးတယ်။ အ၀တ်တွေလျှော်ပေးတယ်။ ရေတင်တာဘာညာ တာဝန်တွေယူတယ်။ ခြောက်သွားတဲ့အ၀တ်တွေ ခေါက်ပေးတယ်။ ချက်တာကတော့သူက အစားအသောက်အတွက် လုံးဝကရိကထများလိုသူမဟုတ်တဲ့အတွက် ဘာမှ မကူပါဘူး။ ချက်တာကို။ ပင်ပန်းလိုက်တာ.. ဘာတွေချက်နေတာလဲ.. သူသာဆို လွယ်လွယ်ပဲစားလိုက်မှာ လို့ လာလာပြောတာကိုလဲ ကိုယ်က စိတ်တိုပါတယ်။ သည်တော့ ကိုယ်ချက်ပြုတ်နေရင် သူ့ဟာသူ အခွေထိုင်ကြည့်ပြီးစောင့်တယ်။
စားသောက်ပြီးရင် တော်တော်ပင်ပန်းသွားပြီ။ နောက်နေ့ထ။ မနက်စာလုပ်၊ ရုံးသွား။ ပြန်လာ လျှော်လိုက်၊ ချက်လိုက်၊ တမြတ်စည်းလေး ထယမ်းချင်ယမ်းလိုက်နဲ့.. အလုပ်တွေရှုပ်လိုက်တာကွာ......................................။ အမေကအိမ်မှာ ခေါ်ခေါ်ခိုင်းတဲ့ အဒေါ်ကြီးတစ်ယောက်ကို စနေတစ်ရက် လွှတ်လွှတ်ပေးတယ်။ မီးပူတိုက်ဖို့.. ။ မနေ့ကတော့ အငယ်မလေး အိမ်လာရှင်းပေးတယ်။ ဗီဒိုထဲက အ၀တ်တွေ ဖွထားလို့တဲ့ မြည်တွန်တောက်တီးသွားလေရဲ့။ ယောက်ခမတောင် တခါမှ လာစစ်ဆေးခြင်းမရှိ၊ ဝေဖန်ပြစ်တင်ခြင်းမရှိ ဒင်းက လာပြောရသလား စိတ်တိုမိပေမယ့်.. သူလာသွားပြီး အိမ်ကတော်တော်လေးရှင်းလင်းပြီး ကြည့်ပျော်ရှုပျော်ရှိသွားတာအမှန်ပဲမို့ အောင့်အည်းသည်းခံရပါတယ်။
အလုပ်တစ်ဖက်နဲ့ အိမ်ထောင်သည်ဘ၀ဟာ တကယ်မလွယ်ပါဘူး။ ဒါတောင် ပူတူတူးတွေ မလာသေးဘူး။ ဟူး..ရှေ့ဆက်ရမယ့် ဘ၀ခရီးကို တွေးရင်း.... ရင်မောလိုက်ပါဘိ။
Posted by
Maw
at
11:10 PM
1 comments
Labels: လက်ထပ်ထိမ်းမမြားပြီးစီးခြင်း
Tuesday, January 29, 2008
မင်္ဂလာဦးဆွမ်းကျွေး ဧည့်ခံပွဲ
မင်္ဂလာဦး ဆွမ်းကျွေးဧည့်ခံပွဲကို ဇန်န၀ါရီလ ၂၆ ရက်နေ့က မင်းကွန်းတိပိဋက ရွှေရတုကျောင်းမှာ ကျင်းပခဲ့ပါတယ်။
နှစ်ဖက် သူငယ်ချင်းအပေါင်းအသင်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ မိဘဆွေမျိုးများရဲ့ အသိုင်းအ၀ိုင်းများ တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။
Posted by
Maw
at
10:45 PM
1 comments
Labels: လက်ထပ်ထိမ်းမမြားပြီးစီးခြင်း
သတို့သမီး၏ အလှအပပြင်ဆင်ခြင်း
မင်္ဂလာဧည့်ခံပွဲ အတွက်ဆိုတော့ ဓာတ်ပုံရိုက်တာရယ်၊ နောင်ပြန်ကြည့်ဖို့ အလှအပ အမှတ်တရ ကျန်ခဲ့ဖို့ရယ်အတွက် လှချင်ပချင်ကလေးကလည်း ရှိသေးတော့... လှလှပပ လုပ်ဖြစ်တယ်ပေါ့။
အစကတော့ မိတ်ကပ်ကိုယ့်ဟာကိုယ်လိမ်းပြီး ရှိပြီးသား ချိတ်တွေ ၀တ်မယ် လို့ ပြီးစလွယ်စိတ်ကူးမိပေမယ့်.. ချစ်စွာသော သူငယ်ချင်းများက ၀တ်စုံသစ်ချုပ်ပါ၊ သူတို့ လက်ဖွဲ့ပါမယ် ဆိုတာကြောင့် ၀တ်စုံအသစ်ချုပ်ရာကနေ.. မိတ်ကပ်တွေ ဆံထုံးတွေ ပန်းတွေ အထိ ချဲ့ဖြစ်သွားပါတယ်။
မှတ်တမ်းအနေနဲ့ ရေးထားရရင်တော့ ၀တ်စုံဖိုးက အောက်ပါအတိုင်းပါ။
ချိတ်လုံချည်က မြမာလာက ၀ယ်ပါတယ်။ ဆိုဈေး ၁သိန်း ၈ သောင်းကို အတူပါလာတဲ့သူငယ်ချင်း က ၁ သိန်းဆစ်လိုက်တာ ခပ်ကြာကြာလေး ဈေးညှိအပြီးမှာ ၁ သိန်း ၂ သောင်းနဲ့ ရလိုက်ပါတယ်။ (ကိုယ့်ဟာကိုယ်ဆို ၁ သိန်းခွဲ လောက်ပဲ ဆစ်မိမှာ)။ မြမာလာ ဆိုရင် ဆစ်နိုင်မှ တန်ကာကျမယ် ဆိုတာပဲ။
ချိတ်ဝယ်ပြီး ထွက်အလာမှာ အရင်က သိကျွမ်းဖူးတဲ့ (ပထမဆုံး ဘွဲ့ယူတုန်းက မိတ်ကပ်လိမ်းဖူးတဲ့ အလှဖန်တီးရှင်) နဲ့ ဆုံပါတယ်။
မင်္ဂလာဆောင်မှာလည်း သိရော၊ ငါလိမ်းပေးမယ်။ နင်လှစေရမယ်.. ဘာညာ ဘာညာ ပေါ့။ နောက်ပြီး ဒီအချိန်ဆောင်တာ သဇင်ပန်သင့်တယ်ပေါ့။ နောက် ၀တ်စုံကို ကိုမြင့်စိုးဆီမှာ အပ်၊ သူလိုက်အပ်ပေးမယ်ပေါ့။ အစစ သူစီစဉ်ပေးမယ့် အဆင့်ကို ရောက်တော့ ကိုယ်လည်း အလုပ်ရှုပ်သက်သာတာနဲ့.. အေး လုပ်ဟာ။ ဆိုပြီး ကိုမြင့်စိုးဆီမှာ အပ်ဖြစ်ပါတယ်။
အပေါ်ဝတ်ဖို့.. ကမာ စ ထပ်ဝယ်တာရယ် ရင်ခံချုပ်ဖို့ အစ ထပ်ဝယ်တာရယ် က ၁ သောင်းလောက်ထပ်ကျတယ်။
ကိုမြင့်စိုးရဲ့ ချုပ်ခ၊ ပုဝါဖိုး၊ စီးကွင့် ဖိုး စုစုပေါင်းက ၅သောင်း ၂ ထောင်ပါ။
အဲသည်တော့ ၀တ်စုံဖိုးက တစ်သိန်းရှစ်သောင်းနဲ့မှ ၂ ထောင် ကျသွားပါတယ်။ (မျက်လုံးပြူးစရာကြီးပေပဲ..နော်)
နောက်တော့ သဇင်ပန်းက တစ်ခတ်ကို ၁၅၀၀ ကျမယ်၊ အခက် ၄၀ လောက် အနည်းဆုံးပန်မှ လှမယ် ဆိုပါတယ်။ တော်ပြီဟာ.. အခတ် ၃၀ လောက်ပဲ လုပ်မယ် ဆိုတော့ နောက်ထပ် (လှစေချင်လွန်းလှတဲ့ ) သူငယ်ချင်းတစ်ယောက်က အခက် ၂၀ ၀ယ်ပြီး လက်ဆောင် ပေးတာကြောင့် .. သဇင်ပန်း အခက် ၅၀ နဲ့ ဝေေ၀ဆာဆာ လှလှပပ ဖြစ်သွားပါတယ်။ လက်ဆောင်ရတာကို အသာထားပြီး ငွေပမာဏနဲ့ တွက်ကြည့်ရင်တော့ ပန်းဖိုးက ၇ သောင်းခွဲ ကျတယ် ဆိုရမယ်။
လက်ဝတ်လက်စားကိစ်စကလည်း အလှဖန်တီးရှင်ကပဲ.. အများကြီးမ၀တ်ချင်ပါဘူးဆိုတာကို အမလေး သတို့သမီးက သတို့သမီးနဲ့ တူအောင် ၀တ်မှဖြစ်မှာပေါ့။ ဆိုပြီးသကာလ သူပဲ စီစဉ်လာပါတယ်။ ဟဲ့.. သိပ်မချဲ့ နဲ့ .. အများကြီးကျနေမယ်နော်.. လို့ အတန်တန် သတိပေးရဲ့နဲ့.. သူ့ကို မိတ်ကပ်ရယ်၊ သဇင်ပန်း အခက် ၃၀ ဖိုးရယ်၊ လက်ကိုင်ပန်းရယ်၊ ရင်ထိုးပန်း ၂ ခုဖိုးရယ်၊ အဲသည် လက်ဝတ်လက်စား စီစဉ်တာရယ် စုစုပေါင်းကို ၁ သိန်း ၄ သောင်း ရှင်းရပါတယ်။
ပေါင်းကြည့်လိုက်တော့ သတို့သမီးတစ်ယောက်ရဲ့ စရိတ်ဟာ စုစုပေါင်း ၃ သိန်းခွဲလောက် ကျသွားတဲ့သဘောပေါ့..။
ပြန်တွက်ကြည့်တော့ နှမျောလိုက်တာ။ ဒါပေမယ့် ဓာတ်ပုံလေးတွေ ပြန်ကြည့်တော့လည်း .. သဇင်ပန်းတွေ ညွတ်ပြီး လှပနေသလို ခံစားရလို့ စိတ်ချမ်းသာရတာပါပဲလေ...။
Posted by
Maw
at
10:38 PM
2
comments
Labels: လက်ထပ်ထိမ်းမမြားပြီးစီးခြင်း